သွားလော့။ ဝမ်းမြောက်သောစိတ်နှင့် အစာစား လော့။ ရွှင်လန်းသောစိတ်နှင့် စပျစ်ရည်ကို သောက် လော့။ သင်ပြုသောအမှုတို့ကို ဘုရားသခင် ဝန်ခံတော်မူ၏။
မဿဲ 9:2 - Common Language Bible ထိုအခါလူတို့သည်လေဖြတ်သူလူတစ်ယောက် ကိုထမ်းစင်ထက်တင်၍ အထံတော်သို့ယူဆောင်ခဲ့ ကြ၏။ သခင်ယေရှုသည်ထိုသူတို့၏ယုံကြည် ခြင်းရှိပုံကိုမြင်တော်မူလျှင် လေဖြတ်သူအား ``ငါ့သားအားမငယ်နှင့်။ သင်၏အပြစ်ကိုဖြေ လွှတ်ပြီ'' ဟုမိန့်တော်မူ၏။ Garrad Bible ထမ်း စင် ထက် တင် လျက် အ ထံ တော် သို့ ဆောင် ခဲ့ ကြ၏။ ထို သူ တို့၏ ယုံ ကြည် ခြင်း ကို မြင် တော် မူ သော် ယေ ရှု က ငါ့ သား အား ယူ လော့၊ သင့် အ ပြစ် ပြေ လွတ် ပြီ ဟု သူ နာ အား မိန့် တော် မူ လျှင်၊ Judson Bible လက်ခြေသေ၍ အိပ်ရာပေါ်မှာ တုံးလုံးနေသော သူတစ်ယောက်ကို အထံတော်သို့ ဆောင်ခဲ့ကြ၏။ ယေရှုသည် ထိုသူတို့၏ ယုံကြည်ခြင်းကိုမြင်လျှင် လက်ခြေသေသောသူအား၊ ငါ့သား၊ မစိုးရိမ်နှင့်။ သင်၏အပြစ်ကို လွတ်စေပြီဟု မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ လူတို့သည် အိပ်ရာပေါ်၌လဲလျောင်းနေသည့် လေဖြတ်သောသူတစ်ဦးကို အထံတော်သို့သယ်ဆောင်လာကြ၏။ ယေရှုသည် ထိုသူတို့၏ယုံကြည်ခြင်းကိုမြင်လျှင် လေဖြတ်သောသူအား“ငါ့သား၊ မစိုးရိမ်နှင့်။ သင်၏အပြစ်များခွင့်လွှတ်ခြင်းခံရပြီ”ဟု မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ လူတချို့သည် လေဖြတ်သူတစ်ဦးကို ထမ်းစင်ပေါ်တင်၍ ယေရှုထံသို့ ခေါ်ဆောင်လာကြ၏။ ယေရှုသည် ထိုသူတို့၏ ယုံကြည်ခြင်းကို မြင်သောအခါ လေဖြတ်သူအား “ငါ့သား… မစိုးရိမ်နှင့်။ သင်၏အပြစ်များကို ခွင့်လွှတ်ပြီ” ဟု မိန့်တော်မူ၏။ မြန်မာ လက်ခြေသေ၍ အိပ်ရာပေါ်မှာ တုံးလုံးနေသော သူတစ်ယောက်ကို အထံတော်သို့ ဆောင်ခဲ့ကြ၏။ ယေရှုသည် ထိုသူတို့၏ ယုံကြည်ခြင်းကိုမြင်လျှင် လက်ခြေသေသောသူအား၊ ငါ့သား၊ မစိုးရိမ်နှင့်။ သင်၏အပြစ်ကို လွတ်စေပြီဟု မိန့်တော်မူ၏။- |
သွားလော့။ ဝမ်းမြောက်သောစိတ်နှင့် အစာစား လော့။ ရွှင်လန်းသောစိတ်နှင့် စပျစ်ရည်ကို သောက် လော့။ သင်ပြုသောအမှုတို့ကို ဘုရားသခင် ဝန်ခံတော်မူ၏။
ငါသည်သင်တို့၏အပြစ်များကို မိုးတိမ်သဖွယ် လွင့်စင်သွားစေပြီ။ ငါ့ထံသို့ပြန်လာကြလော့။ သင်တို့ကို ကယ်တင်သူကားငါပင်ဖြစ်၏။''
ထိုအခါသခင်ယေရှုက ``အားမငယ်ကြနှင့်။ ငါ ပင်ဖြစ်သည်။ မကြောက်ကြနှင့်'' ဟုမိန့်တော်မူ၏။
ကိုယ်တော်၏သတင်းသည်ရှုရိပြည်တစ်ဝှမ်းလုံး တွင်ပျံ့နှံ့၍သွားသဖြင့်လူတို့သည်နတ်ပူးဝင် သူ၊ ဝက်ရူးနာစွဲကပ်သူ၊ ခြေလက်သေသူမှစ၍ အမျိုးမျိုးသောအနာရောဂါစွဲကပ်သူဝေဒနာ ရှင်များကိုအထံတော်သို့ခေါ်ဆောင်ခဲ့ကြ၏။ ကိုယ်တော်သည်ထိုသူအပေါင်းတို့အားရောဂါ ပျောက်ကင်းစေတော်မူ၏။-
အကျွန်ုပ်တို့ကိုပြစ်မှားသောသူတို့၏အပြစ်များကို အကျွန်ုပ်တို့ဖြေလွှတ်ကြသကဲ့သို့၊အကျွန်ုပ်တို့၏ အပြစ်များကိုလည်းဖြေလွှတ်တော်မူပါ။
ဤစကားကိုသခင်ယေရှုကြားတော်မူလျှင် အံ့သြတော်မူ၏။ သို့ဖြစ်၍နောက်တော်သို့လိုက် လာကြသောပရိသတ်တို့အား
ညချမ်းအချိန်ရောက်သောအခါလူတို့သည် နတ်မိစ္ဆာပူးဝင်နေသူအမြောက်အမြားကို အထံတော်သို့ဆောင်ခဲ့ကြ၏။ ကိုယ်တော်သည် နတ်မိစ္ဆာတို့ကိုအမိန့်ပေး၍နှင်ထုတ်တော်မူ၏။ ရောဂါသည်အပေါင်းကိုလည်းကျန်းမာစေ တော်မူ၏။-
သခင်ယေရှုသည်လှည့်၍ကြည့်တော်မူလျှင် ထို အမျိုးသမီးကိုမြင်တော်မူသဖြင့် ``ငါ့သမီး၊ အားမငယ်နှင့်။ သင်၏ယုံကြည်ခြင်းသည်သင်၏ ရောဂါပျောက်စေပြီ'' ဟုမိန့်တော်မူ၏။ ထိုအချိန် ၌ပင်ထိုအမျိုးသမီး၏ရောဂါပျောက်လေ၏။
`သင်၏အပြစ်ကိုဖြေလွှတ်ပြီ' ဟုပြောရန်ပို၍ လွယ်ကူသလော။ သို့တည်းမဟုတ် `နေရာမှထ၍ လှမ်းသွားလော့' ဟုပြောရန်ပို၍လွယ်ကူသလော။-
သို့ရာတွင်လူသားသည်လောကတွင်အပြစ် ဖြေလွှတ်ပိုင်သည်ကိုသင်တို့အားသိမြင်စေအံ့'' ဟုဆိုလျက်လေဖြတ်သူအား ``ထလော့၊ ထမ်းစင် ကိုထမ်း၍အိမ်သို့ပြန်လော့'' ဟုမိန့်တော်မူ၏။
နေဝင်၍ညချမ်းအချိန်ရောက်သောအခါ လူတို့သည် ရောဂါသည်များနှင့်နတ်မိစ္ဆာပူးဝင်သူများကို အထံတော်သို့ဆောင်ခဲ့ကြ၏။-
သခင်ယေရှုသည်ရပ်တန့်တော်မူလျက် ``သူ့ကို ခေါ်ခဲ့လော့'' ဟုမိန့်တော်မူ၏။ လူတို့သည်မျက်မမြင်အား ``အားမငယ်နှင့်။ ထလော့။ သင့်ကိုကိုယ်တော်ခေါ်တော်မူသည်'' ဟုဆိုကြ၏။
ကိုယ်တော်က ``ငါ့သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကျန်းမာစေပြီ။ စိတ်ချမ်းသာစွာသွားလော့။ ရောဂါပျောက်ကင်းစေ'' ဟုမိန့်တော်မူ၏။
သူတို့သည်ကိုယ်တော်ကိုမြင်သောအခါ ထိတ် လန့်ကြသောကြောင့်ဖြစ်၏။ ထိုအခါကိုယ်တော် က ``အားမငယ်ကြနှင့်။ ငါပင်တည်း။ မကြောက် ကြနှင့်'' ဟုသူတို့အားမိန့်တော်မူ၏။-
သင်တို့သည်လောကတွင်ဆင်းရဲဒုက္ခနှင့်တွေ့ ကြုံရလိမ့်မည်။ သို့ရာတွင်အားမငယ်ကြနှင့်။ ငါသည်လောကကိုအောင်ပြီ'' ဟုမိန့်တော် မူ၏။
ကိုယ်တော်သည်လူ၏စိတ်နှလုံးအကြံအစည် ကိုသိတော်မူသောကြောင့် ကိုယ်တော်အားလူ့ အကြောင်းကိုအဘယ်သူမျှပြောရန်မလို။
ကိုယ်တော်က ``အမောင်တို့၊ ငါးမိကြပါ၏ လော'' ဟုမေးတော်မူ၏။ သူတို့က ``မမိပါ'' ဟုလျှောက်ထားကြ၏။
သူသည်ပေါလုဟောပြောသည်ကိုနားထောင် လျက်နေ၏။ ပေါလုသည်သူ့အားစိုက်ကြည့် လိုက်သောအခါ ရောဂါပျောက်ကင်းစေနိုင် လောက်အောင်သူ့မှာယုံကြည်မှုရှိကြောင်း ကိုသိမြင်လျှင်၊-
လူတို့သည်ပေါလုကိုင်တွယ်အသုံးပြုသည့် ပဝါ၊ အဝတ်အထည်စသည်တို့ကိုပင်သူနာ များနှင့်နတ်မိစ္ဆာပူးဝင်သူများထံဆောင်ယူ သွားသဖြင့် သူနာတို့သည်ရောဂါများပျောက် ကင်း၍နတ်မိစ္ဆာတို့သည် မိမိတို့ပူးဝင်သူထံ မှထွက်ခွာသွားကြ၏။-
ထိုည၌သခင်ဘုရားသည်ပေါလု၏အနီး၌ ရပ်လျက် ``မကြောက်နှင့်။ သင်သည်ယေရုရှလင် မြို့တွင် ငါ၏အကြောင်းကိုသက်သေခံခဲ့သည် နည်းတူရောမမြို့တွင်လည်းသက်သေခံရဦး မည်'' ဟုမိန့်တော်မူ၏။
ဤမျှသာမက၊ ဘုရားသခင်သည်ငါတို့အား ကိုယ်တော်၏မိတ်ဆွေဖြစ်စေတော်မူသော ငါတို့ သခင်ယေရှုခရစ်အားဖြင့်ပြုတော်မူသော အမှုကြောင့်ငါတို့ရွှင်လန်းဝမ်းမြောက်ကြ၏။
သို့ရာတွင်တစ်စုံတစ်ယောက်က``လူတစ်ဦး မှာယုံကြည်ခြင်းရှိ၍အခြားတစ်ဦးမှာ အကျင့်ရှိသည်'' ဟုစောဒကတက်လျှင်``အကျင့် နှင့်ကင်းသည့်ယုံကြည်ခြင်းကိုငါ့အားပြလော့။ ငါမူကားအကျင့်အားဖြင့်ငါ၏ယုံကြည် ခြင်းကိုပြမည်'' ဟုငါဆိုပေအံ့။-