သင်သည်မြေကိုထွန်ယက်စိုက်ပျိုးသော်လည်း အသီးအနှံထွက်မည်မဟုတ်။ သင်သည်အိုး အိမ်မဲ့လျက်မြေကြီးပေါ်တွင်လှည့်လည် နေရမည်'' ဟုမိန့်တော်မူ၏။
ယောဘဝတ္တု။ 15:23 - Common Language Bible စားစရာကို ရှာ၍လှည့်လည်ရ၏။ မိမိအဘို့ မှောင်မိုက်ကာလသည် အသင့်ရှိသည်ကို သိ၏။ Garrad Bible ထ မင်း အ ဘယ် မှာ နည်း ဟူ၍ လှည့် လည် လိုက် ရှာ တတ်၏။ မှောင် မိုက် သော နေ့ ရက် သည် အ ရံ သင့် ရှိ ကြောင်း ကို သိ လျက်၊ Judson Bible စားစရာကို ရှာ၍ လှည့်လည်ရ၏။ မိမိအဖို့ မှောင်မိုက်ကာလသည် အသင့်ရှိသည်ကို သိ၏။ မြန်မာ့စံမီသမ္မာကျမ်း သူက ‘အဘယ်မှာနည်း’ဟု ဆိုလျက် စားစရာကိုလှည့်လည်ရှာဖွေ၏။ မှောင်မိုက်သောနေ့ရက်သည်လည်း သူ၏လက်တစ်ကမ်းတွင် ရှိနေကြောင်းကို သူသိ၏။ |
သင်သည်မြေကိုထွန်ယက်စိုက်ပျိုးသော်လည်း အသီးအနှံထွက်မည်မဟုတ်။ သင်သည်အိုး အိမ်မဲ့လျက်မြေကြီးပေါ်တွင်လှည့်လည် နေရမည်'' ဟုမိန့်တော်မူ၏။
မှောင်မိုက်ထဲမှာ ဘေးလွတ်မည်ဟု မြော်လင့် စရာမရှိ။ ထားသည့်သူ့ကို ချောင်းမြောင်းလျက်ရှိ၏။
ဆင်းရဲခြင်းဒုက္ခနှင့် နာကြဉ်းခြင်းဝေဒနာတို့သည် ထိုသူကို ချောက်တတ်၏။ စစ်တိုက်ခြင်းငှါ အသင့် နေသော ရှင်ဘုရင်ကဲ့သို့ သူ့ကို နိုင်တတ်၏။
သူသည် မှောင်မိုက်ဘေးနှင့်မလွတ်ရ။ မီးလျှံသည်သူ၏အခက်အလက်တို့ကို လောင်လိမ့်မည်။ ဘုရားသခင်၏ နှုတ်တော်အသက်အားဖြင့် သုတ်သင် ပယ်ရှင်းခြင်းကို ခံရ၏။
သူ၏သားသမီးတို့သည်အိမ်ရာမဲ့သူတောင်း စားများ ဖြစ်ကြ၍ မိမိတို့နေထိုင်ရာအိမ်ပျက်များမှနှင်ထုတ် ခြင်းကို ခံရကြပါစေသော။
သူတို့သည်ခွေးများကဲ့သို့လှည့်လည်၍ အစားအစာရှာဖွေကြပါ၏။ အစားအစာလုံလောက်စွာမရကြပါမူ မာန်ဖီကြပါ၏။
ကျွန်တော်မျိုးမူကားကိုယ်တော်ရှင်၏ တန်ခိုးတော် အကြောင်းသီချင်းဆိုပါမည်။ ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော် အကြောင်းကို နံနက်တိုင်းရွှင်လန်းစွာသီချင်းဆိုပါမည်။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးခိုလှုံရာ ရဲတိုက်၊ ဒုက္ခရောက်ချိန်၌ကျွန်တော်မျိုးခိုကိုးရာ ဖြစ်တော်မူပါ၏။
ဖြောင့်မတ်သော သူကိုငတ်၍ သေစေခြင်းငှါ၊ ထာဝရဘုရားသည် အခွင့်ပေးတော်မမူ။ မတရားသော သူတို့၏ အဓမ္မအမှုကိုကား ဖျက်ဆီးတော်မူ၏။
ထာဝရဘုရားသည် ခပ်သိမ်းသောအရာတို့ကို ကိုယ်တော်အဘို့၊ မတရားသောသူတို့ကိုလည်း ဘေးဒဏ် ခံရသော နေ့အဘို့ဖန်ဆင်းတော်မူ၏။
သို့ရာတွင်၊ လူသည်အသက်တာရှည်၍ အစဉ် ရွှင်လန်းသော်လည်း၊ မှောင်မိုက်ကာလကို အောက်မေ့ ပါစေ။ ထိုကာလကြာမြင့်လိမ့်မည်။ ဖြစ်လတံ့သမျှတို့သည် အနတ္တသက်သက်ဖြစ်ကြ၏။
ကျွန်တော်မျိုးတို့သည်မိမိတို့အသက်ရှင်ရေးအတွက် အစားအစာအလုံအလောက်ရရှိနိုင်ရန် အာရှုရိပြည်နှင့်အီဂျစ်ပြည်သို့သွား၍ တောင်းရမ်းရကြပါ၏။
ကျေးလက်များတွင်လူသတ်သမားတို့ လှည့်လည်သွားလာလျက်နေသဖြင့် ကျွန်တော်မျိုးတို့သည်အသက်စွန့်၍ အစားအစာရှာဖွေရကြပါ၏။
ထိုနေ့သည်မှောင်မိုက်အုံ့ဆိုင်းသောနေ့၊မည်း နက်လျက် မိုးတိမ်ထူထပ်သောနေ့ဖြစ်လိမ့်မည်။ တောင်ရိုးများကိုလွှမ်းခြုံလိုက်သည့် မှောင်ရိပ်ကဲ့သို့၊ကျိုင်းကောင်အုပ်ကြီးသည်ရှေ့သို့ ချီတက်လာလေသည်။ ဤသို့အဘယ်အခါကမျှဖြစ်ပျက်ခဲ့ဘူးသည်မရှိ။ နောင်အဘယ်အခါ၌မျှလည်းဖြစ်ပျက်လိမ့်မည် မဟုတ်။
ထာဝရဘုရား၏နေ့တော်သည်အလင်း မရဘဲ အမှောင်ကျသောနေ့ဖြစ်လိမ့်မည်။ ထွန်းတောက်ခြင်းအလျှင်းမရှိဘဲ အမှောင်ထု ကြီးဖုံးနေသောနေ့သာလျှင်ဖြစ်လိမ့်မည်။
ထိုနေ့ရက်သည်အမျက်ထန်သည့်နေ့၊ ဆင်းရဲ ပူပန်ရသောနေ့၊ ယိုယွင်းပျက်စီးသုတ်သင် ပယ်ရှင်းရာနေ့၊ မိုက်မှောင်ညိုမှိုင်းသည့်နေ့ မည်းနက်၍မိုးတိမ်ထူသည့်နေ့၊
ငါတို့သည်တရားစီရင်တော်မူခြင်းကိုလည်း ကောင်း၊ ဘုရားသခင်ကိုအတိုက်အခံပြုသူ တို့အားကျွမ်းလောင်စေမည့်အမျက်တော်မီး ကိုလည်းကောင်းကြောက်ရွံ့တုန်လှုပ်လျက်စောင့် မျှော်နေကြရန်သာရှိတော့၏။-