သို့သော်လည်းငါသွားသောလမ်းကို သိတော်မူ၏။ စစ်တော်မူခြင်းကို ခံပြီးမှ၊ ရွှေကဲ့သို့ငါပေါ်လိမ့်မည်။
ယောဘဝတ္တု။ 31:6 - Common Language Bible မှန်သောချိန်ခွင်၌ ငါ့ကိုချိန်ပါစေ။ ဘုရားသခင်သည် ငါဖြောင့်မတ်ခြင်းကို သိတော်မူပါစေ။ Judson Bible မှန်သောချိန်ခွင်၌ ငါ့ကိုချိန်ပါစေ။ ဘုရားသခင်သည် ငါဖြောင့်မတ်ခြင်းကို သိတော်မူပါစေ။ မြန်မာ့စံမီသမ္မာကျမ်း ဖြောင့်မတ်ခြင်းချိန်ခွင်ဖြင့် ချိန်စက်ကြည့်ပါစေ။ ငါဖြောင့်မတ်တည်ကြည်ကြောင်းကို ဘုရားသခင် သိတော်မူလိမ့်မည်။ |
သို့သော်လည်းငါသွားသောလမ်းကို သိတော်မူ၏။ စစ်တော်မူခြင်းကို ခံပြီးမှ၊ ရွှေကဲ့သို့ငါပေါ်လိမ့်မည်။
ထိုသို့ယောဘသည် မိမိဖြောင့်မတ်သည်ဟု ထင်သောကြောင့်၊ ထိုသူသုံးယောက်တို့သည် ပြန်၍ မပြောဘဲနေကြ၏။
ငါဝမ်းနည်းခြင်းအကြောင်းကို သေချာစွာ ချိန်တွယ်ပါစေ။ ငါခံရသောဒုက္ခများကိုလည်း ချိန်ခွင်၌ စုထားပါစေ။
ထာဝရဘုရားသည်သူတော်ကောင်းများကိုပို့ဆောင်စောင့်ထိန်းတော်မူလိမ့်မည်။ သူယုတ်မာတို့မူကားဆုံးရှုံးပျက်စီးရကြလိမ့်မည်။
အို ဘုရားသခင်၊ ကျွန်တော်မျိုးကိုစစ်ဆေးတော်မူ၍ကျွန်တော်မျိုး၏ စိတ်နှလုံးကိုသိမှတ်တော်မူပါ။ ကျွန်တော်မျိုးကိုစစ်ကြောတော်မူ၍ကျွန်တော်မျိုး၏ အကြံအစည်များကိုသိမှတ်တော်မူပါ။
အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်မှန်ရာကိုပြုကျင့်၍ ကိုယ်တော်အားအကြွင်းမဲ့ကိုးစားသူဖြစ် ပါ၏။ ထို့ကြောင့်ကျွန်တော်မျိုးမှာအပြစ်မရှိကြောင်း ထုတ်ဖော်ကြေညာတော်မူပါ။
မှန်သောအလေးနှင့် မှန်သောချိန်ခွင်သည် ထာဝရဘုရား၏ဥစ္စာဖြစ်၏။ အလေးအိတ်၌ပါသမျှသော အလေးတို့သည် စီရင်တော်မူရာ ဖြစ်ကြ၏။
လူတို့သည်မိမိတို့ ကျင့်သမျှသော အကျင့်တို့ကို နှစ်သက်တတ်၏။ ထာဝရဘုရားမူကား၊ စိတ်နှလုံးတို့ကို ချိန်တော်မူ၏။
အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည် သူတော်ကောင်းတို့လမ်းကိုဖြောင့်စေတော်မူပါ၏။ သူတို့သွားရသောခရီးလမ်းသည်လည်းညီညာ ပါ၏။
အလေးချိန်ဟူသောစကား၏အနက်အဋ္ဌိပ္ပါယ် မှာ အရှင့်အားချိန်ခွင်တွင်ချိန်တွယ်၍ အလေး ချိန်လျော့နည်းနေကြောင်းတွေ့ရှိတော်မူပြီ ဟူ၍ဖြစ်ပါ၏။-
မမှန်ကန်သောအလေးချိန်ခွင်ကိုသုံးစွဲ သူတို့အား ငါသည်မည်ကဲ့သို့အပြစ်လွှတ် နိုင်မည်နည်း။-
ထိုအခါ `ဆိုးသွမ်းသူတို့၊ သင်တို့ကိုအဘယ် အခါကမျှငါမသိ။ ငါ့ထံမှထွက်သွား ကြလော့' ဟုထိုသူတို့အားငါပြောမည်။
သို့ရာတွင်ဘုရားသခင်ချထားတော်မူ သည့်အုတ်မြစ်သည်ခိုင်ခံ့လျက်ရှိပေသည်။ ထိုအုတ်မြစ်ပေါ်တွင်``ထာဝရဘုရားသည် မိမိ၏လူစုတော်အားသိတော်မူ၏'' ဟူ၍ လည်းကောင်း၊``သခင်ဘုရား၏နာမတော်ကို ခံရသူအပေါင်းတို့သည်မကောင်းမှုကို ရှောင်ကြဉ်ရကြမည်'' ဟူ၍လည်းကောင်း ကမ္ပည်းရေးထိုး၍ထားသတည်း။
``တန်ခိုးကြီးသောအရှင်သည်ဘုရားဖြစ် တော်မူ၏။ ကိုယ်တော်သည်ထာဝရဘုရား ဖြစ်တော်မူ၏။ တန်ခိုးကြီးသောအရှင်သည် ဘုရားဖြစ်တော်မူ၏။ ကိုယ်တော်သည်ထာဝရ ဘုရားဖြစ်တော်မူ၏။ ငါတို့၏ယဇ်ပလ္လင်ကို အဘယ်ကြောင့်တည်ရကြောင်းကိုကိုယ်တော် သိတော်မူ၏။ သင်တို့အားလည်းသိစေလို ပါသည်။ ငါတို့သည်ထာဝရဘုရားအား ပုန်ကန်၍ သစ္စာတော်ကိုမစောင့်ထိန်းလျှင် အသက်ချမ်းသာခွင့်မပေးပါနှင့်။-
ထာဝရဘုရားသည်သဗ္ဗညုတဉာဏ်နှင့် ပြည့်စုံတော်မူ၍၊ လူတို့ပြုသောအမှုရှိသမျှကိုစစ်ဆေး စီရင်တော်မူသည်ဖြစ်ရာ၊ သင်တို့သည်ကျယ်လောင်စွာကြွားဝါမှုကို မပြုကြနှင့်။ မောက်မာသောစကားကိုနှုတ်မှမထွက်စေနှင့်။