ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားအသက်ရှင်ရာ လမ်းကိုပြညွှန်တော်မူလိမ့်မည်။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏အနီးတွင် ရှိတော်မူသည်ဖြစ်၍ ကျွန်တော်မျိုးသည်ရွှင်လန်းဝမ်းမြောက်၍ ထာဝစဉ်ပျော်မွေ့လျက်ရှိပါ၏။
ယောဘဝတ္တု။ 19:26 - Common Language Bible ငါ့အရေကုန်ပြီးမှ ဤကိုယ်ကိုပင် ဖျက်ဆီးသော်လည်း၊ ငါသည်ကိုယ်ခန္ဓာ၌ ဘုရားသခင်ကိုမြင်မည်ဟူ၍ ၎င်း ငါသိ၏။ Judson Bible ငါ့အရေကုန်ပြီးမှ ဤကိုယ်ကိုပင် ဖျက်ဆီးသော်လည်း၊ ငါသည်ကိုယ်ခန္ဓာ၌ ဘုရားသခင်ကိုမြင်မည်ဟူ၍လည်းကောင်း ငါသိ၏။ မြန်မာ့စံမီသမ္မာကျမ်း ငါ့အရေပြားများ ပျက်စီးသွားသော်လည်း ဤကိုယ်ခန္ဓာဖြင့် ဘုရားသခင်အား ဖူးမြင်ရမည်ကို ငါသိ၏။ |
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားအသက်ရှင်ရာ လမ်းကိုပြညွှန်တော်မူလိမ့်မည်။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏အနီးတွင် ရှိတော်မူသည်ဖြစ်၍ ကျွန်တော်မျိုးသည်ရွှင်လန်းဝမ်းမြောက်၍ ထာဝစဉ်ပျော်မွေ့လျက်ရှိပါ၏။
သို့ဖြစ်၍ကျွန်တော်မျိုးသည်ရွှင်လန်းဝမ်းမြောက် ပါ၏။ ကျွန်တော်မျိုးသည်ဘေးကင်းလုံခြုံလျက်ရှိပါ၏။
ကျွန်တော်မျိုးသည်အပြစ်မကူးလွန်ခဲ့သဖြင့် ကိုယ်တော်ရှင်ကိုဖူးမြင်ရပါလိမ့်မည်။ ကျွန်တော်မျိုးအိပ်ရာမှနိုးထသောအခါ၌ ကိုယ်တော်ရှင်ကျွန်တော်မျိုးနှင့်အတူရှိတော် မူသဖြင့် ရွှင်လန်းဝမ်းမြောက်ရပါလိမ့်မည်။
``စိတ်နှလုံးဖြူစင်သောသူတို့သည်မင်္ဂလာ ရှိကြ၏။ ထိုသူတို့သည်ဘုရားသခင်ကိုဖူးမြင်ရကြလတ္တံ့။
ယခုအခါငါတို့သည်ကြေးမုံတွင်ပေါ်လာ သည့်ပုံသဏ္ဌာန်ကိုမြင်ရသကဲ့သို့မထင်မရှား တွေ့မြင်ရကြ၏။ ထိုအခါ၌မူကားမျက်ဝါး ထင်ထင်တွေ့မြင်ရလတ္တံ့။ ယခုအခါငါသည် စုံလင်စွာမသိမမြင်ရ။ ထိုအခါ၌ကား ဘုရားသခင်သည်ငါ့ကိုစုံလင်စွာသိမြင် တော်မူသကဲ့သို့ငါသည်စုံလင်စွာသိ မြင်ရလိမ့်မည်။
အဘယ်ကြောင့်ဆိုသော်ပုပ်ပျက်တတ်သော အရာသည်မပုပ်မပျက်နိုင်သောအဖြစ်သို့ ပြောင်းလဲရမည်။ သေတတ်သောအရာသည် မသေနိုင်သောအဖြစ်သို့ပြောင်းလဲရမည်။-
ကိုယ်တော်သည်အရာခပ်သိမ်းကိုမိမိ၏အာဏာ စက်အောက်တွင်ရောက်စေတော်မူသောတန်ခိုးတော် အားဖြင့် ငါတို့၏သေကြေပျက်စီးတတ်သောကိုယ် ခန္ဓာကိုဘုန်းအသရေနှင့်ပြည့်စုံသောကိုယ်ခန္ဓာ တော်နှင့်တူအောင် ပြောင်းလဲစေတော်မူလိမ့်မည်။
ချစ်ဆွေတို့၊ ယခုအခါငါတို့သည်ဘုရား သခင်၏သားသမီးများဖြစ်ကြ၏။ သို့ရာ တွင်နောင်အခါအဘယ်သို့သောသူများဖြစ် မည်ကိုသေချာစွာမသိရကြသော်လည်း ခရစ်တော်ကြွလာတော်မူသောအခါကိုယ် တော်ဖြစ်တော်မူသည်အတိုင်းဖူးမြင်ရကြ မည်ဖြစ်၍ ငါတို့သည်ကိုယ်တော်နှင့်တူကြ မည်ကိုသိကြ၏။-
ကြည့်ရှုလော့။ ကိုယ်တော်သည်မိုးတိမ်စီး၍ကြွ လာတော်မူလိမ့်မည်။ ကိုယ်တော်အားလှံဖြင့် ထိုးဖောက်ခဲ့သူများပါမကျန် လူအပေါင်း တို့သည်ကိုယ်တော်ကိုဖူးမြင်ကြရလိမ့်မည်။ ကမ္ဘာပေါ်ရှိလူမျိုးရှိသမျှတို့သည်ဝမ်း နည်းကြေကွဲကြလိမ့်မည်။ ထိုအတိုင်း ဖြစ်ပါစေသော။