ယောဘ၏ အဆွေခင်ပွန်းသုံးယောက်တို့သည် ပြန်၍မပြောနိုင်သော်လည်း၊ ယောဘ၌ အပြစ်ရှိသည်ဟု စီရင်ကြသောကြောင့်၊ သူတို့ကိုလည်း အမျက်ထွက်၏။
ယောဘဝတ္တု။ 32:4 - Common Language Bible ဧလိဟုသည် သူတို့ထက်အသက်ငယ်သော ကြောင့်၊ ယောဘပြောသော စကားမကုန်မှီတိုင်အောင် ဆိုင်းလင့်လျက်နေ၏။ Garrad Bible ထို သူ တို့ သည် ဧ လိ ဟု ထက် အ သက် ကြီး သည် နှင့် အ ညီ၊ ယော ဘ အား ပြော ခွင့် ရ ရန် ဧ လိ ဟု ဆိုင်း လင့် သော် လည်း၊ Judson Bible ဧလိဟုသည် သူတို့ထက် အသက်ငယ်သောကြောင့်၊ ယောဘပြောသော စကားမကုန်မီတိုင်အောင် ဆိုင်းလင့်လျက်နေ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုသူတို့သည် ဧလိဟုထက်အသက်ကြီးသောကြောင့် ဧလိဟုသည် ယောဘနှင့်စကားပြောရဖို့ စောင့်နေရ၏။ |
ယောဘ၏ အဆွေခင်ပွန်းသုံးယောက်တို့သည် ပြန်၍မပြောနိုင်သော်လည်း၊ ယောဘ၌ အပြစ်ရှိသည်ဟု စီရင်ကြသောကြောင့်၊ သူတို့ကိုလည်း အမျက်ထွက်၏။
အကျိုးအကြောင်းကို မစစ်မှီ၊ အမှုစီရင်သော သူသည်မိုက်သော အပြစ်၊ အရှက်ကွဲရသောအပြစ်ရှိ၏။
အဝတ်ကို ဆုတ်ရသောအချိန်နှင့် ချုပ်ရသော အချိန်လည်းရှိ၏။ တိတ်ဆိတ်စွာနေသောအချိန်နှင့်၊ စကားပြောရသော အချိန်လည်းရှိ၏။
``အသက်ကြီးသူတို့ကိုရိုသေကိုင်းရှိုင်းရမည်။ ငါ့ကိုကြောက်ရွံ့ရိုသေရမည်။ ငါသည်ထာဝရ ဘုရားဖြစ်တော်မူ၏။