မျက်မမြင်တို့အားမျက်စိမြင်စေတော်မူ၏။ လဲကျနေသူအပေါင်းတို့ကိုကူမတော်မူ၏။ ကိုယ်တော်သည်ဖြောင့်မတ်သောသူတို့ကို ချစ်တော်မူ၏။
မဿဲ 9:30 - Common Language Bible ထိုသူတို့သည်စက္ခုအလင်းရလေ၏။ သခင် ယေရှုကလည်း ``ထိုအမှုကိုမည်သူမျှမသိ စေနှင့်'' ဟုကြပ်တည်းစွာပညတ်တော်မူ၏။ Garrad Bible မည် သူ့ ကို မျှ မ သိ စေ ကြ နှင့် ဟု ပ ညတ် တော် မူ သော် လည်း၊ Judson Bible သူတို့သည် မျက်စိပွင့်လင်းလေ၏။ ယေရှုကလည်း၊ အဘယ်သူမျှ မသိစေခြင်းငှာ သတိပြုကြလော့ဟု မြစ်တားတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် မျက်စိမြင်လာလေ၏။ ယေရှုကလည်း“မည်သူမျှမသိစေရန် သတိပြုကြလော့”ဟု သူတို့အား တင်းကျပ်စွာမှာကြားတော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ သူတို့သည် မျက်စိမြင်လာကြ၏။ ယေရှုက “ဤအကြောင်းကို မည်သူ့ကိုမျှ မသိစေနှင့်” ဟု တင်းကျပ်စွာ သတိပေးတော်မူ၏။ မြန်မာ သူတို့သည် မျက်စိပွင့်လင်းလေ၏။ ယေရှုကလည်း၊ အဘယ်သူမျှ မသိစေခြင်းငှာ သတိပြုကြလော့ဟု မြစ်တားတော်မူ၏။- |
မျက်မမြင်တို့အားမျက်စိမြင်စေတော်မူ၏။ လဲကျနေသူအပေါင်းတို့ကိုကူမတော်မူ၏။ ကိုယ်တော်သည်ဖြောင့်မတ်သောသူတို့ကို ချစ်တော်မူ၏။
မျက်မမြင်တို့သည်မျက်စိမြင်ကြလိမ့်မည်။ နားပင်းသူတို့သည်လည်းနားကြားကြလိမ့်မည်။
သင်သည်မျက်မမြင်တို့အားမျက်စိပွင့်လင်း လာစေ၍ အချုပ်ထောင်အမှောင်ခန်းများရှိလူတို့အား အနှောင်အဖွဲ့မှလွတ်မြောက်စေလိမ့်မည်။
ထာဝရဘုရားက ``ငါ၏အစေခံသည်မိမိပြုသောအမှုတွင် ပညာရှိစွာပြုမူလိမ့်မည်။ သူသည်ချီးမြှောက်ခြင်းခံရ၍ကြီးမြတ်သော ဂုဏ်အသရေရှိလိမ့်မည်။
သို့ရာတွင်မိမိ၏အကြောင်းကိုသူတစ်ပါးတို့ အားမပြောကြားရန် ထိုသူတို့ကိုပညတ်တော် မူ၏။-
ထိုနောက်ကိုယ်တော်နှင့်တပည့်တော်တို့သည်တောင် ပေါ်မှဆင်းကြ၏။ ထိုသို့ဆင်းကြစဉ်သခင်ယေရှု က ``သင်တို့တွေ့မြင်ခဲ့ကြသည့်အခြင်းအရာကို လူသားသေခြင်းမှမထမြောက်မီအဘယ်သူ အားမျှမပြောကြနှင့်'' ဟုတပည့်တော်တို့အား ပညတ်တော်မူ၏။
သခင်ယေရှုက ``ဤအကြောင်းကိုမည်သူ့အားမျှ မပြောမိစေရန်သတိပြုလော့။ ယဇ်ပုရောဟိတ်ထံ ကိုသွား၍သင်၏ကိုယ်ကိုပြလော့။ ထိုနောက်လူတို့ ရှေ့တွင်သက်သေခံအထောက်အထားဖြစ်စေရန် မောရှေမိန့်မှာခဲ့သည့်ပူဇော်သကာကိုဆက်သလော့'' ဟုမိန့်တော်မူ၏။
ချက်ချင်းပင်သခင်ယေရှုသည်ထိုသူအား ``ဤ အဖြစ်အပျက်အကြောင်းကိုမည်သူ့အားမျှ မပြောနှင့်၊ ယဇ်ပုရောဟိတ်ထံသို့မူသွား၍သင်၏ ကိုယ်ကိုပြလော့။ သင်သန့်စင်သွားသည့်အတွက် လူတို့ရှေ့တွင်သက်သေပြရန် မောရှေမိန့်မှာသည့် ပူဇော်သကာကိုဆက်သလော့'' ဟုကြပ်တည်းစွာ သတိပေး၍ထွက်ခွာသွားစေတော်မူ၏။
ကိုယ်တော်ကမူမိမိမည်သူဖြစ်သည်ကိုထုတ်ဖော် ၍မပြောရန် သူတို့အားကြပ်တည်းစွာပညတ် တော်မူ၏။
ကိုယ်တော်က ``ဤအကြောင်းကိုအဘယ်သူအား မျှမပြောနှင့်'' ဟုသူတို့အားကြပ်တည်းစွာပညတ် တော်မူပြီးနောက် ``သူငယ်မအားအစားအစာ ကျွေးလော့'' ဟုမိန့်တော်မူ၏။
``ဤအကြောင်းကိုမည်သူ့အားမျှမပြောနှင့်'' ဟု ထိုသူအားတားမြစ်တော်မူပြီးသော်ကိုယ်တော် က ``သင်သည်ယဇ်ပုရောဟိတ်ထံသို့သွား၍ကိုယ် ကိုပြလော့။ သင့်ရောဂါပျောက်ကင်းကြောင်းလူတို့ ရှေ့၌သက်သေခံအထောက်အထားဖြစ်စေရန် မောရှေမိန့်မှာသည့်ပူဇော်သကာကိုဆက်သ လော့'' ဟုမိန့်တော်မူ၏။
မိဘတို့သည်များစွာအံ့သြကြ၏။ သို့ရာတွင် ကိုယ်တော်သည်ဤအဖြစ်အပျက်အကြောင်းကို မည်သူအားမျှမပြောရန်သူတို့အားပညတ် တော်မူ၏။