ယောဘဝတ္တု။ 15:17 - Common Language Bible ငါ့စကားကို နားထောင်လော့။ တပါးအမျိုးသားနှင့် မရောနှော၊ ကိုယ်အမျိုးတမျိုးတည်းလျှင် မြေကို ပိုင်သော ပညာရှိတို့သည်၊ ဘိုးဘေးလက်ထက်မှစ၍ မထိမ်မဝှက်၊ ပြောဘူးသော အရာ၊ ငါ့ကိုယ်တိုင်မြင်သော အရာကို ငါပြသမည်။ Garrad Bible နား ထောင် လော့။ အ ကျွန်ုပ် ဖော် ပြ ဦး မည်။ လူ မျိုး ခြား နှင့် မ ရော ယှက် ဘဲ၊ တစ် မျိုး တည်း သာ လျှင် နေ ပြည် ကို ရ သော ဘိုး ဘေး တို့ မှ ပ ညာ ရှိ တို့ ဆက် ခံ၍၊ မ ထိမ် မ ချန် မ ဝှက် မ ထား၊ ကြား ပြော ခဲ့ သည့် အ တိုင်း၊ အ ကျွန်ုပ် လည်း ဒိ ဋ္ဌ မြင် ရ သော အ ရာ ကို ပြန် ကြား ပါ မည်။ Judson Bible ငါ့စကားကို နားထောင်လော့။ တစ်ပါးအမျိုးသားနှင့် မရောနှော၊ ကိုယ်အမျိုးတစ်မျိုးတည်းလျှင် မြေကိုပိုင်သော ပညာရှိတို့သည်၊ ဘိုးဘေးလက်ထက်မှစ၍ မထိမ်မဝှက်၊ ပြောဖူးသောအရာ၊ ငါ့ကိုယ်တိုင် မြင်သောအရာကို ငါပြသမည်။ မြန်မာ့စံမီသမ္မာကျမ်း သင့်ကို ငါရှင်းပြမည်။ နားထောင်ပါ။ ငါမြင်ဖူးသောအရာကိုလည်း ငါပြောပြမည်။ |
သို့ဖြစ်လျှင်၊ ရေကိုသောက်သကဲ့သို့ ဒုစရိုက်အပြစ်ကို သောက်လျက်၊ ဆိုးညစ်ရွံ့ရှာဘွယ်သော လူသတ္တဝါ၌ အဘယ်ဆိုဘွယ် ရှိသနည်း။
ဤအမှုကို ငါတို့သည် စစ်ဆေး၍ ယခုပြောသည်အတိုင်း မှန်ပါ၏။ နားထောင်ပါ။ အသင့်နှလုံးသွင်း ထားပါဟု မြွက်ဆို၏။