သူတပါးများနှင့် မရောနှောသောသူသည် မိမိ စေတနာ အလိုရှိသည်အတိုင်း ရှာဖွေ၍၊ ပညာရတနာ အမျိုးမျိုးကို စူးစမ်းမွှေနှောက်တတ်၏။
ယုဒ 1:19 - Common Language Bible ထိုသူတို့သည်အသင်းတော်တွင်စိတ်ဝမ်း ကွဲပြားစေသူများ မိမိတို့နဂိုဇာတိစိတ် အလိုသို့လိုက်သူများ၊ ဝိညာဉ်တော်ကို မရသူများဖြစ်ကြ၏။- Garrad Bible ထို သူ တို့ သည် ဝိ ညာဉ် တော် ကို မ ရ သ ဖြင့် ပြ က တေ့ လူ ဖြစ် လျက် သင်း ခွဲ တတ် ကြ၏။ Judson Bible ထိုသူတို့သည် သင်းခွဲသောသူ၊ ဝိညာဉ်တော်နှင့် ကင်းသော ဇာတိပကတိလူ ဖြစ်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုသူတို့သည် ကွဲပြားမှုကိုဖြစ်စေသောသူ၊ ဇာတိနှင့်ဆိုင်သောသူ၊ ဝိညာဉ်တော်ကိုမရသောသူများဖြစ်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤသူတို့သည် စိတ်ဝမ်းကွဲစေသောသူ၊ ဝိညာဉ်တော်ကို မရရှိသည့် လူ့ဗီဇစိတ်အလိုတိုင်းလိုက်သောသူများဖြစ်ကြ၏။ |
သူတပါးများနှင့် မရောနှောသောသူသည် မိမိ စေတနာ အလိုရှိသည်အတိုင်း ရှာဖွေ၍၊ ပညာရတနာ အမျိုးမျိုးကို စူးစမ်းမွှေနှောက်တတ်၏။
ထိုနောက်သူတို့ကမိမိတို့သည်အလွန်ပင် မြင့်မြတ်သန့်ရှင်းလှသည်၊ အခြားသူတို့နှင့် မထိမတွေ့အပ်ဟုဆိုကာ အဘယ်သူကိုမျှ မိမိတို့အနီးသို့မချဉ်းမကပ်စေကြ။ ငါ သည်ဤသို့သောလူတို့ကိုသည်းမခံနိုင်။ ထိုသူတို့အပေါ်သို့သက်ရောက်သည့်ငါ၏ အမျက်ဒေါသသည်အစဉ်တောက်လောင် လျက်နေသည့်မီးနှင့်တူ၏။
``ငါ၏ထံမှလွဲဖယ်၍ရုပ်တုများကိုကိုး ကွယ်ကာ မိမိတို့ရှေ့တွင်ကောက်ကျစ်၍လဲ စရာကိုချထားလျက်ပရောဖက်ထံလာ ရောက်စုံစမ်းမေးမြန်းသော ဣသရေလ အမျိုးသားသို့မဟုတ်ဣသရေလနိုင်ငံ ၌ နေထိုင်သူလူမျိုးခြားအားငါထာဝရ ဘုရားအဖြေပေးမည်။-
သို့ရာတွင်သူတို့ကိုငါဒဏ်ခတ်တော်မမူ။ သင်တို့ကိုယ်တိုင်နတ်ဘုရားကိုးကွယ်ရာ ဌာနဆိုင်ရာပြည့်တန်ဆာမများနှင့်ပေါင်း ဖော်၍ နတ်ဘုရားများကိုအတူတကွ ပူဇော်ပသလေ့ရှိသောကြောင့်ပေတည်း။ `အသိဉာဏ်ကင်းမဲ့သောလူမျိုးသည်ပျက် စီးဆုံးရှုံးရလိမ့်မည်' ဟူ၍ဆိုရိုးစကား ရှိသည်အတိုင်းပင်ဖြစ်၏။
ထာဝရဘုရားက``ဣသရေလကိုငါဦး စွာတွေ့ရစဉ်က တောကန္တာရ၌ပေါက်သော စပျစ်ပင်များကိုတွေ့ရသကဲ့သို့ဖြစ်၏။ သင်တို့၏ဘိုးဘေးများကိုငါဦးစွာတွေ့ ရစဉ်ကပေါ်ဦးပေါ်ဖျားမှည့်သောသဖန်း သီးများကိုတွေ့ရသကဲ့သို့ဖြစ်၏။ သို့ ရာတွင်သူတို့သည်ပေဂုရတောင်သို့ရောက် ရှိသောအခါ ဗာလဘုရားကိုကိုးကွယ် ကြသဖြင့်၊ သူတို့ကြည်ညိုသောဘုရား များကဲ့သို့စက်ဆုတ်ရွံရှာဖွယ်ဖြစ်လာ ကြ၏။-
သို့ရာတွင်ဘုရားသခင်၏ဝိညာဉ်တော်သည် သင်တို့အထဲ၌အကယ်ပင်ကျိန်းဝပ်တော်မူ လျှင် သင်တို့သည်ဇာတိသဘောလှုံ့ဆော်သည့် အတိုင်းမဟုတ်ဘဲဝိညာဉ်တော်သွန်သင်သည့် အတိုင်းပြုမူကျင့်ကြံ၏။ ခရစ်တော်၏ဝိညာဉ် တော်မကျိန်းဝပ်သောသူသည်ခရစ်တော်နှင့် မည်သို့မျှမသက်ဆိုင်။-
ဝိညာဉ်တော်ကိုမခံမယူသူသည်ဝိညာဉ် တော်ချပေးသည့်ဆုကျေးဇူးများကိုမခံ စားနိုင်။ ဝိညာဉ်ရေးကိုအခြေခံမှသာလျှင် ထိုအရာများ၏တန်ဖိုးကိုအကဲဖြတ်နိုင် သဖြင့် ဝိညာဉ်တော်မခံမယူသူသည်ဝိညာဉ် ဆုကျေးဇူးများအကြောင်းကိုအကယ်ပင် နားမလည်နိုင်။ သူ၏အတွက်ထိုအရာတို့ သည်အနက်အဋ္ဌိပ္ပါယ်ကင်းမဲ့သောအရာ များသာလျှင်ဖြစ်ပေသည်။-
သင်တို့ကိုယ်ခန္ဓာသည်ဘုရားသခင်သင်တို့ အတွင်း၌ကိန်းအောင်းတော်မူသော၊ ဘုရား သခင်ပေးသနားတော်မူ၍ ဝိညာဉ်တော်၏ ဗိမာန်တော်ဖြစ်ကြောင်းကိုသင်တို့မသိကြ သလော။ သင်တို့ကိုယ်ကိုသင်တို့မပိုင်။ ဘုရား သခင်သာလျှင်ပိုင်တော်မူ၏။-
အချင်းချင်းတွေ့ဆုံဝတ်ပြုသည့်အလေ့အထ ကို လူအချို့တို့စွန့်လွှတ်သကဲ့သို့ငါတို့သည် မပြုဘဲနေကြစို့။ တရားစီရင်တော်မူရာ နေ့ရက်နီးကပ်လာသည်ကိုထောက်သဖြင့် ငါတို့သည်ပို၍တစ်ယောက်ကိုတစ်ယောက် အားပေးကြကုန်အံ့။
ထိုကဲ့သို့သောပညာသည်အထက်မှသက် ရောက်သည့်ပညာမဟုတ်။ လောကီဆန်သော၊ အသွေးအသားနှင့်ဆိုင်သော၊ နတ်မိစ္ဆာတို့နှင့် ပတ်သက်သောပညာသာလျှင်ဖြစ်ပေသည်။-