ထိုနောက်ကိုယ်တော်သည်လူအပေါင်းတို့အား အိမ်သို့ပြန်စေတော်မူ၏။ တစ်ချိန်တည်းပင် တပည့်တော်တို့အားလှေပေါ်သို့တက်စေ၍ အိုင်တစ်ဖက်သို့ကူးစေတော်မူ၏။-
မဿဲ 8:18 - Common Language Bible သခင်ယေရှုသည်မိမိပတ်လည်ရှိလူပရိသတ် ကိုတွေ့မြင်တော်မူလျှင် အိုင်တစ်ဖက်သို့ထွက်ခွာ ရန်တပည့်တော်တို့အားအမိန့်ပေးတော်မူ၏။- Garrad Bible ပတ် လည်၌ ကြီး စွာ သော လူ ပ ရိ သတ် ရှိ သည် ကို ယေ ရှု မြင် သော် တစ် ဖက် ကမ်း သို့ ကူး လို ကြောင်း မိန့် တော် မူ လျှင် Judson Bible များစွာသော လူအပေါင်းတို့သည် ကိုယ်တော်ကိုဝန်းရံလျက် နေကြသည်ကို မြင်တော်မူလျှင်၊ ကမ်းတစ်ဖက်သို့ ကူးမည့်အကြောင်း အမိန့်တော်ရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုသည် မိမိပတ်လည်၌ရှိသောလူထုပရိသတ်ကို မြင်တော်မူသောအခါ ပင်လယ်တစ်ဖက်ကမ်းသို့ကူးသွားရန် အမိန့်ပေးတော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် မိမိပတ်လည်၌ရှိသော လူထုကို မြင်တော်မူလျှင် တပည့်တော်တို့အား တစ်ဖက်ကမ်းသို့ ကူးရန် ညွှန်ကြားတော်မူ၏။ မြန်မာ များစွာသော လူအပေါင်းတို့သည် ကိုယ်တော်ကိုဝန်းရံလျက် နေကြသည်ကို မြင်တော်မူလျှင်၊ ကမ်းတစ်ဖက်သို့ ကူးမည့်အကြောင်း အမိန့်တော်ရှိ၏။- |
ထိုနောက်ကိုယ်တော်သည်လူအပေါင်းတို့အား အိမ်သို့ပြန်စေတော်မူ၏။ တစ်ချိန်တည်းပင် တပည့်တော်တို့အားလှေပေါ်သို့တက်စေ၍ အိုင်တစ်ဖက်သို့ကူးစေတော်မူ၏။-
တောင်ပေါ်မှသခင်ယေရှုဆင်းသက်တော်မူလျှင် လူပရိသတ်ကြီးများသည်နောက်တော်သို့လိုက် ကြ၏။-
ထိုနေ့၌ပင်ညနေချမ်းအချိန်ကျရောက်လာ သောအခါ ကိုယ်တော်ကတပည့်တော်တို့အား ``အိုင် တစ်ဖက်ကမ်းသို့ကူးကြကုန်အံ့'' ဟုမိန့်တော်မူ၏။-
သခင်ယေရှုသည်အိုင်တစ်ဖက်သို့လှေဖြင့်တစ်ဖန် ကူးတော်မူပြန်သောအခါ များစွာသောလူတို့သည် အထံတော်သို့စုရုံးလာကြ၏။ ကိုယ်တော်သည်အိုင် ကမ်းခြေတွင်ရှိနေတော်မူစဉ်၊-
ထိုနောက်ကိုယ်တော်သည်လူအပေါင်းတို့အားအိမ် သို့ပြန်စေတော်မူ၏။ တစ်ချိန်တည်းမှာပင်တပည့် တော်တို့အားလှေတစ်စင်းပေါ်သို့တက်၍ အိုင်တစ် ဖက်ကမ်းရှိဗက်ဇဲဒရွာသို့ကူးနှင့်စေတော်မူ၏။-
ကိုယ်တော်သည်ထိုသူတို့ထံမှထွက်ကြွတော်မူ၍ လှေပေါ်သို့တစ်ဖန်တက်တော်မူပြီးလျှင်အိုင် တစ်ဖက်သို့ကူးတော်မူ၏။
တစ်နေ့သ၌ကိုယ်တော်နှင့်တပည့်တော်တို့သည် လှေပေါ်ကိုတက်ကြ၏။ ထိုနောက်ကိုယ်တော်က ``အိုင် တစ်ဖက်ကိုကူးကြကုန်အံ့'' ဟုမိန့်တော်မူသဖြင့် တပည့်တော်တို့သည်ရွက်လွှင့်ကြ၏။-
သခင်ယေရှုသည်ထိုသူတို့လာ၍ မိမိအား အတင်းအဋ္ဌမ္မခေါ်ဆောင်ကာမင်းမြှောက်ကြ လိမ့်မည်ကိုသိတော်မူသဖြင့် တစ်ကိုယ်တည်း တောင်ပေါ်သို့ရှောင်တိမ်းသွားတော်မူ၏။