ယောဘဝတ္တု။ 30:11 - Common Language Bible ဘုရားသခင်သည် ငါ့ကိုလေးနှင့်ပစ်၍ ညှဉ်းဆဲ တော်မူသောကြောင့်၊ သူတို့သည် ငါ့ရှေ့မှာ ဇက်ကြိုးကို လွှတ်တတ်ကြ၏။ Garrad Bible အ သို့ ဆို သော်၊ ငါ့ လေး ညှို့ ကို လျော့၍၊ ငါ့ ကို နှိမ့် ချ တော် မူ သည့် အ တိုင်း၊ ထို သူ တို့ သည် ငါ့ ရှေ့ တွင် ပါး ချပ် ကြိုး ကို ချွတ် ကြ ခဲ့ ပြီ။ Judson Bible ဘုရားသခင်သည် ငါ့ကိုလေးနှင့်ပစ်၍ ညှဉ်းဆဲတော်မူသောကြောင့်၊ သူတို့သည် ငါ့ရှေ့မှာဇက်ကြိုးကို လွှတ်တတ်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် ငါ့လေးကြိုးကို လျော့ရဲစေ၍ ငါ့ကို ဒုက္ခရောက်စေ၏။ သူတို့သည်လည်း ငါ့ရှေ့တွင် ဇက်ကြိုးကို ဖြတ်တောက်ပစ်ကြ၏။ |
သင်သည်ဇက်နှင့်ဇက်ကြိုးဖြင့်ထိန်းရသော မြင်းသို့မဟုတ်လားကဲ့သို့ဉာဏ်မတုံးနှင့်'' ဟု မိန့်တော်မူ၏။
သူတို့က``ဟားဟားသင်ပြုသောအမှုကို ငါတို့မြင်ကြ၏'' ဟုအော်ဟစ်၍ကျွန်တော် မျိုးအား စွပ်စွဲပြောဆိုကြပါ၏။
အမျက်တော်သည်ကျွန်တော်မျိုးအားဖိလျက် ရှိပါ၏။ ကျွန်တော်မျိုးသည်အမျက်တော်၏ လှိုင်းတံပိုးအောက်တွင်ပိပြား၍နေပါ၏။
လူတစ်စုံတစ်ယောက်သည်မိမိကိုယ်ကို ဘုရားတရားကြည်ညိုသူဟူ၍ယူဆ သော်လည်း မိမိ၏လျှာကိုမထိန်းနိုင်လျှင် ကိုယ့်ကိုယ်ကိုလှည့်စားသူဖြစ်၏။ သူ၏ဘုရား တရားကြည်ညိုမှုသည်လည်းအချည်းနှီး ပင်ဖြစ်၏။-
ဤမြို့မှထွက်ခွာသွားစဉ်အခါက ငါ့မှာ အစုံအလင်ရှိသော်လည်း ယခုထာဝရ ဘုရားသည် ငါ့အားလက်ချည်းသက်သက် ပြန်လည်ပို့ဆောင်တော်မူလေပြီ။ အနန္တ တန်ခိုးရှင်ထာဝရဘုရားသည် အပြစ်ဒဏ် စီရင်တော်မူလျက်ဒုက္ခရောက်စေတော်မူ ပြီဖြစ်၍ ငါ့ကိုအဘယ်ကြောင့် `နောမိ' ဟု ခေါ်ကြပါသနည်း'' ဟုပြန်ပြောလေ၏။