ကျွန်တော်မျိုးပြုသမျှသောအမှုတို့ကို သိတော်မူပါ၏။ အဝေးကကျွန်တော်မျိုး၏အကြံအစည် ရှိသမျှကိုသိမြင်တော်မူပါ၏။
မဿဲ 9:4 - Common Language Bible သခင်ယေရှုသည်ထိုသူတို့တွေးတောပုံကိုသိ မြင်တော်မူသဖြင့် ``သင်တို့သည်အဘယ်ကြောင့် ဤသို့မှားယွင်းစွာတွေးတောနေကြသနည်း။- Garrad Bible ထို သူ တို့၏ စိတ် ထင် များ ကို သိ မြင် တော် မူ သော် ယေ ရှု က စိတ်၌ အ ဘယ့် ကြောင့် မ ကောင်း ထင် မှတ် ကြ သ နည်း။ Judson Bible ယေရှုသည် ထိုသူတို့၏စိတ်ကို သိမြင်တော်မူလျှင်၊ သင်တို့သည် အဘယ်ကြောင့် ငြူစူသောစိတ် ရှိကြသနည်း။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုသည် သူတို့၏စဉ်းစားဆင်ခြင်မှုများကို သိမြင်တော်မူ၍“အဘယ်ကြောင့် သင်တို့၏စိတ်နှလုံးထဲ၌ မကောင်းသောအရာများကို စဉ်းစားဆင်ခြင်နေကြသနည်း။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် ထိုသူတို့၏ စိတ်ကိုသိမြင်တော်မူသဖြင့် “သင်တို့၏ စိတ်ထဲတွင် အဘယ်ကြောင့် မကောင်းသောအတွေးများကို တွေးတောနေကြသနည်း။ မြန်မာ ယေရှုသည် ထိုသူတို့၏စိတ်ကို သိမြင်တော်မူလျှင်၊ သင်တို့သည် အဘယ်ကြောင့် ငြူစူသောစိတ် ရှိကြသနည်း။- |
ကျွန်တော်မျိုးပြုသမျှသောအမှုတို့ကို သိတော်မူပါ၏။ အဝေးကကျွန်တော်မျိုး၏အကြံအစည် ရှိသမျှကိုသိမြင်တော်မူပါ၏။
ဧကန်မုချကိုယ်တော်ရှင်သိတော်မူမည်သာ ဖြစ်ပါ၏။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် လူတို့၏လျှို့ဝှက်သောအကြံအစည်များကို သိတော်မူသောကြောင့်ဖြစ်ပါ၏။
အရှင်ထာဝရဘုရားကဂေါဂအား``ထို အချိန်ကျရောက်သောအခါသင်သည် ဆိုးညစ်သောအကြံအစည်တစ်ခုကို ပြုလိမ့်မည်။-
ထိုသူတို့၏စိတ်နှလုံးအကြံအစည်ကိုသိတော်မူ သဖြင့်ကိုယ်တော်က ``နိုင်ငံတစ်ခုတွင်လူတို့သည် စိတ်ဝမ်းကွဲပြားလျက် အချင်းချင်းတိုက်ခိုက်နေလျှင် ထိုနိုင်ငံသည်မကြာမီပျက်စီးလိမ့်မည်။ ထိုနည်း တူလူတို့စိတ်ဝမ်းကွဲပြားလျက်နေသောမြို့ သို့မဟုတ်အိမ်ထောင်သည်မရပ်မတည်နိုင်ရာ။-
ကိုယ်တော်သည်ထိုသူတို့၏ပရိယာယ်ကိုသိတော် မူသဖြင့် ``သင်တို့သည်ငါ့အားအဘယ်ကြောင့် အပြစ်ရှာလိုကြသနည်း။ ဒင်္ဂါးတစ်ပြားကိုငါ ကြည့်ဖို့ယူခဲ့ကြလော့'' ဟုမိန့်တော်မူ၏။
သခင်ယေရှုသည်ထိုသူတို့ယင်းသို့တွေးတော နေသည်ကို ချက်ချင်းသိတော်မူသဖြင့် ``သင်တို့ သည်အဘယ်ကြောင့်ဤသို့တွေးတောနေကြ သနည်း။-
ကိုယ်တော်သည်ထိုသူတို့၏အကြံအစည်ကို သိတော်မူသဖြင့် ``တိုင်းနိုင်ငံတစ်ခုတွင်လူ တို့စိတ်ဝမ်းကွဲပြားလျက်နေလျှင် ထိုနိုင်ငံသည် မကြာမီပျက်စီးမည်သာဖြစ်၏။ အိမ်ထောင်တစ် ခုတွင်အိမ်သူအိမ်သားတို့စိတ်ဝမ်းကွဲပြား လျက်နေလျှင် ထိုအိမ်ထောင်သည်ပျက်စီး မည်သာဖြစ်၏။-
သခင်ယေရှုသည်ထိုသူတို့ယင်းသို့တွေးတော နေကြသည်ကိုသိတော်မူသဖြင့် ``သင်တို့သည် အဘယ်ကြောင့်တွေးတောနေကြသနည်း။-
ကိုယ်တော်သည်ထိုသူတို့၏စိတ်အကြံအစည် ကိုသိတော်မူသောကြောင့် လက်သေသူအား ``နေရာ မှထပြီးရှေ့သို့လာ၍ရပ်လော့'' ဟုမိန့်တော်မူ၏။ ထိုသူသည်နေရာမှထပြီးရှေ့သို့သွား၍ရပ်၏။-
ထိုအခါသခင်ယေရှုကထိုသူအား ``ရှိမုန်၊ သင့်အားငါပြောစရာတစ်ခုရှိ၏'' ဟုမိန့် တော်မူ၏။ ရှိမုန်က ``ဆရာတော်၊အမိန့်ရှိတော်မူပါ'' ဟုလျှောက်၏။
သခင်ယေရှုသည်မိမိအားထိုသူတို့လျှောက် ထားမေးမြန်းလိုကြောင်းသိတော်မူသဖြင့် ``သင် တို့အချင်းချင်းအဘယ်အကြောင်းကိုမေးမြန်း ပြောဆိုလျက်နေကြသနည်း။ `အချိန်အနည်း ငယ်ကြာလျှင်သင်တို့ငါ့ကိုတွေ့မြင်ကြတော့ မည်မဟုတ်' ဟူ၍လည်းကောင်း၊ ထိုနောက် `အချိန် အနည်းငယ်ကြာပြန်သော်ငါ့ကိုပြန်၍တွေ့ မြင်ကြလိမ့်မည်' ဟူ၍လည်းကောင်းငါပြော သောစကားများနှင့်ပတ်သက်၍လော။-
ကိုယ်တော်သည်ခပ်သိမ်းသောအရာတို့ကိုသိ တော်မူကြောင်း ယခုအကျွန်ုပ်တို့သိကြပါပြီ။ ကိုယ်တော်အားအဘယ်သူမျှမေးလျှောက်ရန် မလိုတော့ပါ။ သို့ဖြစ်၍ကိုယ်တော်သည်ဘုရား သခင်ထံတော်မှကြွလာတော်မူသောအရှင် ဖြစ်သည် ကိုအကျွန်ုပ်တို့ယုံကြည်ပါ၏'' ဟု လျှောက်ထားကြ၏။
တတိယအကြိမ်ကိုယ်တော်က ``ယောဟန်၏သား ရှိမုန်၊ သင်သည်ငါ့ကိုချစ်သလော'' ဟုမေးတော် မူ၏။ ဤသို့တတိယအကြိမ်မေးတော်မူသဖြင့် ပေတရုသည်ဝမ်းနည်း၍ ``သခင်၊ ကိုယ်တော်သည် အရာခပ်သိမ်းတို့ကိုသိတော်မူ၏။ ကိုယ်တော် အားအကျွန်ုပ်ချစ်သည်ကိုကိုယ်တော်သိတော် မူပါ၏'' ဟုလျှောက်၏။ သခင်ယေရှုက ``ငါ့သိုးတို့ကိုထိန်းလော့။-
ဤသို့တပည့်တော်တို့သည်ညည်းတွားနေကြ သည်ကို သခင်ယေရှုသည်အလိုအလျောက်သိ တော်မူသဖြင့် ``ဤစကားကြောင့်သင်တို့စိတ် ပျက်ကြသလော။-
သို့သော်လည်းသင်တို့အနက်အချို့သောသူ တို့သည်မယုံကြည်ကြ'' ဟုမိန့်တော်မူ၏။ (မည် သူတို့မယုံကြည်ကြသည်ကိုလည်းကောင်း၊ မည်သူသည်ကိုယ်တော်အားရန်သူ့လက်သို့ အပ်နှံမည်ကိုလည်းကောင်း သခင်ယေရှုသည် အစကတည်းကပင်သိတော်မူပြီးဖြစ်၏။)-
ပေတရုက ``သခင်ဘုရား၏ဝိညာဉ်တော် ကိုသွေးတိုးစမ်းရန် အဘယ်ကြောင့်သင်တို့ သဘောတူကြံစည်ကြသနည်း။ ကြည့်လော့။ သင်၏ခင်ပွန်းကိုသင်္ဂြိုဟ်ခဲ့သူတို့သည် ယခု တံခါးဝသို့ပြန်ရောက်ပြီ။ သူတို့သည်သင့် ကိုလည်းဆောင်ယူသွားကြလတ္တံ့' ဟုဆို၏။-
သူ၏နောက်လိုက်တို့သည်အသတ်ခံကြရ လိမ့်မည်။ ထိုအခါ၌ငါသည်လူတို့၏စိတ် နှလုံးနှင့်အကြံအစည်တို့ကိုသိမြင် တော်မူသောအရှင်ဖြစ်ကြောင်း အသင်းတော် အပေါင်းတို့သိရှိကြလိမ့်မည်။ သင်တို့ အသီးသီး၏အကျင့်အလျောက်အကျိုး အပြစ်ကိုငါပေးမည်။