ထိုစကားကိုကြားသောအခါငါသည် အဝတ်များကိုဆုတ်ပြီးနောက် ဆံပင်နှင့် မုတ်ဆိတ်ကိုဆွဲနုတ်ကာဝမ်းနည်းလျက် ထိုင်နေ၏။-
ယောဘဝတ္တု။ 17:8 - Common Language Bible ဖြောင့်မတ်သော သူတို့သည် ဤအမှုကြောင့် မိန်းမောတွေဝေကြလိမ့်မည်။ အပြစ်ကင်းလွတ်သော သူတို့သည် အဓမ္မလူများတဘက်က ကိုယ်ကိုကိုယ်နှိုးဆော် ကြလိမ့်မည်။ Garrad Bible သ ဘော ဖြောင့် သူ တို့ သည် ထို အ ဖြစ် အ ပျက် ကြောင့် အံ့ အား သင့် လျက်၊ အ ပြစ် ကင်း သော သူ လည်း၊ လူ သ ရော် လူ ပျက် နှင့် ဆန့် ကျင် စိတ် ထ ကြွ လေ၏။ Judson Bible ဖြောင့်မတ်သောသူတို့သည် ဤအမှုကြောင့် မိန်းမောတွေဝေကြလိမ့်မည်။ အပြစ်ကင်းလွတ်သောသူတို့သည် အဓမ္မလူများတစ်ဘက်က ကိုယ်ကိုကိုယ် နှိုးဆော်ကြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ဤအဖြစ်ကြောင့် ဖြောင့်မှန်သောသူတို့သည် အံ့ဩထိတ်လန့်ကြပြီ။ အပြစ်မဲ့သောသူတို့သည်လည်း ဘုရားတရားမဲ့သောသူတို့အပေါ် မခံမရပ်နိုင်ဖြစ်ကြပြီ။ |
ထိုစကားကိုကြားသောအခါငါသည် အဝတ်များကိုဆုတ်ပြီးနောက် ဆံပင်နှင့် မုတ်ဆိတ်ကိုဆွဲနုတ်ကာဝမ်းနည်းလျက် ထိုင်နေ၏။-
ဖြောင့်မတ်သောသူတို့သည် ကြည့်မြင်၍ ဝမ်းမြောက်ကြ၏။ အပြစ်ကင်းသောသူတို့သည် ထိုအဓမ္မလူ တို့ကို ကဲ့ရဲ့တတ်ကြ၏။
ကျေးရွာ၌ ဆင်းရဲသားတို့ကို ညှဉ်းဆဲခြင်း၊ တရားလမ်းမှလွှဲ၍၊ မတရားသဖြင့် အနိုင်အထက်စီရင် စီရင်ဆုံးဖြတ်ခြင်းအမှုကိုမြင်လျှင်၊ ထိုသို့သောအကြံရှိ သည်ကို အံ့ဩခြင်းမရှိနှင့်။ ကြီးမြင့်သောသူတယောက်ကို တယောက် ကြည့်မှတ်သကဲ့သို့၊ အကြီးဆုံး၊ အမြင့်ဆုံး သောသူသည် ကြည့်မှတ်လျက်ရှိတော်မူ၏။
သို့ရာတွင်ကိုယ်တော်ရှင်သည်ဆိုးညစ်သူသစ္စာဖောက်တို့အား အဘယ်သို့လျှင်သည်းခံနိုင်တော်မူပါသနည်း။ ကိုယ်တော်ရှင်၏မျက်စိတော်တို့သည်အလွန်သန့်ရှင်းမြင့်မြတ်လှသည်ဖြစ်၍ဆိုးညစ်မှုကိုကြည့်မရပါ။ ကိုယ်တော်ရှင်သည်လူတို့ဒုစရိုက်ပြုကျင့်မှုကိုလည်းသည်းမခံနိုင်ပါ။ သို့ဖြစ်၍မိမိတို့ထက်ကိုယ်ကျင့်တရားကောင်းမွန်သူတို့အား ထိုသူတို့သုတ်သင်ပယ်ရှင်းကြသောအခါကိုယ်တော်ရှင်သည်အဘယ်ကြောင့်ဆိတ်ဆိတ်နေတော်မူပါသနည်း။
ပေါလုနှင့်ဗာနဗတို့ကယခင်ကထက်ပိုမို ရဲရင့်စွာဟောကြားသည်မှာ ``ငါတို့သည်ဘုရား သခင်၏နှုတ်ကပတ်တရားတော်ကို သင်တို့အား ဦးစွာပထမဟောပြောရပေမည်။ သို့ရာတွင် သင်တို့သည်ထိုတရားတော်ကိုပစ်ပယ်ကာ မိမိ တို့ကိုယ်ကိုထာဝရအသက်နှင့်မထိုက်မတန် သူများဖြစ်သည်ဟုစီရင်ကြသောကြောင့် ငါတို့ သည်သင်တို့ထံမှထွက်ခွာ၍လူမျိုးခြားတို့ ထံသို့သွားကြပါမည်။-
ဘုရားသခင်၏ကြွယ်ဝသောဉာဏ်ပညာ တော်နှင့်အသိပညာတော်သည် လွန်စွာနက်နဲ လှပါတကား။ စီရင်ဆုံးဖြတ်တော်မူချက် များကိုအဘယ်သူရှင်းပြနိုင်သနည်း။ နည်း လမ်းတော်များကိုအဘယ်သူနားလည် နိုင်သနည်း။-