ထားပြလုပ်သောသူတို့၏နေရာသည် ကောင်း စားတတ်၏။ ဘုရားသခင်၏ အာဏာတော်ကိုဆန်သော သူတို့သည် လုံခြုံစွာနေ၍၊ ဘုရားသခင်ပေးတော်မူသော စည်းစိမ်ကို ခံစားတတ်ကြ၏။
ယောဘဝတ္တု။ 34:36 - Common Language Bible ယောဘသည် မတရားသော သူကဲ့သို့ ပြန်ပြော တတ်သောကြောင့်၊ အဆုံးတိုင်အောင် စုံစမ်းစေခြင်းငှါ ငါအလိုရှိ၏။ Garrad Bible ယော ဘ သည် ဒု စ ရိုက် သား တို့ ကဲ့ သို့ တုံ့ ပြန် တတ် သော ကြောင့်၊ စုံ စမ်း ခြင်း ကို အ စဉ် ခံ ရ ပါ စေ သော။ Judson Bible ယောဘသည် မတရားသောသူကဲ့သို့ ပြန်ပြောတတ်သောကြောင့်၊ အဆုံးတိုင်အောင် စုံစမ်းစေခြင်းငှာ ငါအလိုရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း ယောဘသည် အပြစ်ဒုစရိုက်သားကဲ့သို့ တုံ့ပြန်ပြောဆိုသည်ဖြစ်၍ အဆုံးထိစစ်ဆေးခြင်းခံရတော့မည်။ |
ထားပြလုပ်သောသူတို့၏နေရာသည် ကောင်း စားတတ်၏။ ဘုရားသခင်၏ အာဏာတော်ကိုဆန်သော သူတို့သည် လုံခြုံစွာနေ၍၊ ဘုရားသခင်ပေးတော်မူသော စည်းစိမ်ကို ခံစားတတ်ကြ၏။
လူဆိုးတို့သည် အသက်ရှင်ရုံမျှမက၊ အဘယ်ကြောင့် အသက်ကြီး၍ ဘုန်းစည်းစိမ်နှင့် ပြည့်စုံကြ သနည်း။
ဘုရားသခင်သည် ငါ့စိတ်ပျက်စေခြင်းငှါ၎င်း၊ အနန္တတန်ခိုးရှင်သည် ငါကြောက်ရွံ့စေခြင်းငှါ ပြုတော် မူ၏။
အနန္တတန်ခိုးရှင်သည် အဘယ်ကြောင့် ကာလအချိန်တို့ကို သိုထားတော်မမူသနည်း။ နားလည်သော သူတို့သည် တရားစီရင်တော်မူရာ နေ့ရက်ကိုအဘယ်ကြောင့် မမြင်ရသနည်း။
ဒုစရိုက်ကိုပြုသည်သာမက၊ ပုန်ကန်သော အပြစ်ရှိသေး၏။ ငါတို့တွင် အောင်ပွဲကိုခံ၍၊ ဘုရားသခင် ကို ပြစ်မှားသောစကားနှင့် များစွာပြော တတ်သည်ဟု မြွက်ဆို၏။
ကိုယ်တော်သည်ကျွန်တော်မျိုး၏စိတ်နှလုံးကို သိတော်မူပါ၏။ ညဥ့်အခါ၌ကျွန်တော်မျိုးထံသို့ကြွလာ၍ ကျွန်တော်မျိုး၏စိတ်နှလုံးကိုသေချာစွာ စစ်ဆေးကြည့်တော်မူသောအခါ ဆိုးယုတ်သောအကြံအစည်ကိုတွေ့ရှိတော် မမူပါ။ ကျွန်တော်မျိုးသည်အခြားသူတို့ကဲ့သို့ ညစ်ညမ်းသည့် စကားကိုမပြောမဆိုပါ။ ကိုယ်တော်၏ပညတ်တော်ကိုလိုက်လျှောက်ပါ၏။ အဋ္ဌမ္မလမ်းစဉ်ကိုမလိုက်မလျှောက်ခဲ့ပါ။
အို ထာဝရဘုရား၊ ကျွန်တော်မျိုးအားစမ်းသပ်စစ်ဆေးတော်မူပါ။ ကျွန်တော်မျိုး၏အလိုဆန္ဒများနှင့်စိတ်နှလုံး အကြံအစည်များကိုစစ်ကြောတော်မူပါ။
သူတို့သည်ခံနိုင်ရည်ရှိသူများဖြစ်သဖြင့် သူတို့အားမင်္ဂလာရှိသူများဟူ၍ငါတို့ ခေါ်ကြ၏။ ယောဘမည်သို့ခံနိုင်ရည်ရှိသည် ကိုသင်တို့ကြားသိခဲ့ကြလေပြီ။ နောက်ဆုံး၌ သူ့အားထာဝရဘုရားအဘယ်သို့ကြည့်ရှု တော်မူကြောင်းကိုလည်းသင်တို့သိကြ၏။ အဘယ်ကြောင့်ဆိုသော်ထာဝရဘုရား သည် သနားကြင်နာတော်မူ၍ကရုဏာ တော်နှင့်ပြည့်စုံတော်မူသောအရှင်ဖြစ် တော်မူသောကြောင့်တည်း။