ဘုရားသခင်သည် မိမိသန့်ရှင်းသူတို့ကိုပင် ယုံတော်မမူ။ ကောင်းကင်ဘုံသော်လည်းရှေ့တော်၌ မစင်ကြယ်။
ယောဘဝတ္တု။ 21:22 - Common Language Bible မြင့်သောအရပ်၌နေသောသူတို့ကို အစိုးရတော်မူသော ဘုရားသခင်ကိုအဘယ်သူ သွန်သင်လိမ့်မည် နည်း။ Garrad Bible ဘု ရား သ ခင် သည် မြင့် ရာ အ ရပ်၌ နေ သူ တို့ ကို ပင်၊ စီ ရင် ဆုံး ဖြတ် တော် မူ သည် ဖြစ်၍၊ ကိုယ် တော် အား အ သိ ပ ညာ ကို သင် ကြား မည့် သူ ရှိ သ လော။ Judson Bible မြင့်သောအရပ်၌ နေသောသူတို့ကို အစိုးရတော်မူသော ဘုရားသခင်ကို အဘယ်သူ သွန်သင်လိမ့်မည်နည်း။ မြန်မာ့စံမီသမ္မာကျမ်း အာဏာရမင်းတို့ကိုပင် စီရင်ပိုင်သောဘုရားသခင်ကို အသိပညာသင်ကြားပေးနိုင်သူရှိမည်လော။ |
ဘုရားသခင်သည် မိမိသန့်ရှင်းသူတို့ကိုပင် ယုံတော်မမူ။ ကောင်းကင်ဘုံသော်လည်းရှေ့တော်၌ မစင်ကြယ်။
သူနေရသောနှစ်လစေ့သောအခါ၊ သူ့သားသမီးတို့၌ ရောက်သောအမှုနှင့် သူသည် အဘယ်သို့ ဆိုင်သနည်း။
မြေတိရစ္ဆာန်နားလည်သည်ထက်သာ၍ နားလည်သောဥာဏ်နှင့်၎င်း၊ မိုဃ်းကောင်းကင် ငှက်မရ၊ ထူးဆန်းသောပညာနှင့်၎င်း၊ ငါတို့ကို ပြည့်စုံ စေတော်မူသော ဘုရားသခင်သည် အဘယ်မှာရှိတော် မူသနည်းဟု အဘယ်သူမျှမမေးမြန်းတတ်။
ဘုရားသခင်သည် တန်ခိုးတော်အားဖြင့် ချီးမြှောက်ခြင်းရှိတော်မူ၏။ ဘုရားသခင်ကဲ့သို့ အဘယ်သူ အုပ်ချုပ်နိုင်သနည်း။
ကြွတော်မူရသောလမ်းကို အဘယ်သူ စီရင်သနည်း။ ကိုယ်တော်သည် မတရားသောအမှုကို ပြုမိပြီဟု အဘယ်သူဆိုရာသနည်း။
အမှုတော်ထမ်းတို့ကို ယုံတော်မမူ။ ကောင်းကင်တမန်တော်တို့၌ စုံလင်ခြင်းမရှိဟု ထင်တော်မူ၏။
ဘုရားသခင်သည်ကောင်းကင်တွင်ကျင်းပ သည့် ကောင်စီအစည်းအဝေး၌နေရာယူတော်မူ၏။ ကိုယ်တော်သည်ဘုရားတို့၏အစည်းဝေး၌ စီရင်ဆုံးဖြတ်တော်မူသည်မှာ
ကျေးရွာ၌ ဆင်းရဲသားတို့ကို ညှဉ်းဆဲခြင်း၊ တရားလမ်းမှလွှဲ၍၊ မတရားသဖြင့် အနိုင်အထက်စီရင် စီရင်ဆုံးဖြတ်ခြင်းအမှုကိုမြင်လျှင်၊ ထိုသို့သောအကြံရှိ သည်ကို အံ့ဩခြင်းမရှိနှင့်။ ကြီးမြင့်သောသူတယောက်ကို တယောက် ကြည့်မှတ်သကဲ့သို့၊ အကြီးဆုံး၊ အမြင့်ဆုံး သောသူသည် ကြည့်မှတ်လျက်ရှိတော်မူ၏။
အခြားအိုးများနှင့်မထူးခြားသည့်မြေအိုး သည် အိုးထိန်းသည်နှင့်အတူငြင်းခုံဝံ့ပါမည် လော။ ရွှံ့စေးကအိုးထိန်းသည်အား အဘယ်သို့သောအရာကိုသင်ပြုလုပ် သနည်းဟု မေးရပါမည်လော။ မြေအိုးကမိမိကိုပြုလုပ်သူတွင်ကျင် လည်မှု မရှိဟုညည်းညူရပါမည်လော။
ငါက``ဤပရောဖက်များအနက်အဘယ်သူ မျှ ထာဝရဘုရား၏လျှို့ဝှက်သောအကြံ အစည်တော်တို့ကိုသိရှိသည်ဟူ၍မရှိ။ အဘယ်သူမျှကိုယ်တော်၏ဗျာဒိတ်တော် ကိုကြားသည်၊ နားလည်သည်ဟူ၍မရှိကြ။ သူတို့သည်အဘယ်အခါ၌မျှထာဝရ ဘုရားမိန့်တော်မူသောစကားကိုနား မထောင်။ ပမာဏလည်းမပြုကြ။-
ကျမ်းစာတော်က၊ ``အဘယ်သူသည်ထာဝရဘုရားရှင် အဘယ်သို့ စဉ်းစားဆင်ခြင်တော်မူသည်ကိုသိသနည်း။ အဘယ်သူသည်ကိုယ်တော်အားအကြံဉာဏ် ပေးနိုင်သနည်း။
ကျမ်းစာတော်တွင်၊ ``အဘယ်သူသည်ထာဝရဘုရားရှင်၏ စိတ်သဘောတော်ကိုသိပါသနည်း။ အဘယ်သူသည်ကိုယ်တော်အားအကြံဉာဏ် ပေးနိုင်ပါသနည်း'' ဟူ၍ပါရှိသည်အတိုင်းပင်ဖြစ်၏။ ငါတို့မူကား ခရစ်တော်၏စိတ်သဘောတော်ကိုရရှိကြ၏။
ငါတို့သည်ကောင်းကင်တမန်များကိုတရား စီရင်ရကြမည်ဖြစ်ကြောင်း မသိသလော။-
ဘုရားသခင်သည်အပြစ်ကူးသူကောင်းကင် တမန်များကိုချမ်းသာပေးတော်မမူဘဲ မှောင် မိုက်သောငရဲထဲသို့ချထားတော်မူ၏။ ထို နေရာတွင်သူတို့ကိုသံကြိုးများဖြင့်ချည် နှောင်ကာ တရားစီရင်တော်မူရာနေ့ကို စောင့်မျှော်စေတော်မူ၏။-
မိမိတို့ရရှိထားသောအာဏာနှင့်မရောင့် ရဲဘဲ နေရင်းဌာနကိုစွန့်ခွာသွားကြသည့် ကောင်းကင်တမန်များအကြောင်းကိုလည်း သတိရကြလော့။ ဘုရားသခင်သည်မိမိ တရားစီရင်တော်မူရာနေ့ကြီး၌ သူတို့ အားအပြစ်ဒဏ်ပေးရန်မှောင်မိုက်ရာ အောက်အရပ်တွင်ထာဝရသံကြိုးများ ဖြင့်ချည်နှောင်၍ထားတော်မူ၏။-