သင်၏အသက်သည်မွန်းတည့်အရောင်ထက် ထွန်းလင်းလိမ့်မည်။ ယခုမှောင်မိုက်သော်လည်း နံနက် ကဲ့သို့ လင်းလိမ့်မည်။
ယောဘဝတ္တု။ 11:18 - Common Language Bible မြော်လင့်စရာရှိသောကြောင့် မစိုးရိမ်ဘဲနေလိမ့်မည်။ ယခုအရှုံးခံရသော်လည်း လုံခြုံစွာ ငြိမ်ဝပ်လိမ့်မည်။ Garrad Bible စောင့် မျှော် ရာ အ ကြောင်း ရှိ သ ဖြင့် စိတ် ချ စွာ နေ၍၊ လျှောက် ကြည့် ပြီး လျှင်၊ စိတ် ဧ စွာ အိပ် ပျော် ရ လ တ္တံ့။ Judson Bible မျှော်လင့်စရာရှိသောကြောင့် မစိုးရိမ်ဘဲနေလိမ့်မည်။ ယခုအရှုံးခံရသော်လည်း လုံခြုံစွာငြိမ်ဝပ်လိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း မျှော်လင့်ချက်ရှိသည်ဖြစ်၍ စိတ်အေးလက်အေးနေရလိမ့်မည်။ သင့်ပတ်ဝန်းကျင်ကိုကြည့်လျှင် လုံခြုံမှုရှိသည်ဖြစ်၍ နှစ်ခြိုက်စွာအိပ်ရလိမ့်မည်။ |
သင်၏အသက်သည်မွန်းတည့်အရောင်ထက် ထွန်းလင်းလိမ့်မည်။ ယခုမှောင်မိုက်သော်လည်း နံနက် ကဲ့သို့ လင်းလိမ့်မည်။
ငါမြော်လင့်စရာအခွင့်ရှိရမည်အကြောင်း၊ ငါ့ခွန်အားကားအဘယ်သို့နည်း။ ငါသည်ကိုယ်အသက်ကို စောင့်ရမည်အကြောင်း၊ နောက်ဆုံးခံရသော အကျိုးကား အဘယ်သို့နည်း။
အသက်မွေးဝမ်းကျောင်းမှုအတွက် နံနက်စောစောထ၍ ညဥ့်နက်သည်တိုင်အောင်ပင်ပန်းစွာအလုပ် လုပ်ရခြင်းသည်အချည်းနှီးဖြစ်၏။ အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည် မိမိချစ်တော်မူသောသူတို့အိပ်စက်နေစဉ် သူတို့လိုအပ်သောအရာများကို ပေးသနားတော်မူသောကြောင့်ဖြစ်၏။
ထာဝရဘုရားသည်ငါ့ကိုကွယ်ကာ စောင့်ထိန်းတော်မူသောကြောင့်ငါသည်လဲလျောင်း အိပ်ပျော်ခွင့်ကိုရရှိ၏။
ကျွန်တော်မျိုးသည်လဲလျောင်းလိုက်သောအခါ ငြိမ်သက်စွာအိပ်ပျော်သွားပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်သာလျှင်ကျွန်တော်မျိုးအားလုံခြုံစွာ နေနိုင်ခွင့်ကိုပေးတော်မူပါ၏။
ငါသည်အဘယ်ကြောင့်ဤမျှစိတ်ညှိုးငယ်ရသနည်း။ အဘယ်ကြောင့်စိတ်ဒုက္ခရောက်ရသနည်း။ ငါသည်ဘုရားသခင်အားမျှော်ကိုးမည်။ ငါ၏ကယ်တင်ရှင်၊ငါ၏ဘုရားအား တစ်ဖန်ထောမနာပြုမည်။
မတရားသောသူသည် မတရားသဖြင့် ပြုစဉ် အခါ၊ လှဲခြင်းကို ခံရ၏။ ဖြောင့်မတ်သောသူမူကား၊ သေသောအခါ၌ပင် မြော်လင့်စရာရှိ၏။
ဘုရားသခင်၏အကြံအစည်တော်မှာလူမျိုး တကာတို့အတွက်ကြွယ်ဝ၍ ဘုန်းအသရေနှင့် ပြည့်စုံသောနက်နဲသည့်အရာအကြောင်းကို မိမိ လူစုတော်အားသိစေရန်ပင်ဖြစ်၏။ ဤနက်နဲ သောအရာကားခရစ်တော်သည်သင်တို့စိတ် အတွင်း၌ကျိန်းဝပ်တော်မူကြောင်းပင်ဖြစ်၏။ တစ်နည်းအားဖြင့်ဆိုသော်သင်တို့သည်ဘုရား သခင်နှင့်အတူဘုန်းအသရေတော်ကို ခံစားရမည်ဖြစ်ကြောင်းတည်း။-