ထိုအခါဇေဒကိသည်မိက္ခာအနီးသို့ချဉ်းကပ်၍ ပါးကိုရိုက်ပြီးလျှင်``ထာဝရဘုရား၏ဝိညာဉ် တော်သည်သင့်အားမိန့်မြွက်တော်မူရန်အဘယ် အခါက ငါ၏ထံမှထွက်ခွာသွားတော်မူပါ သနည်း'' ဟုဆို၏။
ယောဘဝတ္တု။ 15:11 - Common Language Bible သင်၌ ဘုရားသခင်ပေးတော်မူသော သက်သာခြင်းအကြောင်း နည်းသလော။ သင်၌ဝှက်ထားသောအမှု တစုံတခုရှိသလော။ Garrad Bible ဘု ရား သ ခင် နှင့် စပ် လျဉ်း ရာ နှစ် သိမ့် ခြင်း စ ကား မှ စ၍၊ ဖြည်း ညှင်း သော စ ကား များ သည်၊ သင့် အ ဖို့ မ လောက် ပါ သ လော။ Judson Bible သင်၌ ဘုရားသခင်ပေးတော်မူသော သက်သာခြင်းအကြောင်း နည်းသလော။ သင်၌ ဝှက်ထားသောအမှု တစ်စုံတစ်ခုရှိသလော။ မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်၏နှစ်သိမ့်မှုနှင့် ညင်သာစွာပြောဆိုမှုတို့သည် သင့်အဖို့ မလုံလောက်သေးသလော။ |
ထိုအခါဇေဒကိသည်မိက္ခာအနီးသို့ချဉ်းကပ်၍ ပါးကိုရိုက်ပြီးလျှင်``ထာဝရဘုရား၏ဝိညာဉ် တော်သည်သင့်အားမိန့်မြွက်တော်မူရန်အဘယ် အခါက ငါ၏ထံမှထွက်ခွာသွားတော်မူပါ သနည်း'' ဟုဆို၏။
ဘုရားသခင်နှင့် တိတ်ဆိတ်စွာတိုင်ပင်ဘူး သလော။ ပညာကို ကိုယ်၌အကုန်အစင် သိမ်းထားပြီ လော။
အမှုရောက်သောဆင်းရဲသားတို့ကို ကယ်တင် တော်မူ၏။ ညှဉ်းဆဲခြင်းကိုခံရသောအခါ၊ နားထောင်စေ ခြင်းငှါ ပြုတော်မူ၏။
ထိုသို့သင့်ကိုလည်း ကျဉ်းမြောင်းသောအရပ်မှ ကျယ်ဝန်းရှင်း လင်းသောအရပ်သို့ပြောင်းစေ၍၊ သင်၏ စားပွဲပေါ်မှာ ကောင်းသော အရသာနှင့်ပြည့်စုံသော ခဲဘွယ်စားဘွယ်ကို တင်ထားတော်မူလိမ့်မည်။
ထိုသို့ဖြစ်လျှင်ငါသည် သက်သာရ၏။ ငြိုငြင်သော်လည်း သည်းခံမည်။ ငါ့ကိုနှမြောတော်မမူပါစေနှင့်။ သန့်ရှင်တော်မူသောသူ၏စကားကို ငါမငြင်းမဆန်ပြီ။
ငါသည်ဘုရားသခင်အကြောင်းကိုအောက်မေ့ ဆင်ခြင်သောအခါသက်ပြင်းချရ၏။ လေးနက်စွာတွေးတောသောအခါငါသည် စိတ်ပျက်အားငယ်ရ၏။
သို့ရာတွင်စိတ်ညှိုးငယ်သူကိုအားပေးတော်မူသော ဘုရားသခင်သည်ငါတို့ထံရောက်ရှိလာသောတိတု အားဖြင့် ငါတို့ကိုအားပေးတော်မူ၏။ တိတုရောက်ရှိ လာသည့်အတွက်ကြောင့်သာမက၊ တိတုအားသင် တို့ကအားပေးကြသည့်သတင်းကိုကြားသိရ သည့်အတွက်ကြောင့်လည်း ငါတို့သည်အားတက်ရ ကြပေသည်။-