အကျွန်ုပ်ကို အမိဝမ်းထဲက အဘယ်ကြောင့် ဆောင်ခဲ့တော်မူသနည်း။ ထိုသို့ပြုတော်မမူလျှင် အကျွန်ုပ် သည်အသက်မရှိ၊ အဘယ်သူမျှ အကျွန်ုပ်ကိုမမြင်ရပါ။
ယောဘဝတ္တု။ 10:19 - Common Language Bible ထိုသို့ အကျွန်ုပ်သည် မဖြစ်သကဲ့သို့ဖြစ်၍၊ အကျွန်ုပ်ကိုအမိဝမ်းထဲမှ သင်္ချိုင်းသို့ ဆောင်ပို့ရကြ၏။ Garrad Bible မ ဖြစ် သ ကဲ့ သို့ ဖြစ် လျက် ဝမ်း မှ ပင် သင်္ချိုင်း သို့ ပို့ ခဲ့ ရ လေ ပြီ။ Judson Bible ထိုသို့ အကျွန်ုပ်သည် မဖြစ်သကဲ့သို့ဖြစ်၍၊ အကျွန်ုပ်ကိုအမိဝမ်းထဲမှ သင်္ချိုင်းသို့ ဆောင်ပို့ရကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်လျှင် အကျွန်ုပ်သည် တစ်ခါမျှမရှိခဲ့ဖူးသောသူကဲ့သို့ဖြစ်၍ အမိဝမ်းထဲမှ သင်္ချိုင်းသို့တစ်ခါတည်းရောက်သွားမည်ဖြစ်၏။ |
အကျွန်ုပ်ကို အမိဝမ်းထဲက အဘယ်ကြောင့် ဆောင်ခဲ့တော်မူသနည်း။ ထိုသို့ပြုတော်မမူလျှင် အကျွန်ုပ် သည်အသက်မရှိ၊ အဘယ်သူမျှ အကျွန်ုပ်ကိုမမြင်ရပါ။
အကြောင်းမူကား၊ မှောင်မိုက်မရောက်မှီ ငါ့ကို ပယ်ရှင်းတော်မမူ၊ ဝစူထပ်သောမှောင်မိုက်မှ ငါ့ကို ကွယ်ကာတော်မမူပါတကား။
သို့မဟုတ် အချိန်နေ့လမစေ့မှီ မွေးသောသူငယ်၊ အလင်းကို မမြင်ရသောသူငယ်ကဲ့သို့ ငါပျက်စီးရပြီ။
သူတို့သည်အကျိအချွဲအဖြစ်သို့အရည် ပျော်၍ သွားတတ်သည့်ပက်ကျိများကဲ့သို့ဖြစ်ကြပါစေသော။ အလင်းရောင်ကိုအဘယ်အခါ၌မျှမမြင်ရသည့် လျှောမွေးကဲ့သို့ဖြစ်ကြပါစေသော။