ယောဘဝတ္တု။ 16:14 - Common Language Bible ငါ့ကိုအထပ်ထပ်ဆွဲဖြတ်၍၊ သူရဲကဲ့သို့ငါ့ကို ဟုန်းဟုန်းတိုက်လာတော်မူ၏။ Garrad Bible ငါ့ ကို အ ရှို ရှို ခွဲ ပေါက် ပြီး လျှင်၊ သူ ရဲ ကောင်း ကဲ့ သို့ အ ဆော တ လျင် ဝင် စီး တော် မူ၏။ Judson Bible ငါ့ကို အထပ်ထပ်ဆွဲဖြတ်၍၊ သူရဲကဲ့သို့ ငါ့ကို ဟုန်းဟုန်းတိုက်လာတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း စစ်သူရဲကဲ့သို့ ငါ့ထံသို့ ပြေးလာပြီး အနာပေါ်ထပ်၍ အနာဖြစ်အောင် ထိုးဖောက်တော်မူ၏။ |
အကြောင်းမူကား၊ မိုဃ်းသက်မုန်တိုင်းဖြင့် ငါ့ကို ညှဉ်းဆဲ၍၊ အကြောင်းမရှိဘဲငါ၌ အနာတို့ကို များပြား စေတော်မူ၏။
ကျိုင်းကောင်တို့သည်စစ်သူရဲများသဖွယ် တိုက်ခိုက်ကြ၏။ စစ်သည်တပ်သားများသဖွယ်မြို့ရိုးများကို တက်ကြ၏။ သူတို့အားလုံးပင်ရှေ့သို့တည့်မတ်စွာ ချီတက်လျက်နေကြ၏။ မိမိတို့၏လမ်းကိုမပြောင်းမလွှဲကြ။
သူတို့အားပြင်းထန်စွာတိုက်ခိုက်လေ၏။ သူ သည်လူအမြောက်အမြားကိုသတ်ဖြတ်ပြီး နောက် ဧတံကျောက်ဆောင်အတွင်းရှိဂူ၌ သွားရောက်နေထိုင်လေသည်။