ထိုအခါ၌ထာဝရဘုရားသည် သောဒုံမြို့နှင့်ဂေါမောရမြို့များပေါ်သို့ ကန့်မီးမိုးကိုရွာချစေတော်မူသဖြင့်၊-
ယောဘဝတ္တု။ 20:23 - Common Language Bible သို့သော်လည်း သူသည်ဝစွာစားရ၏။ ဘုရားသခင်သည် အမျက်တော်အရှိန်ကို လွှတ်၍သူစားစရာဘို့ အမျက်တော် မိုဃ်းကို ရွာစေတော်မူမည်။ Garrad Bible ဝ စွာ စား စေ တော့။ အ စား အ သောက် အ ရာ၌ ဘု ရား သ ခင် သည်၊ အ မျက် တော် အ ရှိန် ကို စေ လွှတ်၍၊ သွန် ချ တော် မူ လိမ့် သ တည်း။ Judson Bible သို့သော်လည်း သူသည်ဝစွာစားရ၏။ ဘုရားသခင်သည် အမျက်တော်အရှိန်ကိုလွှတ်၍ သူစားစရာဖို့ အမျက်တော်မိုးကို ရွာစေတော်မူမည်။ မြန်မာ့စံမီသမ္မာကျမ်း သူဝမ်းပြည့်အောင်စားနေစဉ်မှာပင် ကိုယ်တော်သည် အမျက်တော်မီးကိုလွှတ်၍ သူ့အပေါ် ရွာကျစေတော်မူလိမ့်မည်။ |
ထိုအခါ၌ထာဝရဘုရားသည် သောဒုံမြို့နှင့်ဂေါမောရမြို့များပေါ်သို့ ကန့်မီးမိုးကိုရွာချစေတော်မူသဖြင့်၊-
ကိုယ်တော်သည်သူယုတ်မာတို့အပေါ်သို့ မီးကျီးခဲများကိုလည်းကောင်း၊ပူလောင်လှသည့် မီးလျှံကိုလည်းကောင်းကျစေတော်မူ၏။ သူတို့အားပူလောင်လှသောလေပူဖြင့် အပြစ်ဒဏ်ခတ်တော်မူ၏။
မောရှေသည်မိမိ၏တောင်ဝှေးကိုကောင်းကင် သို့မြှောက်လိုက်ရာ ထာဝရဘုရားသည်မိုး ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်းနှင့်တကွ မိုးသီးမိုးရွာသွန်းစေလေ၏။ ထာဝရ ဘုရားစေလွှတ်တော်မူသော-
ငါ၏ဦးခေါင်းသည်ချာချာလည်လျက်ငါ သည်ကြောက်စိတ်ဖြင့်တုန်လှုပ်၍နေ၏။ ငါ သည်ညဥ့်ဦးယံကိုတမ်းတလျက်နေခဲ့၏။ သို့ရာတွင်ထိုအချိန်သည် ငါ့အားထိတ်လန့် မှုကိုဖြစ်စေသည်မှတစ်ပါးအဘယ်သို့ မျှမပြု။
သင်တို့ပျော်ပွဲရွှင်ပွဲများကိုမသာပွဲအဖြစ် သို့ပြောင်းပစ်မည်။ သင်တို့တက်ကြွရွှင်မြူးသော တေးသံတို့ကိုငိုကြွေးသံများဖြစ်သွားစေ မည်။ သင်တို့သည်ဆံပင်များကိုရိတ်ပြီးလျှော် တေအဝတ်ကိုဝတ်ရလိမ့်မည်။ တစ်ဦးတည်း သောသားသေဆုံးသဖြင့်ရတက်ပွားရသည့် မိဘပမာဖြစ်ရကြမည်။ နေဝင်သည့်တိုင် ထိုနေ့တာသည်ဆိုးဝါးလှမည်။
ယခုသင်သည်သူတို့အားဤသို့မှာကြား လော့။ သူတို့သည်နက်ဖြန်နေ့အတွက်မိမိ တို့ကိုယ်ကိုသန့်စင်စေရမည်။ သူတို့သည် အသားကိုစားရလိမ့်မည်။ သူတို့သည်အီဂျစ် ပြည်၌အသားကိုစားရကြောင်း၊ ယခုသူ တို့အသားကိုစားလို၍ညည်းညူနေကြောင်း ကို ထာဝရဘုရားကြားတော်မူပြီ။ ထာဝရ ဘုရားသည်သူတို့စားရန်အသားကိုပေး တော်မူမည်ဖြစ်၍သူတို့စားရလိမ့်မည်။-
ငုံးငှက်သားပေါများလျက်ရှိသေးချိန်တွင် ထာဝရဘုရားသည်အမျက်ထွက်၍သူ တို့တွင်ကပ်ရောဂါကျရောက်စေ၏။-