ယောဘဝတ္တု။ 33:15 - Common Language Bible လူသည်အိပ်ရာပေါ်မှာငိုက်လျက် အိပ်ပျော် လျက်နေသောအခါ အိပ်မက်မြင်၍၊ ညဉ့်ရူပါရုံကို ခံရသောအားဖြင့်၊ Garrad Bible အိပ် ရာ ပေါ် တွင် လူ တို့ ငိုက် မျဉ်း လျက်၊ အိပ် မော ကျ ရာ ညဉ့် အ ခါ။ ရူ ပါ ရုံ အိမ် မက်၌၊ Judson Bible လူသည် အိပ်ရာပေါ်မှာငိုက်လျက် အိပ်ပျော်လျက်နေသောအခါ အိပ်မက်မြင်၍၊ ညရူပါရုံကို ခံရသောအားဖြင့်၊ မြန်မာ့စံမီသမ္မာကျမ်း လူတို့ နှစ်ခြိုက်စွာအိပ်ပျော်နေချိန်၊ အိပ်ရာထက်၌ အိပ်မောကျနေချိန် အိပ်မက်ထဲ၊ ညအချိန်မြင်ရသောစိတ်အာရုံထဲတွင် |
ညအခါအိပ်မက်ထဲ၌ဘုရားသခင်က``သင် သည်ဤမိန်းမကိုသိမ်းပိုက်သဖြင့်သေရမည်။ သူသည်လင်ရှိမယားဖြစ်သည်'' ဟုအဘိ မလက်အားမိန့်တော်မူ၏။
ထိုနေ့ည၌အိပ်မက်ထဲတွင်ဘုရားသခင် သည်လာဗန်ထံသို့ကြွလာတော်မူ၍``သင် သည်ယာကုပ်အားမည်သို့မျှခြိမ်းခြောက်ခြင်း မပြုမိရန်သတိပြုလော့'' ဟုမိန့်တော်မူ၏။-
ညအချိန်၌သူမြင်ရသောရူပါရုံတွင် ဘုရားသခင်က``ယာကုပ်၊ ယာကုပ်'' ဟုခေါ် တော်မူ၏။ ``အကျွန်ုပ်ရှိပါသည်အရှင်ဘုရား'' ဟု ယာကုပ်ထူးလေ၏။
လူတို့သည်ကြီးစွာသော အိပ်ပျော်ခြင်းသို့ရောက်၍၊ ထူးဆန်းသောရူပါရုံထင်ရှားရာ ကာလညဉ့်အချိန်၌ ငါအောက်မေ့စဉ်တွင်၊
အိပ်မက်ကိုမြင်မက်သည့်ပရောဖက်သည် မိမိ မြင်မက်သည့်အရာမှာအိပ်မက်မျှသာဖြစ် ကြောင်းပြောကြားသင့်၏။ သို့ရာတွင်ငါ၏ ဗျာဒိတ်တော်ကိုကြားသည့်ပရောဖက်မူကား ထိုဗျာဒိတ်တော်ကိုသစ္စာနှင့်ပြန်ကြားရ၏။ ဂျုံ ဆန်နှင့်နှိုင်းစာသော်ကောက်ရိုးသည်အဘယ် မျှအသုံးဝင်သနည်း။-
နေဗုခဒ်နေဇာမင်းသည်နန်းစံဒုတိယ နှစ်တွင် အိပ်မက်ကိုမြင်မက်၍လွန်စွာစိတ် ပူပန်သဖြင့်စက်တော်ခေါ်၍မရ။-
ဘုရားသခင်သည်ထိုညဥ့်၌ပင်လျှင်ဗျာဒိတ် ရူပါရုံတွင် ခက်ခဲနက်နဲသောအိပ်မက်ကို ဒံယေလအားရှင်းလင်းဖော်ပြတော်မူ၏။ ထိုအခါဒံယေလသည်ကောင်းကင်ဘုံရှင် ဘုရားသခင်၏ကျေးဇူးတော်ကိုဤသို့ ချီးမွမ်းလေ၏။
ကြောက်မက်ဖွယ်ကောင်းသောအိပ်မက်ကို မြင်မက်၍ ထိတ်လန့်ဖွယ်ရာရူပါရုံများ ကိုမြင်ရ၏။-
သူဤသို့ပြောနေစဉ်ငါသည်မေ့မြော၍ မြေပေါ်သို့လဲကျသွားလေသည်။ သို့ရာ တွင်သူသည်ငါ့အားဆွဲကိုင်ထူမပြီး လျှင်၊-
``ငါမိန့်တော်မူသမျှကိုနားထောင်လော့။ သင် တို့တွင်ပရောဖက်များရှိသောအခါ ငါသည် သူတို့အားအိပ်မက်အားဖြင့်သော်လည်းကောင်း၊ ရူပါရုံအားဖြင့်သော်လည်းကောင်းဗျာဒိတ် ပေး၏။-
ဟေရုဒ်မင်းထံသို့မပြန်ကြရန်အိပ်မက်တွင် ဘုရား သခင်သတိပေးတော်မူသဖြင့် သူတို့သည်အခြား လမ်းဖြင့်မိမိတို့တိုင်းနိုင်ငံသို့ပြန်သွားကြ၏။
ပိလတ်မင်းသည်တရားခွင်တွင်ထိုင်လျက်နေစဉ် သူ၏ဇနီးသည်လူတစ်ယောက်ကိုစေလွှတ်၍ ``ထို အပြစ်ကင်းသူနှင့်ပတ်သက်၍မည်သည့်အရာ ကိုမျှမပြုပါနှင့်။ အကျွန်ုပ်သည်ယမန်ညက အိပ်မက်တွင်သူ၏အတွက်စိတ်ဒုက္ခများစွာ ရောက်ရပါ၏'' ဟုပြောစေ၏။
အတိတ်ကာလ၌ဘုရားသခင်သည်ငါတို့ ဘိုးဘေးတို့အားအကြိမ်ပေါင်းများစွာ နည်း အမျိုးမျိုးဖြင့်ပရောဖက်များမှတစ်ဆင့် ဗျာဒိတ်ပေးတော်မူ၏။-