ကိုယ်တော်ရှင်၏ကောင်းချီးမင်္ဂလာများသည် သူ၏အပေါ်သို့အစဉ်သက်ရောက်လျက် ရှိပါ၏။ သူ၏အနီးတွင်ကိုယ်တော်ရှိတော်မူသည် ဖြစ်၍ သူသည်ရွှင်လန်းဝမ်းမြောက်ပါ၏။
ယုဒ 1:24 - Common Language Bible သင်တို့မပြိုမလဲကြစေရန် စောင့်ရှောက်တော် မူနိုင်၍၊ သင်တို့အားအပြစ်ကင်းစင်စေလျက် ရွှင်လန်းဝမ်းမြောက်စွာ ဘုန်းအသရေထွန်း တောက်ရာရှေ့တော်မှောက်သို့ ဝင်ရောက်ခွင့်ကို ပေးတော်မူနိုင်သော၊- Garrad Bible သင် တို့ ကို မ လဲ မ ပြို စေ ရန် ကွယ် ကာ လျက် အ ပြစ် အ နာ မ ရှိ ဘဲ ရွှင် လန်း သော စိတ် နှင့် ဘုန်း တော် ရှေ့ ဆက် သ နိုင် တော် မူ ထ သော၊ Judson Bible ထိမိ၍လဲခြင်းနှင့် ကင်းလွတ်စေမည်အကြောင်း သင်တို့ကို စောင့်ရှောက်ခြင်းငှာလည်းကောင်း၊ အပြစ်မရှိဘဲ ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံလျက်ရှိသော သင်တို့ကို ဘုန်းအသရေတော်ရှေ့၌ ဆက်သခြင်းငှာလည်းကောင်း တတ်နိုင်တော်မူသော သူတည်းဟူသော၊- မြန်မာ့စံမီသမ္မာကျမ်း သင်တို့အား မှားယွင်းခြင်းနှင့်ကင်းစေရန် စောင့်ရှောက်နိုင်စွမ်းရှိတော်မူ၍ သင်တို့ကို အပြစ်အနာအဆာကင်းလျက် ရွှင်မြူးသောစိတ်ဖြင့် ဘုန်းအသရေတော်ရှေ့၌ရပ်စေနိုင်သော ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့အား အပြစ်နွံထဲသို့ လဲကျခြင်းမှ ကင်းဝေးစေနိုင်ပြီး အပြစ်ကင်းစင်လျက် ရွှင်လန်းဝမ်းမြောက်သောစိတ်နှင့် မိမိဘုန်းအသရေတော်ရှေ့သို့ ဝင်ရောက်စေနိုင်သည့် |
ကိုယ်တော်ရှင်၏ကောင်းချီးမင်္ဂလာများသည် သူ၏အပေါ်သို့အစဉ်သက်ရောက်လျက် ရှိပါ၏။ သူ၏အနီးတွင်ကိုယ်တော်ရှိတော်မူသည် ဖြစ်၍ သူသည်ရွှင်လန်းဝမ်းမြောက်ပါ၏။
ထိုအခါ အို ဘုရားသခင်၊ကျွန်တော်မျိုးသည် ယဇ်ပလ္လင်တော်သို့ချဉ်းကပ်ပါမည်။ ကျွန်တော်မျိုးသည်အထံတော်မှရွှင်လန်း ဝမ်းမြောက်ခြင်းကိုခံယူရရှိပါ၏။ အို ဘုရားသခင်၊ ကျွန်တော်မျိုး၏ဘုရား၊ကိုယ်တော်အား စောင်းတီးလျက်ချီးမွမ်းထောမနာပြုပါမည်။
ယဇ်ပုရောဟိတ်သည်ထိုသူကိုအထက်ပါ ပူဇော်သကာများနှင့်တကွ ထာဝရဘုရား စံတော်မူရာတဲတော်တံခါးဝသို့ခေါ် ဆောင်ခဲ့ရမည်။-
လူသားသည်ခမည်းတော်၏ဘုန်းအသရေကို ဆောင်လျက်ကောင်းကင်တမန်များနှင့်အတူ ကြွလာတော်မူလတ္တံ့။ ထိုအခါလူအပေါင်းတို့ အားမိမိတို့၏အကျင့်အလျောက်အကျိုး အပြစ်ကိုဆပ်ပေးတော်မူလိမ့်မည်။-
သခင်ယေရှုက ``ငါအမှန်အကန်ဆိုသည် ကားအသစ်ပြုပြင်ရာကာလတွင်လူသားသည် ဘုန်းအသရေနှင့်ပြည့်စုံသည့်ပလ္လင်တော်မှာ ထိုင်တော်မူသောအခါ ငါ၏တပည့်ဖြစ်သူ သင်တို့သည်လည်းပလ္လင်တစ်ဆယ့်နှစ်ခုပေါ်မှာ ထိုင်၍ ဣသရေလအနွယ်တစ်ဆယ့်နှစ်ပါးကို တရားစီရင်ရကြလတ္တံ့။-
``လူသားသည်ကောင်းကင်တမန်အပေါင်းခြံရံ လျက်ဘုရင်အဖြစ်ကြွလာတော်မူသောအခါ ပလ္လင်ပေါ်၌ထိုင်တော်မူလိမ့်မည်။-
``ဝမ်းမြောက်ရွှင်မြူးကြလော့။ ကောင်းကင်ဘုံတွင် သင်တို့ခံစားရမည့်အကျိုးသည်ကြီးလှပေ၏။ ရှေးပရောဖက်တို့ကိုထိုနည်းတူညှဉ်းဆဲကြပြီ။
မည်သူမဆိုငါနှင့်ငါ၏သြဝါဒကြောင့်ရှက် လျှင်လူသားသည်မိမိ၏ဘုန်းအသရေ၊ ခမည်း တော်၏ဘုန်းအသရေ၊ သန့်ရှင်းသောကောင်းကင် တမန်များ၏ဘုန်းအသရေကိုဆောင်လျက် ကြွလာသောအခါထိုသူကြောင့်ရှက်တော်မူ လတ္တံ့။-
သင်သည်အဘယ်သူဖြစ်၍သူတစ်ပါး၏ အစေခံကိုစစ်ကြောစီရင်နိုင်သနည်း။ ထို အစေခံ၏အလုပ်သည်ကျေနပ်ဖွယ်ဖြစ်သည် မဖြစ်သည်ကိုသူ၏သခင်ကဆုံးဖြတ်လိမ့် မည်။ သူ၏အလုပ်ကျေနပ်ဖွယ်ဖြစ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သခင်ဘုရားသည် သူ့အားကူမတော်မူနိုင်သောကြောင့်တည်း။
အထက်ပါအချက်များကိုထောက်၍မည်သို့ ဆိုရအံ့နည်း။ ဘုရားသခင်သည်ငါတို့ဘက် ၌ရှိတော်မူလျှင်အဘယ်သူမျှငါတို့အား ဆန့်ကျင်နိုင်မည်မဟုတ်။-
ဘုရားသခင်သည်သင်တို့ကိုမနာလိုစိတ်ရှိ တော်မူသကဲ့သို့ ငါသည်သင်တို့ကိုမနာလို စိတ်ရှိ၏။ သင်တို့သည်ခရစ်တော်တစ်ဦးတည်း နှင့်စုံဖက်ထိမ်းမြားရန် ငါကတိပြုထားသည့် အပျိုစင်နှင့်တူကြ၏။-
သခင်ယေရှုအားသေခြင်းမှရှင်ပြန်ထ မြောက်စေတော်မူသောဘုရားသခင်သည် ငါ တို့အားလည်းသခင်ယေရှုနှင့်အတူရှင်ပြန် ထမြောက်စေတော်မူပြီးလျှင် သင်တို့နှင့် အတူရှေ့တော်မှောက်သို့ခေါ်ဆောင်တော် မူမည်ဖြစ်ကြောင်းငါတို့သိကြ၏။-
ငါတို့ခဏခံရသောပေါ့ပါးသည့်ဆင်းရဲ ဒုက္ခသည်အတိုင်းထက်အလွန်ကြီးမြတ်သည့် ထာဝရဘုန်းအသရေကိုငါတို့အား ခံစားစေလိမ့်မည်။-
ငါတို့စိတ်နှလုံးကိုပြုပြင်တော်မူသော တန်ခိုးတော်အားဖြင့် ငါတို့တောင်းလျှောက် ကြံစည်သမျှသောအရာတို့ထက်သာလွန် ပိုမို၍ချပေးတော်မူနိုင်သောဘုရားသခင် သည် အသင်းတော်အားဖြင့်လည်းကောင်း၊ ခရစ်တော်ယေရှုအားဖြင့်လည်းကောင်း ထာဝစဉ်ကမ္ဘာအဆက်ဆက်ဘုန်းအသရေ ထွန်းတောက်တော်မူပါစေသတည်း။ အာမင်။
အသင်းတော်ကိုမိမိအားဆက်သတော်မူရာ ၌အညစ်အကြေးအစွန်းအကွက်မရှိ၊ သန့်ရှင်း ဖြူစင်အပြစ်ကင်းလျက်လှပတင့်တယ်သော အသရေနှင့်ပြည့်စုံနိုင်စေရန်ပင်ဖြစ်သည်။-
သို့ရာတွင်ယခုအခါ၌ဘုရားသခင်သည် လူ့ဇာတိကိုခံယူသောသားတော်အားအသေ ခံစေတော်မူသောအားဖြင့် သင်တို့အားမိမိနှင့် မိတ်ဆွေဖြစ်ခွင့်ကိုပေးတော်မူလေပြီ။ ယင်းသို့ ပြုတော်မူခြင်းမှာသင်တို့သည်ဖြူစင်သန့်ရှင်း မြင့်မြတ်လျက် အပြစ်ဆိုဖွယ်မရှိဘဲရှေ့တော် မှောက်သို့ဝင်ရောက်နိုင်ကြရန်ပင်ဖြစ်သည်။-
သို့ဖြစ်၍ငါတို့သည်လူအပေါင်းတို့အား ခရစ်တော်၏အကြောင်းတော်ကိုဟောပြော ကြ၏။ လူတိုင်းအားရင့်ကျက်သူအဖြစ်ဖြင့် ဘုရားသခင်၏ရှေ့တော်မှောက်သို့ရောက်ရှိ ရန်ပို့ဆောင်နိုင်အံ့သောငှာ ငါတို့သည်ဉာဏ် ပညာရှိသမျှဖြင့်လူတိုင်းကိုသတိပေး သွန်သင်ကြ၏။-
သင်တို့အသက်အစစ်အမှန်သည်ခရစ်တော် ဖြစ်သည်။ ကိုယ်တော်ထင်ရှားတော်မူသောအခါ သင်တို့သည်လည်းကိုယ်တော်နှင့်အတူဘုန်း အသရေတော်ကိုခံစားရကြလတ္တံ့။
သခင်ဘုရားသည်ငါ့အားဘေးအန္တရာယ် အပေါင်းတို့မှကယ်နုတ်တော်မူ၍မိမိ၏ ကောင်းကင်နိုင်ငံတော်သို့လုံခြုံစွာပို့ဆောင် တော်မူလိမ့်မည်။ ကိုယ်တော်သည်ကမ္ဘာအဆက် ဆက်ဘုန်းအသရေထွန်းတောက်တော်မူပါ စေသတည်း။ အာမင်။
ပညတ်တော်တစ်ပါးကိုချိုးဖောက်သူသည် ပညတ်တော်အလုံးစုံကိုချိုးဖောက်ရာရောက် ပေသည်။-
အံ့သြနေမည့်အစားသင်တို့သည်ခရစ်တော် ၏ဝေဒနာတော်များကိုကိုယ်တော်နှင့်အတူ ပါဝင်ခံစားရကြသဖြင့်ဝမ်းမြောက်ကြ လော့။ သို့မှသာကိုယ်တော်၏ဘုန်းအသရေ တော်ပေါ်လွင်ထင်ရှားသောအခါသင်တို့သည် အလွန်ရွှင်လန်းဝမ်းမြောက်ကြလိမ့်မည်။-
သို့ဖြစ်၍ညီအစ်ကိုတို့၊ သင်တို့ကိုဘုရားသခင် ခေါ်ယူရွေးချယ်တော်မူခြင်းကိုတည်မြဲစေရန် ပို၍ပင်ကြိုးစားကြပါမူသင်တို့သည်အဘယ် အခါမျှ မိမိတို့၏ယုံကြည်ခြင်းကိုစွန့်လွှတ် ကြလိမ့်မည်မဟုတ်။-
ဘုရားသခင်၏မေတ္တာတော်တွင်ခိုလှုံကြ လော့။ အရှင်သခင်ယေရှုခရစ်သည်မိမိ၏ ကရုဏာတော်ကိုထောက်၍ သင်တို့အား ထာဝရအသက်ကိုပေးတော်မူမည့်နေ့ရက် ကိုစောင့်မျှော်၍နေကြလော့။
သူတို့သည်အဘယ်အခါမျှ လိမ်လည်၍ မပြောတတ်။ အပြစ်ကင်းစင်သူများဖြစ် ပေသည်။