သူသည် မှောင်မိုက်ဘေးနှင့်မလွတ်ရ။ မီးလျှံသည်သူ၏အခက်အလက်တို့ကို လောင်လိမ့်မည်။ ဘုရားသခင်၏ နှုတ်တော်အသက်အားဖြင့် သုတ်သင် ပယ်ရှင်းခြင်းကို ခံရ၏။
ယောဘဝတ္တု။ 20:26 - Common Language Bible ခပ်သိမ်းသောဘေးတို့သည် သူ့အဘို့ သိုထား လျက်ရှိကြ၏။ လူမမွေးသောမီးသည် သူ့ကိုလောင်လိမ့် မည်။ သူ၏နေရာ၌ ကြွင်းသမျှသော အရာတို့ကို လောင် လိမ့်မည်။ Garrad Bible သူ့ ဘ ဏ္ဍာ အ ဖို့ မှောင် အ တိ ရံ ထား လျက်၊ မ မှုတ် ရ သော မီး သည်၊ ထို သူ နှင့် တ ကွ၊ တဲ၌ ကျန် သ မျှ ပါ ကျွမ်း လောင် လိမ့် မည်။ Judson Bible ခပ်သိမ်းသောဘေးတို့သည် သူ့အဖို့ သိုထားလျက်ရှိကြ၏။ လူမမွေးသောမီးသည် သူ့ကိုလောင်လိမ့်မည်။ သူ၏နေရာ၌ ကြွင်းသမျှသော အရာတို့ကို လောင်လိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း အမှောင်ထုကြီးသည် သူ၏စည်းစိမ်ဘဏ္ဍာကို ချောင်းမြောင်းနေ၏။ မမွှေးရသောမီးသည် သူ့ကိုဝါးမျို၍ သူ့တဲ၌ကြွင်းကျန်သောသူတို့ကိုလည်း လောင်ကျွမ်းလိမ့်မည်။ |
သူသည် မှောင်မိုက်ဘေးနှင့်မလွတ်ရ။ မီးလျှံသည်သူ၏အခက်အလက်တို့ကို လောင်လိမ့်မည်။ ဘုရားသခင်၏ နှုတ်တော်အသက်အားဖြင့် သုတ်သင် ပယ်ရှင်းခြင်းကို ခံရ၏။
ထိုသူတို့သည် နေ့အချိန်၌ မှောင်မိုက်ကိုတွေ့၍၊ ညဉ့်အချိန်၌ကဲ့သို့ မွန်းတည့်အချိန်၌ စမ်းသပ်လျက် သွားလာကြ၏။
စစ်သည်တို့၏ထက်မြက်သောမြားဖြင့်လည်း ကောင်း၊ ရဲရဲတောက်ပူလောင်သည့်မီးခဲဖြင့်လည်းကောင်း ဒဏ်ခတ်တော်မူလိမ့်မည်။
ကိုယ်တော်ကြွလာတော်မူသောအခါ အလျှံထလျက်နေသောမီးသဖွယ် သူတို့အားဖျက်ဆီးတော်မူလိမ့်မည်။ ထာဝရဘုရားသည်အမျက်တော်ထွက်၍ သူတို့အားဖျက်ဆီးပစ်တော်မူလိမ့်မည်။ သူတို့သည်မီးတွင်ကျွမ်းလောင်ကုန်လိမ့်မည်။
ရှေးမဆွကပင်အာရှုရိဘုရင်ကိုမီးသင်္ဂြိုဟ် ရန် လောင်တိုက်ကိုပြင်ဆင်၍ထားခဲ့၏။ ထိုလောင် တိုက်သည်အစောက်နက်၍ကျယ်ဝန်း၏။ ထို အရပ်တွင်မြင့်မားသောထင်းပုံကြီးတစ် ခုလည်းရှိ၏။ ထာဝရဘုရားသည်ခံတွင်း တော်မှမီးလျှံကိုမှုတ်ထုတ်တော်မူ၍ ထို ထင်းပုံကိုမီးစွဲလောင်စေတော်မူလိမ့်မည်။
မြေကြီးသို့စိုက်ကြည့်သည့်အခါသော် လည်းကောင်းဆင်းရဲဒုက္ခနှင့်ကံဆိုးမိုးမှောင် မှတစ်ပါး အဘယ်အရာကိုမျှတွေ့ရကြ လိမ့်မည်မဟုတ်။ ထိုသူတို့အပေါ်သို့ထိတ် လန့်ဖွယ်ရာကံဆိုးမိုးမှောင်ကျရောက်လာ လိမ့်မည်။ ဤသို့ဆင်းရဲဒုက္ခရောက်ရာကာလ နှင့်သူတို့ကင်းလွတ်ရန်လမ်းရှိတော့မည် မဟုတ်။
လက်တော်တွင်စပါးလှေ့ရန်ဆန်ကောကိုကိုင်၍ ထားတော်မူ၏။ မိမိ၏ကောက်နယ်တလင်းကို ရှင်းလင်းပြီးနောက် ဂျုံစပါးကိုကျီတွင်စုသိမ်း ထားတော်မူလိမ့်မည်။ အဖျင်းများကိုမူငြိမ်း သတ်၍မရနိုင်သောမီးနှင့်ရှို့တော်မူလိမ့်မည်'' ဟုဟောပြော၏။
သို့ရာတွင်နိုင်ငံတော်သားဖြစ်သင့်သူတို့မူကား ပြင်ပအမှောင်ထဲသို့ထုတ်ပစ်ခြင်းကိုခံရကြ လိမ့်မည်။ ထိုအရပ်တွင်သူတို့သည်ငိုကြွေးမြည် တမ်း၍အံသွားခဲကြိတ်လျက်နေကြလိမ့်မည်'' ဟုမိန့်တော်မူ၏။-
ပြင်းထန်လှသည့်ပင်လယ်လှိုင်းတံပိုးနှင့် လည်းတူကြ၏။ ပင်လယ်လှိုင်းတံပိုးများမှ ရေမြှုပ်များကဲ့သို့ သူတို့၏ရှက်ဖွယ်ကောင်း သည့်အကျင့်များသည်ပေါ်လွင်လျက်ရှိ၏။ သူတို့သည်လမ်းကြောင်းအတည်တကျ မရှိသည့်ကြယ်ပျံနှင့်လည်းတူကြ၏။ သူ တို့အတွက်ဘုရားသခင်သည်အမှောင် မိုက်ဆုံးဖြစ်သည့်အောက်အရပ်တွင် ထာဝစဉ် နေရာသတ်မှတ်၍ထားတော်မူသတည်း။