ယောဘဝတ္တု။ 10:11 - Common Language Bible အရေအသားဖြင့်ဖုံးလွှမ်း၍၊ အရိုးနှင့်အကြော တို့ဖြင့် ခိုင်ခံ့စေတော်မူပြီ။ Garrad Bible အ ရေ အ သား နှင့် ဖုံး လွှမ်း၍၊ အ ရိုး အ ကြော များ နှင့် လည်း ဖွဲ့ စည်း တော် မူ ပါ ပြီ။ Judson Bible အရေအသားဖြင့် ဖုံးလွှမ်း၍၊ အရိုးနှင့်အကြောတို့ဖြင့် ခိုင်ခံ့စေတော်မူပြီ။ မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်ကို အရေပြားနှင့်အသားတို့ဖြင့် ဖုံးအုပ်ပြီး အရိုးနှင့်အရွတ်တို့ဖြင့် ဖွဲ့စည်းတော်မူပါ၏။ |
အသက်ရှင်ရသောအကြောင်းနှင့်တကွ ကျေးဇူးများကိုပြုတော်မူပြီ။ ကြည့်ရှုပြုစုခြင်း ကျေးဇူးတော်သည် လည်း အကျွန်ုပ်၏ဝိညာဉ်ကိုမစပါပြီ။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ကိုယ်ခန္ဓာ အစိတ်အပိုင်းရှိသမျှတို့ကို ဖန်ဆင်းတော်မူပြီးလျှင်ယင်းတို့ကိုကျွန်တော်မျိုး မိခင်၏ဝမ်းတွင်း၌ဆက်စပ်စေတော်မူ၏။
ကိုယ်တော်၏စီမံအုပ်ချုပ်မှုအောက်တွင်ကိုယ်အင်္ဂါ ရှိသမျှတို့သည်တစ်ခုနှင့်တစ်ခုအဆစ်အပိုင်း များဖြင့်ဆက်စပ်လျက်နေကြ၏။ သို့ဖြစ်၍ကိုယ် အင်္ဂါအသီးသီးတို့သည် မိမိတို့သက်ဆိုင်ရာ အလုပ်တာဝန်ကိုဆောင်ရွက်ကြသောအခါ ကိုယ်ခန္ဓာတစ်ခုလုံးကိုမေတ္တာတရားအား ဖြင့်တည်ဆောက်၍ကြီးပွားစေလေသည်။