ယောဘဝတ္တု။ 24:10 - Common Language Bible အဝတ်မရှိအချည်းစည်းလှည့်လည်၍ မွတ်သိပ်လျက်၊ သူတပါး ကောက်လှိုင်းကို ထမ်းရ၏။ Garrad Bible သူ ဆင်း ရဲ တို့ သည် အ ဝတ် အ ချည်း စည်း သွား လာ၍၊ ကောက် လှိုင်း များ ကို ထမ်း ဆောင် လျက် ပင် မွတ် သိပ် ရ ကြ၏။ Judson Bible အဝတ်မရှိ အချည်းစည်းလှည့်လည်၍ မွတ်သိပ်လျက်၊ သူတစ်ပါးကောက်လှိုင်းကို ထမ်းရ၏။ မြန်မာ့စံမီသမ္မာကျမ်း ဆင်းရဲသားတို့သည် အဝတ်မပါ ကိုယ်ဗလာနှင့် သွားလာကြရ၏။ ဆာလောင်လျက်နှင့်ပင် ကောက်လှိုင်းစည်းကို သယ်ကြရ၏။ |
သူသည်ဆင်းရဲသားတစ်ယောက်ဖြစ်လျှင် ထိုအင်္ကျီကိုမိုးမချုပ်မီပြန်ပေးလော့။-
``သင်တို့သည်ကောက်ပင်များကိုရိတ်သိမ်း သောအခါ ကျန်ရစ်သောကောက်လှိုင်းများကို တစ်ပတ်ပြန်ကြော့၍မစုသိမ်းရ။ ထိုကောက် လှိုင်းများကိုလူမျိုးခြားများ၊ မိဘမဲ့ ကလေးများနှင့်မုဆိုးမများအတွက်ချန် ထားခဲ့ရမည်။ ယင်းအတိုင်းပြုပါမူသင်တို့ ၏ဘုရားသခင်ထာဝရဘုရားသည် သင် တို့ပြုလေသမျှကိုကောင်းချီးပေးတော်မူ လိမ့်မည်။-
သင်တို့အသီးအနှံများကိုရိတ်သိမ်းပေး သူတို့၏လုပ်အားခများကိုမပေးကြ။ သူ တို့၏တိုင်တန်းခြင်းကိုနားထောင်ကြလော့။ သူ တို့ကျယ်စွာဟစ်အော်တောင်းခံသံကိုအနန္တ တန်ခိုးရှင်ထာဝရဘုရားသခင်ကြားတော် မူလေပြီ။-