ယောဘဝတ္တု။ 24:18 - Common Language Bible ရေပေါ်မှာပေါ့ပါးကြ၏။ မြေပေါ်မှာ ကျိန်ဆဲ သောအဘို့ကို ခံရ၍၊ စပျစ်ဥယျာဉ်အနီးသို့ မချဉ်းရကြ။ Garrad Bible သင် တို့ က၊ ထို သူ သည် ရေ မျက် နှာ ပြင် တွင် အ လျင် အ မြန် ပျောက်၍၊ နေ ပြည်၌ ပိုင် စု ပေါ် တွင် အ မင်္ဂ လာ တည် သည့် အ တိုင်း၊ စပျစ် ဥ ယျာဉ် သို့ လည်း ပြန် သွား လမ်း မ ရ။ Judson Bible ရေပေါ်မှာ ပေါ့ပါးကြ၏။ မြေပေါ်မှာ ကျိန်ဆဲသောအဖို့ကို ခံရ၍၊ စပျစ်ဥယျာဉ်အနီးသို့ မချဉ်းရကြ။ မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ရေမျက်နှာပြင်ပေါ်တွင် မျောပါသွားလိမ့်မည်။ သူတို့၏အမွေမြေသည် ကျိန်ဆဲခံရသဖြင့် မည်သူမျှ ကိုယ့်စပျစ်ခြံများသို့ သွားရတော့မည်မဟုတ်။ |
အခြေအမြစ်ပယ်ရှင်းခြင်းကို ခံရသောသူတည်းဟူသော ဘုရားသခင်အား ငါတို့ထံမှ ထွက်သွားလော့ဟူ ၍၎င်း၊ အနန္တတန်ခိုးရှင်သည် ငါ့တို့အဘို့အဘယ်သို့ ပြုနိုင်သနည်းဟူ၍၎င်း၊
ထသောရေကဲ့သို့ ဘေးဥပဒ်တို့သည် သူ့ကိုလိုက်တတ်၏။ ညဉ့်အခါ မိုဃ်းသက်မုန်တိုင်း ထိုက်သွား တတ်၏။
လျင်မြန်သော သင်္ဘောကဲ့သို့၎င်း၊ အကောင်ကို သုတ်လာသော ရွှေလင်းတကဲ့သို့၎င်း၊ လွန်သွားတတ်ကြ ၏။
သူတို့သည်စီးဆင်းပျောက်ကွယ်သွားတတ်သည့် ရေကဲ့သို့ဖြစ်ကြပါစေသော။ လူသွားလမ်းပေါ်မှပေါင်းပင်များကဲ့သို့ ကြေမွသွားကြပါစေသော။
သူတို့၏စားသောက်ပွဲများသည်သူတို့ ပျက်စီးရာပျက်စီးကြောင်းဖြစ်ပါစေသော။ သူတို့ကျင်းပသည့်ဋ္ဌမ္မပွဲများသည်လည်း သူတို့ပြိုလဲကြောင်းဖြစ်ပါစေသော။
မတရားသောသူ၏ နေရာသည်ထာဝရဘုရား ကျိန်တော်မူခြင်းကို တွေ့တတ်၏။ တရားသောသူ၏ နေရာကို ကားကောင်းကြီးပေးတော်မူ၏။
စပိန်ပြည်ရှိကိုလိုနီနိုင်ငံများမှလူတို့၊ သင်တို့သည်သွား၍လယ်ယာများကိုထွန် ယက်ကြလော့။ သင်တို့အားကာကွယ်စောင့် ရှောက်မည့်သူတစ်စုံတစ်ယောက်မျှမရှိ တော့ပေ။-