လူသည် သေလျှင်အသက်ရှင်ပြန်ပါလိမ့်မည်လော။ အကျွန်ုပ် ပြောင်းလဲချိန်မရောက်မှီ၊ ပင်ပန်းစွာ အမှုထမ်းရသော နေ့ရက်ကာလပတ်လုံးသည်းခံလျက်နေ ပါမည်။
ယောဘဝတ္တု။ 17:13 - Common Language Bible သင်္ချိုင်းသည် ငါ့နေရာဖြစ်သည်ကို ငါမြော်လင့် ၏။ ငါ့အိပ်ရာသည် မှောင်မိုက်၌ ခင်းလျက်ရှိ၏။ Garrad Bible အ ကယ်၍ ငါ သည် မ ရ ဏ နိုင် ငံ ကို နေ အိမ် အ ဖြစ် ဖြင့် စောင့် မျှော် လျက်၊ မှောင် မိုက်၌ အိပ် ရာ ခင်း လျှင်လည်း ကောင်း၊ Judson Bible သင်္ချိုင်းသည် ငါ့နေရာဖြစ်သည်ကို ငါမျှော်လင့်၏။ ငါ့အိပ်ရာသည် မှောင်မိုက်၌ ခင်းလျက်ရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း မရဏာနိုင်ငံသည် ငါမျှော်လင့်ရာအိမ်ဖြစ်၍ ငါ့အိပ်ရာကို မှောင်မိုက်၌ ခင်းထားရလျှင် |
လူသည် သေလျှင်အသက်ရှင်ပြန်ပါလိမ့်မည်လော။ အကျွန်ုပ် ပြောင်းလဲချိန်မရောက်မှီ၊ ပင်ပန်းစွာ အမှုထမ်းရသော နေ့ရက်ကာလပတ်လုံးသည်းခံလျက်နေ ပါမည်။
သေခြင်းသို့၎င်း၊ အသက်ရှင်သောသူခပ်သိမ်းတို့ အဘို့စီရင်သော နေရာသို့၎င်း၊ အကျွန်ုပ်ကို ပို့ဆောင် တော်မူမည်ဟု အကျွန်ုပ်သိပါ၏။
ငါမြော်လင့်စရာအခွင့်ရှိရမည်အကြောင်း၊ ငါ့ခွန်အားကားအဘယ်သို့နည်း။ ငါသည်ကိုယ်အသက်ကို စောင့်ရမည်အကြောင်း၊ နောက်ဆုံးခံရသော အကျိုးကား အဘယ်သို့နည်း။
မိုဃ်းတိမ်သည် ပြယ်ပျောက်ကွယ်လွင့် သကဲ့သို့၊ သင်္ချိုင်းတွင်းထဲသို့ ဆင်းသောသူသည် နောက်တဖန် မတက်ရ။
အကယ်၍ကျွန်တော်မျိုးသည် ကောင်းကင်သို့တက်လျှင်ထိုအရပ်တွင် ကိုယ်တော်ရှင်ရှိတော်မူပါ၏။ အကယ်၍ကျွန်တော်မျိုးသည်မရဏာ နိုင်ငံတွင် လဲလျောင်းလျှင် ထိုအရပ်တွင်ကိုယ်တော်ရှင်ရှိတော်မူပါ၏။
ထာဝရဘုရားအားကိုးစားလော့။ စိတ်မပျက်နှင့်၊ယုံကြည်ခြင်းရှိလော့။ ထာဝရဘုရားအားကိုးစားလော့။
ထိုကာလ၌ မြင့်သောအရာတို့ကို ကြောက်ကြ လိမ့်မည်။ လမ်း၌ဘေးတွေ့မည်ဟု ထင်ကြလိမ့်မည်။ ဗာတံပင်ပွင့်လိမ့်မည်။ ကျိုင်းကောင်သည် မိမိ၌မိမိ လေးလိမ့်မည်။ အလိုဆန္ဒလျော့လိမ့်မည်။ အကြောင်းမူ ကား၊ လူသည်ထာဝရနေရာသို့ သွားဆဲရှိ၍၊ ငိုခြင်းသည် တို့သည် လမ်းတို့၌ လှည့်လည်ကြ၏။
သူတော်ကောင်းတို့သည်သေလွန်သောအခါ ငြိမ်းချမ်းစွာနားနေခွင့်ကိုရရှိကြ၏။