အနန္တတန်ခိုးရှင်အား ငါလျှောက်ရသောအခွင့်၊ ဘုရားသခင်နှင့် ငါဆွေးနွေးရသောအခွင့်ရှိပါစေသော။
ယောဘဝတ္တု။ 23:3 - Common Language Bible ဘုရားသခင်ကိုတွေ့နိုင်သော အရပ်ကို ငါသိပါစေသော။ ပလ္လင်တော်ရှေ့သို့ ရောက်ပါစေသော။ Garrad Bible ကိုယ် တော် နှင့် တွေ့ ဆုံ ရာ ကို သိ လျက်၊ စံ တော် မူ ရာ သို့ တိုး ဝင် ရ ပါ စေ သော။ Judson Bible ဘုရားသခင်ကို တွေ့နိုင်သောအရပ်ကို ငါသိပါစေသော။ ပလ္လင်တော်ရှေ့သို့ ရောက်ပါစေသော။ မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်အား မည်သည့်အရပ်၌တွေ့နိုင်မည်ကို ငါသိလိုပါ၏။ စံမြန်းတော်မူရာသို့ ငါရောက်လိုပါ၏။ |
အနန္တတန်ခိုးရှင်အား ငါလျှောက်ရသောအခွင့်၊ ဘုရားသခင်နှင့် ငါဆွေးနွေးရသောအခွင့်ရှိပါစေသော။
ငါ့သဘောကို သိသောသူသည် မြင့်သောအရပ်၌ ရှိ၏။ ငါ့အဆွေခင်ပွန်းတို့သည် ငါ့ကိုကဲ့ရဲ့၍၊ ငါသည် ဘုရားသခင့်ရှေ့တော်၌ မျက်ရည်ကျလျက်နေ၏။
လူသည် မိမိအသိအကျွမ်းနှင့်ဆွေးနွေးသကဲ့သို့ ဘုရားသခင်နှင့် ဆွေးနွေးရသောအခွင့်ရှိပါစေသော။
ရှေ့တော်သို့ရောက်မှ ငါသည် ကိုယ်အမှုကိုပြင်ဆင်၍၊ များစွာသောအကျိုးအကြောင်းတို့ကို လျှောက်ထားရ၏။
ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်၏ အလိုတော်အတိုင်းလိုက်၍၊ ကိုယ်တော်ရှင်အားမျှော်ကိုးလျက်ရှိကြပါ၏။ ကိုယ်တော်ရှင်ကိုသာလျှင် တောင့်တကြပါ၏။
မိမိ၏လူမျိုးတော်တို့ကယ်တင်တော်မူသော ဣသရေလအမျိုးသားတို့၏ဘုရားသခင် သည်၊ လူ့ဉာဏ်မျက်စိဖြင့်မတွေ့မမြင်နိုင်သော ဘုရား ဖြစ်တော်မူ၏ဟုဝန်ခံကြလိမ့်မည်။
ငါ၏လူမျိုးတော်ကငါ့အား `ကျွန်တော်မျိုးတို့သည်မိမိတို့အပြစ်များ၏ စွပ်စွဲခြင်းကိုခံ၍နေရသော်လည်း၊ အို ထာဝရဘုရား၊ ကျွန်တော်မျိုးတို့အားကိုယ်တော်ရှင်၏ နာမတော်ကိုထောက်၍ကူမတော်မူပါ။ ကျွန်တော်မျိုးတို့သည်ကြိမ်ဖန်များစွာ ကိုယ်တော်ရှင်ကို ကျောခိုင်းမိကြပါပြီ။ ကိုယ်တော်ရှင်အားပြစ်မှားမိကြပါပြီ။
သတင်းကောင်းကိုဦးစွာပထမကြားရ သူတို့သည် ထိုသတင်းကောင်းကိုမယုံကြည် သဖြင့် ငြိမ်ဝပ်ရာချမ်းသာခံစားခွင့်မရ ကြ။ သို့ဖြစ်၍ထိုငြိမ်ဝပ်ရာချမ်းသာကို အခြားသူတို့ရရှိကြပေသည်။-