ယောဘဝတ္တု။ 15:10 - Common Language Bible သင့်အဘထက်အသက်ကြီးသောသူ၊ ဆံပင်ဖြူ သောသူတို့သည် ငါတို့တွင်ရှိကြ၏။ Garrad Bible အ ကျွန်ုပ် တို့ တွင်၊ သင့် အ ဘ ထက် အ သက် ကြီး လျက်၊ ဆံ ဖြူ အို မင်း သူ ရှိ၏။ Judson Bible သင့်အဘထက် အသက်ကြီးသောသူ၊ ဆံပင်ဖြူသောသူတို့သည် ငါတို့တွင်ရှိကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ငါတို့တွင် ဆံပင်လည်းဖြူ၊ အသက်လည်းကြီးသောသူတို့ ရှိကြ၏။ သင့်ဖခင်ထက်ပင် အသက်ပိုကြီးကြသေး၏။ |
စစ်ဘေးကြောင့်လူတို့သည်လမ်းများပေါ်၌ သေဆုံးကြလိမ့်မည်။ နေအိမ်များတွင်ကြောက်မက်ဖွယ်ရာဘေးနှင့် တွေ့ကြုံရလိမ့်မည်။ ယောကျာ်းပျိုနှင့်မိန်းမပျိုတို့သေဆုံးရကြလိမ့်မည်။ နို့စို့ကလေးနှင့်အဖိုးအိုတို့သေဆုံးရကြလိမ့်မည်။
``လွန်လေပြီသောအတိတ်ကာလကို သတိရလော့။ ဖြစ်ပျက်ခဲ့သမျှကိုသင်တို့၏ဖခင်တို့အား မေးစမ်းကြည့်လော့။ အသက်ကြီးသူတို့အားရှေးဖြစ်ဟောင်းကို ပြောပြစေလော့။