ယောဘဝတ္တု။ 15:4 - Common Language Bible သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းအကျင့်၌ အကျိုးမရှိဟု ဆိုလို၏။ ဆိုတောင်းပဌနာပြုရာ ဝတ်ကို ဆီးတားတတ်၏။ Garrad Bible သင် မူ ကား၊ ဘု ရား သ ခင် မျက် မှောက် တော် တွင်၊ ခန့် ညား ခြင်း သ ဘော ကို ပယ် ဖျက်၍၊ ကြည် ညှိ ခြင်း သ ဘော ကို လည်း ဆီး တား လေ ပြီ။ Judson Bible သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းအကျင့်၌ အကျိုးမရှိဟု ဆိုလို၏။ ဆုတောင်းပတ္ထနာပြုရာဝတ်ကို ဆီးတားတတ်၏။ မြန်မာ့စံမီသမ္မာကျမ်း အကယ်စင်စစ် သင်၌ အကြောက်အလန့် မရှိတော့ပြီ။ ဘုရားသခင်ထံ အာရုံပြုလိုစိတ်လည်း ပပျောက်လေပြီ။ |
ထိုသူသည် အနန္တတန်ခိုးရှင်၌ မွေ့လျော်လိမ့်မည်လော။ ဘုရားသခင်ကို အစဉ်ပဌာနပြုလိမ့်မည် လော။
ဆင်းရဲခြင်းသို့ရောက်သောသူ၏ အဆွေခင်ပွန်းသည် သနားအပ်၏။ မသနားလျှင် အနန္တတန်ခိုးရှင်ကို ကြောက်ရွံ့သောသဘောနှင့် ကင်းလွတ်၏။
အို ထာဝရဘုရား" လူတို့သည်ကိုယ်တော်ရှင်၏တရားတော်ကို ချိုးဖောက်ကြသည်ဖြစ်၍ ကိုယ်တော်ရှင်အရေးယူတော်မူရန်အခိန်သည် ယခုကရောက်ပါပြီ။
သူတို့သည်အမှန်တကယ်ယုံကြည်စိတ် ဖြင့်ဆုမတောင်းကြ။ ကိုယ်ကိုလှဲချ၍ဟစ် အော်မြည်တမ်းကြ၏။ သူတို့သည်ဆန်စပါး နှင့်စပျစ်ရည်ရရှိရန်ဆုတောင်းသောအခါ ရုပ်တုကိုးကွယ်သူတို့ကဲ့သို့မိမိကိုယ်ကို အနာတရဖြစ်စေပြီးမှတောင်းတတ်ကြ ၏။ သူတို့သည်ငါ့အားပုန်ကန်ကြပြီ တကား။-
သေလွန်သူတစ်ဦး၏ဆွေမျိုးတစ်ယောက်က သေလွန်သွားသူ၏အလောင်းကိုမီးသတ်ရန် ရောက်လာ၍ အိမ်အတွင်းထဲ၌ရှိနေသူတစ် ယောက်အား``မည်သူများကျန်ပါသေး သနည်း'' ဟုမေးလိုက်သော်၊ ``မည်သူမျှမကျန်တော့ပါ'' ဟူသော အဖြေကိုသာကြားရလိမ့်မည်။ ယင်းနောက်ထိုသူကပင်``တိတ်လော့၊ ထာဝရ ဘုရား၏နာမတော်ကိုမျှမဆိုမိရန် ငါ တို့သတိထားရမည်'' ဟုဆိုလိမ့်မည်။
ငါ့နောက်သို့မလိုက်တော့ဘဲ လှည့်၍ထွက် ခွာသွားသူများအားလည်းကောင်း၊ ငါ့ထံ မချဉ်းကပ် ငါ၏ပို့ဆောင်လမ်းပြမှုကို လည်းမတောင်းခံသူများအားလည်းကောင်း ငါသုတ်သင်ပယ်ရှင်းမည်'' ဟုမိန့်တော်မူ၏။
ထိုနောက်သခင်ယေရှုသည်တပည့်တော်တို့ အားအဘယ်အခါမျှစိတ်အားမလျော့ဘဲ အခါခပ်သိမ်းဆုတောင်းပတ္ထနာပြုသင့်ကြောင်း ပုံဥပမာဆောင်၍သွန်သင်တော်မူ၏။-
သို့ဖြစ်လျှင်ငါတို့သည်ယုံကြည်ခြင်းဖြင့် ပညတ်တရားကိုပယ်ရာရောက်သလော။ အလျှင်းမပယ်။ ပညတ်တရားကိုထောက်ခံ အတည်ပြုခြင်းသာဖြစ်၏။
ဘုရားသခင်၏ကျေးဇူးတော်ကိုငါမပစ် ပယ်။ အကယ်၍လူတို့သည်ပညတ်တရားအား ဖြင့် ဘုရားသခင်နှင့်မှန်ကန်စွာဆက်ဆံခွင့်ကို ရရှိနိုင်ကြလျှင် ခရစ်တော်သည်အချည်းနှီး အသေခံတော်မူပြီ။