ငါသည်သင့်အားငါ့တိုင်းပြည်ကိုအုပ်ချုပ် စေမည်။ ငါ၏ပြည်သားအားလုံးတို့သည် သင်၏အမိန့်ကိုနာခံရမည်။ ထီးနန်းအရိုက် အရာအားဖြင့်သာလျှင်သင့်ထက်ငါကြီး မြတ်မည်။-
ယောဘဝတ္တု။ 29:25 - Common Language Bible ငါသည် သူတို့လမ်းကိုပဲ့ပြင်၍ အမြတ်ဆုံးသော နေရာ၌ ထိုင်၏။ ဗိုလ်မြေအလုံးအရင်းနှင့်တကွ ရှင်ဘုရင် ကဲ့သို့၎င်း၊ ညှိုးငယ်သော သူတို့ကို နှစ်သိမ့်စေသော သူကဲ့သို့၎င်း ငါဖြစ်၏။ Garrad Bible အ ကြီး အ ကဲ အ ဖြစ် ဖြင့် ထိုင် နေ လျက်၊ သူ တို့ လိုက် အပ် သော နည်း လမ်း ကို ငါ ရွေး ချယ်၍၊ ဗိုလ် ထု အ လုံး အ ရင်း၌ ရှင် ဘု ရင် ကဲ့ သို့ လည်း ကောင်း၊ မြည် တမ်း သူ တို့ ကို နှစ် သိမ့် စေ သူ ကဲ့ သို့ လည်း ကောင်း၊ ငါ တည် နေ ခွင့် ရ သ တည်း။ Judson Bible ငါသည် သူတို့လမ်းကိုပဲ့ပြင်၍ အမြတ်ဆုံးသောနေရာ၌ ထိုင်၏။ ဗိုလ်ခြေအလုံးအရင်းနှင့်တကွ ရှင်ဘုရင်ကဲ့သို့လည်းကောင်း၊ ညှိုးငယ်သောသူတို့ကို နှစ်သိမ့်စေသောသူကဲ့သို့လည်းကောင်း ငါဖြစ်၏။ မြန်မာ့စံမီသမ္မာကျမ်း ငါသည် ခေါင်းဆောင်နေရာတွင်နေ၍ သူတို့ကို လမ်းညွှန်ပြသပေးခဲ့၏။ စစ်သည်တို့ခြံရံထားသောရှင်ဘုရင်ကဲ့သို့လည်းကောင်း၊ ငိုကြွေးမြည်တမ်းသူကို နှစ်သိမ့်ပေးသူကဲ့သို့လည်းကောင်း ဖြစ်ခဲ့၏။ |
ငါသည်သင့်အားငါ့တိုင်းပြည်ကိုအုပ်ချုပ် စေမည်။ ငါ၏ပြည်သားအားလုံးတို့သည် သင်၏အမိန့်ကိုနာခံရမည်။ ထီးနန်းအရိုက် အရာအားဖြင့်သာလျှင်သင့်ထက်ငါကြီး မြတ်မည်။-
အတိတ်ကာလ၌ရှောလုဘုရင်ဖြစ်စဉ်အခါ ကအရှင်သည် ဣသရေလအမျိုးသားအပေါင်း တို့အားဦးစီးခေါင်းဆောင်ပြု၍စစ်ပွဲဝင်ခဲ့ ပါ၏။ ထာဝရဘုရားကလည်း`သင်သည်ငါ ၏လူမျိုးတော်ကိုခေါင်းဆောင်ရမည်။ သူတို့၏ ဘုရင်ဖြစ်ရမည်' ဟုအရှင့်အားမိန့်တော်မူ ခဲ့ပါ၏'' ဟုလျှောက်ကြ၏။-
သူ၏ဥစ္စာကား၊ သိုးခုနစ်ထောင်၊ ကုလားအုပ်သုံးထောင်၊ နွားယှဉ်ငါးရာ၊ မြည်းမငါးရာ၊ ငယ်သား အတိုင်းမသိများသည်ဖြစ်၍၊ ထိုသူသည် အရှေ့မျက်နှာအရပ်သားတကာတို့ထက် သာ၍ကြီးသောသူဖြစ်၏။
ထိုသို့ငါသည်မပြုဘဲ၊ သင်တို့ကို ငါ့စကားနှင့် မစမည်။ အချည်းနှီးသောစကားကို ငါချုပ်တည်းမည်။
ငါသည် ပြုံးလျက်သူတို့ကို ကြည့်ရှုသောအခါ၊ သူတို့သည် မယုံနိုင်ကြ။ ငါ့မျက်နှာ၏အလင်းကိုလည်း မပျောက်စေကြ။
ငါသည် ကိုယ်အပြုအမူအလုံးစုံတို့ကို ဘော်ပြ ပါမည်။ မင်းကဲ့သို့ အထံတော်သို့ ချဉ်းကပ်ပါမည်။
ဣသရေလအနွယ်များနှင့်ခေါင်းဆောင်များ စုရုံးလျက်ရှိကြသောအခါ၊ ထာဝရဘုရားသည်သူတို့၏ဘုရင်ဖြစ် လာတော်မူ၏။
သူတို့သည်ယေဖသအား``ယခုသင့်ထံသို့ ငါတို့လာကြသည်မှာအမ္မုန်အမျိုးသားတို့ အား ငါတို့နှင့်အတူသွားရောက်တိုက်ခိုက်ရန် နှင့်ဂိလဒ်ပြည်သားအပေါင်းတို့အားခေါင်း ဆောင်စေရန်ဖြစ်ပါသည်'' ဟုဆိုကြ၏။