လူများတို့သည် မိမိတို့ပြုသော ကျေးဇူးကို ကြားပြောတတ်၏။ သစ္စာ ရှိသော သူကိုကား၊ အဘယ်သူရှာ၍ တွေ့နိုင်သနည်း။
မဿဲ 9:14 - Common Language Bible ထိုအခါယောဟန်၏တပည့်များသည်ကိုယ်တော် ၏ထံသို့လာရောက်လျက် ``အကျွန်ုပ်တို့နှင့်ဖာရိရှဲ တို့သည်မကြာခဏအစာရှောင်ကြပါ၏။ သို့ ရာတွင်အရှင်၏တပည့်များမူကားအဘယ် ကြောင့်အစာမရှောင်ကြပါသနည်း'' ဟုမေး လျှောက်ကြ၏။ Garrad Bible ထို့ နောက် ယော ဟန်၏ တ ပည့် တို့ သည် ကိုယ် တော့် ထံ ချဉ်း ကပ်၍ အ ကျွန်ုပ် တို့ နှင့် ဖာ ရိ ရှဲ တို့ သည် အ စာ ရှောင် လျက် ကိုယ် တော်၏ တ ပည့် တို့ မူ ကား အ ဘယ် ကြောင့် အ စာ မ ရှောင် ကြ ပါ သ နည်း ဟု မေး လျှောက် ကြ သော်၊ Judson Bible ထိုအခါ ယောဟန်၏ တပည့်တို့သည် အထံတော်သို့ ချဉ်းကပ်၍၊ အကျွန်ုပ်တို့နှင့် ဖာရိရှဲတို့သည် အဖန်တလဲလဲ အစာရှောင်ကြသည်ဖြစ်၍၊ အဘယ်ကြောင့် ကိုယ်တော်၏တပည့်တို့သည် အစာမရှောင်ဘဲ နေကြပါသနည်းဟု လျှောက်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ယောဟန်၏တပည့်များသည် အထံတော်သို့ ချဉ်းကပ်လာ၍ “အကျွန်ုပ်တို့နှင့်ဖာရိရှဲတို့သည် မကြာခဏ အစာရှောင်ကြသော်လည်း ကိုယ်တော်၏တပည့်တော်များသည် အဘယ်ကြောင့် အစာမရှောင်ကြသနည်း”ဟု မေးလျှောက်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်နေ့သောအခါ နှစ်ခြင်းဆရာယောဟန်၏ တပည့်များသည် ယေရှုထံသို့လာ၍ “အကျွန်ုပ်တို့နှင့် ဖာရိရှဲတို့သည် မကြာခဏ အစာရှောင်လေ့ရှိကြ၏။ သို့ရာတွင် ဆရာတော်၏တပည့်များသည် အဘယ်ကြောင့် အစာမရှောင်ဘဲနေကြသနည်း” ဟု မေးလျှောက်ကြ၏။ မြန်မာ ထိုအခါ ယောဟန်၏ တပည့်တို့သည် အထံတော်သို့ ချဉ်းကပ်၍၊ အကျွန်ုပ်တို့နှင့် ဖာရိရှဲတို့သည် အဖန်တလဲလဲ အစာရှောင်ကြသည်ဖြစ်၍၊ အဘယ်ကြောင့် ကိုယ်တော်၏တပည့်တို့သည် အစာမရှောင်ဘဲ နေကြပါသနည်းဟု လျှောက်ကြ၏။- |
လူများတို့သည် မိမိတို့ပြုသော ကျေးဇူးကို ကြားပြောတတ်၏။ သစ္စာ ရှိသော သူကိုကား၊ အဘယ်သူရှာ၍ တွေ့နိုင်သနည်း။
ခရစ်တော်ပြုတော်မူသောအမှုအရာများ အကြောင်းကို ယောဟန်သည်ထောင်ထဲတွင်ကြား သိရသောအခါ မိမိ၏တပည့်များကိုစေ လွှတ်၍၊-
``သင်တို့သည်အစာရှောင်ကြသောအခါ သူတော် ကောင်းယောင်ဆောင်သူတို့ကဲ့သို့ ညှိုးငယ်သောအသွင် ကိုမဆောင်ကြနှင့်။ ထိုသူတို့သည်မိမိတို့အစာ ရှောင်လျက်နေကြောင်းထင်ပေါ်စေလိုသဖြင့် ဆာလောင် မွတ်သိပ်သောအမူအရာဖြင့်သွားလာတတ်ကြ၏။ အမှန်အကန်သင်တို့အားငါဆိုသည်ကား ထို သူတို့သည်မိမိတို့ခံစားလိုသည့်အကျိုးကို အပြည့်အဝခံစားရကြပြီ။-
သခင်ယေရှုက ``မင်္ဂလာဆောင်သတို့သား၏ အပေါင်းအဖော်များသည်သတို့သားနှင့်အတူ ရှိနေချိန်၌ဝမ်းနည်းပူဆွေးကြပါမည်လော။ သို့ရာတွင်သူတို့ထံမှသတို့သားကိုခွဲခွာ ယူဆောင်သွားမည့်နေ့ရက်ရောက်ရှိလာလိမ့်မည်။ ထိုအခါသူတို့သည်အစာရှောင်ကြလိမ့်မည်။
ယောဟန်၏တပည့်အချို့တို့သည်သန့်ရှင်း ခြင်းမင်္ဂလာအကြောင်းနှင့်ပတ်သက်၍ ယုဒ အမျိုးသားတစ်ယောက်နှင့်အငြင်းပွား ကြ၏။-
သခင်ယေရှုသည်ယောဟန်ထက်ပို၍များ သောတပည့်များကို ဗတ္တိဇံမင်္ဂလာပေးလျက် နေသည်ကိုဖာရိရှဲတို့ကြားသိကြ၏။-