ထို့ကြောင့်ဣသရေလဘုရင်သည်ထိုအရပ်တွင် နေထိုင်သူတို့အား ကြိုတင်သတိပေး၍သတိ ဝိရိယနှင့်စောင့်နေစေ၏။ ဤသို့ဖြစ်ပျက်သည် မှာအကြိမ်ကြိမ်အဖန်ဖန်ပင်ဖြစ်သတည်း။
ယောဘဝတ္တု။ 33:29 - Common Language Bible ထိုသို့ဘုရားသခင်သည် လူတို့၌ ရံခါရံခါစီရင် တော်မူသဖြင့်၊ Garrad Bible ထို အ ရာ ရှိ သ မျှ ကို ဘု ရား သ ခင် စီ ရင် တော် မူ သည် မှာ၊ သင်္ချိုင်း တွင်း မှ အ သက် ကို နုတ် ပြန် တော် မူ၍၊ သ ဇီ ဝ အ လင်း နှင့် ထွန်း ပေါ် စေ ခြင်း ငှာ၊ နှစ် ကြိမ်၊ မု ချ အား ဖြင့် သုံး ကြိမ် မြောက် ပင် လူ၌ ပြု တော် မူ ၏။ Judson Bible ထိုသို့ဘုရားသခင်သည် လူတို့၌ ရံခါရံခါစီရင်တော်မူသဖြင့်၊ မြန်မာ့စံမီသမ္မာကျမ်း ကြည့်ရှုလော့။ ဘုရားသခင်သည် ဤအမှုအလုံးစုံကို လူတို့အဖို့ နှစ်ကြိမ်၊ သုံးကြိမ်မက ပြုတော်မူပြီ။ |
ထို့ကြောင့်ဣသရေလဘုရင်သည်ထိုအရပ်တွင် နေထိုင်သူတို့အား ကြိုတင်သတိပေး၍သတိ ဝိရိယနှင့်စောင့်နေစေ၏။ ဤသို့ဖြစ်ပျက်သည် မှာအကြိမ်ကြိမ်အဖန်ဖန်ပင်ဖြစ်သတည်း။
တကြိမ်ပြောမိပါပြီ။ တဖန်မပြောဝံ့ပါ။ နှစ်ကြိမ်တိုင်အောင် ပြောမိပါပြီ။ သို့ရာတွင် ထပ်၍မပြောဝံ့ပါဟု ထာဝရဘုရားအား ပြန်၍ လျှောက်လေ၏။
အမှုတော်ဆောင်ရန်စွမ်းရည်အမျိုးမျိုးရှိသော် လည်း လူအသီးသီး၌ရှိသောစွမ်းရည်များကို ပေးတော်မူသောအရှင်ကားတစ်ပါးတည်းရှိ၏။-
ထိုဝေဒနာကိုဖယ်ရှားပေးတော်မူရန်ငါ သည်သခင်ဘုရားထံတော်သို့သုံးကြိမ် တိုင်တိုင်ဆုတောင်းပတ္ထနာပြုခဲ့၏။ သို့ရာ တွင်ကိုယ်တော်က ``ငါ၏ကျေးဇူးတော်ကို သာလျှင်သင်လိုအပ်ပေသည်။ သင်အား နည်းသောအခါငါ့တန်ခိုးသည်အထင် ရှားဆုံးဖြစ်၏'' ဟုဖြေကြားတော်မူ၏။-
ဤသို့ပြောင်းလဲစေရန်ငါတို့ကိုပြင်ဆင် ပေးသောအရှင်ကားဘုရားသခင်ပေတည်း။ ငါတို့ခံစားစေရန်ကိုယ်တော်၏ဆုကျေးဇူး အပေါင်းအတွက် အာမခံချက်အဖြစ်ဖြင့် ဝိညာဉ်တော်ကိုငါတို့အားပေးတော်မူပြီ။
ခပ်သိမ်းသောအရာတို့သည်ဘုရားသခင်၏ အကြံအစည်တော်နှင့်အညီကိုယ်တော်စီရင် ဆုံးဖြတ်တော်မူသည်အတိုင်းဖြစ်ပျက်ကြ ရ၏။ ဘုရားသခင်သည်မိမိအလိုတော် အရရှေးမဆွက ပြုတော်မူသည့်စီရင် ဆုံးဖြတ်ချက်ကိုအခြေခံ၍ ငါတို့အား ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်စေ လျက် မိမိ၏လူစုတော်အဖြစ်ဖြင့်ရွေး ချယ်တော်မူပေသည်။-
ဤတာဝန်လုပ်ငန်းကိုငါကြိုးပမ်းလုပ်ဆောင် လျက်ရှိစဉ်ခရစ်တော်သည် ငါ့အားကြီးမား သောတန်ခိုးစွမ်းရည်ကိုပေးတော်မူသည်။ ထို တန်ခိုးစွမ်းရည်သည်ငါ၏အထဲ၌လုပ် ဆောင်လျက်ရှိ၏။