ထာဝရဘုရားသည်ယေရောဗောင်၏မင်း ဆက်ကိုပျက်သုဉ်းစေမည့်မင်းတစ်ပါးအား ဣသရေလပြည်တွင်အုပ်စိုးစေတော်မူလိမ့် မည်။-
ယောဘဝတ္တု။ 34:24 - Common Language Bible အားကြီးသောသူတို့ကိုပင် မစစ်ကြောဘဲ ချိုးဖျက်၍၊ သူတို့အရာ၌ အခြားသောသူကို ခန့်ထားတော်မူ ၏။ Garrad Bible တန် ခိုး ကြီး သူ တို့ ကို ပင် မ စစ် ကြော ဘဲ ချိုး ဖဲ့၍၊ အ ရိုက် အ ရာ တွင်၊ သူ တ ထူး တို့ ကို ခန့် ထား တော် မူ၏။ Judson Bible အားကြီးသောသူတို့ကိုပင် မစစ်ကြောဘဲ ချိုးဖျက်၍၊ သူတို့အရာ၌ အခြားသောသူကို ခန့်ထားတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း တန်ခိုးအာဏာကြီးသူတို့ကိုပင် စစ်ဆေးစရာမလိုဘဲ ဖယ်ရှားပြီး သူတို့နေရာတွင် အခြားသူတို့အား ခန့်ထားတော်မူ၏။ |
ထာဝရဘုရားသည်ယေရောဗောင်၏မင်း ဆက်ကိုပျက်သုဉ်းစေမည့်မင်းတစ်ပါးအား ဣသရေလပြည်တွင်အုပ်စိုးစေတော်မူလိမ့် မည်။-
သင်သည်လူမျိုးတကာတို့ကိုသံလှံတံဖြင့် အုပ်စိုးလိမ့်မည်။ သူတို့အားမြေအိုးကိုခွဲသကဲ့သို့ အစိတ်စိတ်အမြွှာမြွှာဖြစ်စေလိမ့်မည်' ဟု မိန့်တော်မူပါ၏'' ဟူ၍ဆို၏။
မင်းကြီးသည်ဆင်းရဲသူတို့အားမျှတစွာ တရားစီရင်ဆုံးဖြတ်ပါစေသော။ ချို့တဲ့နွမ်းပါးသူတို့အားကူမတော်မူပါ စေသော။ ဖိစီးနှိပ်စက်သူတို့အားနှိမ်နင်းတော်မူပါ စေသော။
အို ထာဝရဘုရား၊ သူတို့သည်ကိုယ်တော်ရှင်၏လူစုတော်ကို နှိပ်ကွပ်ကြပါ၏။ ကိုယ်တော်ပိုင်တော်မူသောလူတို့အား ဖိစီးနှိပ်စက်ကြပါ၏။
မင်းကြီးသည်မိမိ၏နိုင်ငံရှိခံတပ်သို့ပြန် သွားလိမ့်မည်။ သို့ရာတွင်သူသည်အရေး ရှုံးနိမ့်ကာကွယ်ပျောက်သွားလိမ့်မည်။
ကိုယ်တော်သည်အချိန်ကာလနှင့်ရာသီဥတု တို့ကို အစိုးရတော်မူ၏။ ဘုရင်တို့အားနန်းတင်နန်းချတော်မူ၏။ ကိုယ်တော်သည်လူတို့အားဉာဏ်ပညာနှင့် အသိတရားကိုပေးတော်မူ၏။
``တစ်စုံတစ်ယောက်သောသူသည် မိမိ၏ကျွန်မ ကိုအခြားတစ်ယောက်အားမယားငယ်အဖြစ် ရောင်းရန်ကတိပေးပြီးနောက် ဝယ်သူကထို ကျွန်မအတွက်ငွေမပေးရသေးမီမူလ ပိုင်ရှင်သည် ကျွန်မနှင့်ကာမစပ်ယှက်လျှင်သူ တို့နှစ်ဦးအားသေဒဏ်မစီရင်ရ။ အခြား အပြစ်ဒဏ်ကိုသာစီရင်ရမည်။ အဘယ် ကြောင့်ဆိုသော်ထိုကျွန်မကိုသူပိုင်နေ သေးသောကြောင့်ဖြစ်သည်။-
ရှမွေလက``ထာဝရဘုရားသည်ယနေ့ပင် ဣသရေလနိုင်ငံကိုသင့်ထံမှဆွဲယူကာ သင့်ထက်ကောင်းမြတ်သူတစ်ဦး၏လက်သို့ ပေးအပ်တော်မူလေပြီ။-