ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူတယောက်သည်လာ၍၊ ကိုယ်တော်၏သားသမီးတို့သည် အစ်ကိုအကြီးအိမ်၌ စား၍ စပျစ်ရည်ကို သောက်လျက်နေကြသောအခါ၊
ထို သို့ လျှောက် ဆဲ တွင်၊ တစ် ယောက် လာ ပြန်၍ ကိုယ် တော်၏ သား သ မီး တို့ သည်၊ အစ် ကို ကြီး အိမ် တွင် ခဲ ဖွယ် စား လျက်၊ စ ပျစ် ရည် သောက် လျက် နေ ကြ စဉ်၊
ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူတစ်ယောက်သည် လာ၍၊ ကိုယ်တော်၏သားသမီးတို့သည် အစ်ကိုအကြီးအိမ်၌ စား၍ စပျစ်ရည်ကိုသောက်လျက် နေကြသောအခါ၊
ထိုသို့ ကြားလျှောက်နေစဉ်တွင်ပင် အခြားတစ်ဦးရောက်လာ၍ “အရှင်၏သားသမီးတို့သည် မိမိတို့၏အစ်ကိုအကြီးဆုံးအိမ်တွင် အစာစား၍ စပျစ်ဝိုင်သောက်လျက်နေကြစဉ်
အဗရှလုံသည်ဘုရင်တို့နှင့်ထိုက်တန်သည့် စားပွဲကြီးကိုပြင်ဆင်ပြီးနောက် မိမိ၏အစေ ခံတို့အား``အာမနုန်သည်စပျစ်ရည်အလွန် အကြူးသောက်မိသောအခါ ငါအမိန့်ပေး လိုက်မည်။ ထိုအခါသင်တို့သူ့အားလုပ်ကြံ ကြလော့။ မကြောက်ကြနှင့်။ ငါကိုယ်တိုင်တာ ဝန်ယူမည်။ ရဲရင့်စွာပြုကြလော့။ လက်မရွံ့ စေကြနှင့်'' ဟုမှာကြား၍ထား၏။-
တနေ့သ၌ ယောဘ၏သားသမီးတို့သည် အစ်ကိုအကြီးအိမ်တွင်စား၍ စပျစ်ရည်ကိုသောက်လျက် နေကြစဉ်၊
ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူ တယောက်သည်လာ၍၊ ခါလဒဲအမျိုးသား တပ်သုံးတပ် တို့သည် ချီ၍ ကုလားအုပ်တို့ကို တိုက်ယူသွားကြပါပြီ။ လူစောင့်တို့ကိုလည်း ထားနှင့်သတ်၍ ကျွန်တော်တယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။
တောမှလေကြီးလာ၍ အိမ်လေးထောင့်ကို တိုက်သဖြင့်၊ အိမ်သည် ထိုလုလင်တို့အပေါ်၌ပြိုလဲပါ၏။ သူတို့သည်သေ၍ ကျွန်တော်တယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။
ယောဘ၏ သားတို့သည် နှစ်စဉ်အတိုင်း အသီးအသီးဘွားသောနေ့ရောက်လျှင်၊ မိမိတို့အိမ်၌ ပွဲခံသဖြင့်၊ နှမသုံးယောက်ကိုလည်းခေါ်၍ အတူစားသောက်လေ့ ရှိကြ၏။
ငါ့ကိုအထပ်ထပ်ဆွဲဖြတ်၍၊ သူရဲကဲ့သို့ငါ့ကို ဟုန်းဟုန်းတိုက်လာတော်မူ၏။
သူ၏သားသမီးများပြားသော်လည်း ထားစာ ဖြစ်ကြ၏။ မွတ်သိပ်ခြင်းကိုလည်း ခံရကြ၏။
သင်၏သားသမီးတို့သည် ဘုရားသခင်ကို ပြစ်မှားသောကြောင့်၊ ပြစ်မှားစဉ်တွင်၊ သူတို့ကိုသုတ်သင် ပယ်ရှင်းတော်မူသော်လည်း၊
သူတော်ကောင်းသည်ဆင်းရဲဒုက္ခများစွာ ရောက်ရတတ်၏။ သို့ရာတွင်ထာဝရဘုရားသည်သူ့အား ယင်းဆင်းရဲဒုက္ခအပေါင်းမှကယ်တော်မူ၏။
ခပ်သိမ်းသော သူတို့သည် ခပ်သိမ်းသောအမှု အရာတို့နှင့် ဆက်ဆံကြ၏။ တရားသောသူနှင့် မတရား သောသူ၊ ကောင်းသောသူနှင့် မကောင်းသောသူ၊ စင်ကြယ် သောသူနှင့် မစင်ကြယ်သောသူ၊ ယဇ်ပူဇော်သောသူနှင့် ယဇ်မပူဇော်သောသူ၊ အပြစ်မရှိသောသူနှင့် အပြစ်ရှိ သောသူ၊ ကျိန်ဆိုသောသူနှင့် ကျိန်ဆိုခြင်းကို ကြောက် သောသူတို့သည် တခုတည်းသောအမှုနှင့် တွေ့ကြုံတတ် ၏။
သူတို့သည်သင်တို့အားနံနက်တိုင်းထပ်ကာ ထပ်ကာတိုက်ခိုက်ကြလိမ့်မည်။ သင်တို့သည် နေ့ရောညဥ့်ပါဒုက္ခရောက်ကြလိမ့်မည်။ ဘုရားသခင်၏ဗျာဒိတ်တော်ရောက်ရှိလာသည့် အခါတိုင်း ထိတ်လန့်၍နေကြလိမ့်မည်။-
ဗာဗုလုန်မြို့သည်အဘက်ဘက်မှပြိုကျလျက် ရှိကြောင်းဗာဗုလုန်ဘုရင်အားမင်းလုလင်တို့ သည် တစ်ဦးပြီးတစ်ဦးလာရောက်လျှောက်ထား ကြ၏။-
သူသည်အနီးအနားမှဖြတ်သန်းသွားလာသူ အပေါင်းတို့အားအော်ပြောသည်မှာ ``ငါ့ကိုကြည့်ကြပါ။ ငါခံရသောဝေဒနာ မျိုးကို အဘယ်သူမျှမခံရဘူးပါ။ ဤကဲ့သို့သောဝေဒနာမျိုးရှိဖူးပါသလော။ ထိုဝေဒနာသည်ထာဝရဘုရား အမျက်တော်ထွက်၍ငါ့အားခံစားစေသည့် ဝေဒနာဖြစ်ပါ၏။''