သူတို့သည်အလုပ်လုပ်ခြင်းငှါ တော၌ရိုင်းသော မြည်းကဲ့သို့ ထွက်ရကြ၏။ စားစရာကိုရှာခြင်းငှါ နံနက် စောစောသွား၍၊ ကိုယ်အဘို့နှင့် သားသမီးတို့အဘို့ကို တော၌တွေ့ရကြ၏။
ယောဘဝတ္တု။ 30:3 - Common Language Bible ဆင်းရဲငတ်မွတ်သောကြောင့်၊ သူတပါးများနှင့် မပေါင်းဘော်။ နက်နဲသောတောအရပ်နှင့် လူဆိတ်ညံရာ အရပ်သို့ ပြေးကြ၏။ Garrad Bible ထို သူ တို့ သည် မွတ် သိပ် ခြင်း၊ ဆင်း ရဲ ခြင်း များ ကြောင့် ပိန် ကြုံ၍၊ ယ မန် အ ခါ က ဆိတ် ညံ ရာ လ ဟာ ဖြစ် သော တော၌၊ သဲ ကို ကိုက် စား ရ ကြ၏။ Judson Bible ဆင်းရဲငတ်မွတ်သောကြောင့်၊ သူတစ်ပါးများနှင့် မပေါင်းဖော်။ နက်နဲသောတောအရပ်နှင့် လူဆိတ်ညံရာအရပ်သို့ ပြေးကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ဆင်းရဲငတ်မွတ်သောကြောင့် ပိန်ချုံးကြ၏။ ညအချိန်တွင် ပျက်စီးဆိတ်သုဉ်းရာ ခြောက်သွေ့သောမြေသို့ ပြေးသွားကြ၏။ |
သူတို့သည်အလုပ်လုပ်ခြင်းငှါ တော၌ရိုင်းသော မြည်းကဲ့သို့ ထွက်ရကြ၏။ စားစရာကိုရှာခြင်းငှါ နံနက် စောစောသွား၍၊ ကိုယ်အဘို့နှင့် သားသမီးတို့အဘို့ကို တော၌တွေ့ရကြ၏။
သူသည်လူ့အသိုင်းအဝိုင်းမှနှင်ထုတ်ခြင်း ကိုခံရကာတိရစ္ဆာန်စိတ်ပေါက်၍လာလေ သည်။ မြည်းရိုင်းတို့နှင့်အတူနေထိုင်၍နွား ကဲ့သို့မြက်ကိုစားခဲ့ရပါ၏။ အကွယ် အကာမရှိဘဲဆီးနှင်းတောတွင်စက်တော် ခေါ်ခဲ့ရလေသည်။ နောက်ဆုံး၌အမြင့်မြတ် ဆုံးသောဘုရားသခင်သည်လောကီနိုင်ငံ တို့ကိုအစိုးရတော်မူ၍ မိမိအလိုရှိသူ မည်သူအားမဆိုဤနိုင်ငံများကိုပေး တော်မူနိုင်ကြောင်းကိုမင်းကြီးဝန်ခံတော် မူခဲ့ပါ၏။-
ကမ္ဘာလောကသည်ထိုသူတို့နှင့်မထိုက်မတန် ပါတကား။ သူတို့သည်လိုဏ်ဂူများနှင့်မြေ တွင်းများတွင်နေထိုင်ကြလျက်တောကန္တာရ များနှင့်တောင်ပေါ်ဒေသများသို့လှည့်လည် သွားလာရကြ၏။