လုပ်တော်မူရာ လက်ဝဲဘက်သို့သွားလျှင် ကိုယ်တော်ကို မဖူးမတွေ့ရ။ လက်ျာဘက်၌ ပုန်းရှောင် လျက် နေတော်မူသောကြောင့်၊ ကိုယ်တော်ကိုမမြင်ရ။
ယောဘဝတ္တု။ 23:8 - Common Language Bible ယခုမူကား၊ ငါတက်လျှင် ဘုရားသခင်ရှိတော်မမူ။ ဆုတ်လျှင် ကိုယ်တော်ကို မရိပ်မိ၊ Garrad Bible ယ ခု မှာ မူ ကား၊ ငါ ရှေ့ သို့ တိုး သော်၊ ကိုယ် တော် မ ရှိ။ နောက် သို့ ဆုတ် သော် လည်း၊ မ တွေ့ မ မြင် ချေ။ Judson Bible ယခုမူကား၊ ငါတက်လျှင် ဘုရားသခင်ရှိတော်မမူ။ ဆုတ်လျှင် ကိုယ်တော်ကို မရိပ်မိ၊ မြန်မာ့စံမီသမ္မာကျမ်း ယခုမူကား အရှေ့ဘက်သို့သွားလျှင်လည်း ကိုယ်တော်မရှိ။ အနောက်ဘက်သို့သွားလျှင်လည်း ကိုယ်တော့်ကိုမတွေ့။ |
လုပ်တော်မူရာ လက်ဝဲဘက်သို့သွားလျှင် ကိုယ်တော်ကို မဖူးမတွေ့ရ။ လက်ျာဘက်၌ ပုန်းရှောင် လျက် နေတော်မူသောကြောင့်၊ ကိုယ်တော်ကိုမမြင်ရ။
ဘုရားသခင်သည်ချမ်းသာပေးတော်မူလျှင် အဘယ်သူနှောင့်ရှက်နိုင်သနည်း။ မျက်နှာလွှဲတော်မူလျှင် လူတမျိုးလုံးဖြစ်စေ၊ တယောက် တည်းဖြစ်စေ၊ အဘယ်သူသည် မျက်နှာတော်ကို ဖူးမြင် နိုင်သနည်း။
ဘုရားသခင်ကို မတွေ့မမြင်ရဟု သင်ဆိုသော်လည်း၊ တရားသဖြင့် စီရင်တော်မူသောကြောင့် မြော်လင့် လျက်နေလော့။
ငါ့ရှေ့မှာကြွတော်မူ၍ ကိုယ်တော်ကိုငါမမြင်ရ။ ရှောက်ဘွားတော်မူ၍ ကိုယ်တော်ကိုငါမရိပ်မိရ။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်အဘယ်ကြောင့်အဝေး၌ နေတော်မူပါသနည်း။ ကျွန်တော်မျိုးတို့ဒုက္ခရောက်ချိန်၌အဘယ် ကြောင့် မျက်နှာတော်ကိုလွှဲတော်မူပါသနည်း။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ရှေ့နောက်တွင် စောင့်ကြပ်လျက်နေတော်မူပါ၏။ တန်ခိုးတော်ဖြင့်ကျွန်တော်မျိုးကိုကွယ်ကာ စောင့်ထိန်းတော်မူပါ၏။
မိမိ၏လူမျိုးတော်တို့ကယ်တင်တော်မူသော ဣသရေလအမျိုးသားတို့၏ဘုရားသခင် သည်၊ လူ့ဉာဏ်မျက်စိဖြင့်မတွေ့မမြင်နိုင်သော ဘုရား ဖြစ်တော်မူ၏ဟုဝန်ခံကြလိမ့်မည်။
ဘုရားသခင်တစ်ပါးတည်းသာလျှင်နိစ္စ ဖြစ်တော်မူ၏။ ကိုယ်တော်သည်အဘယ်သူမျှ မချဉ်းကပ်နိုင်သည့်အလင်းရောင်တွင်ကျိန်း ဝပ်တော်မူ၏။ ကိုယ်တော်အားအဘယ်သူမျှ မဖူးမမြင်စဖူး။ အဘယ်သူမျှလည်း မဖူးမမြင်နိုင်။ ကိုယ်တော်၌ဂုဏ်အသရေ တော်နှင့်ထာဝရဘုန်းအာနုဘော်တော် ရှိတော်မူစေသတည်း။ အာမင်။