ညီအစ်ကိုတို့သည်အသက်ကြီးစဉ်ငယ်လိုက် ယောသပ်၏ရှေ့တွင်ထိုင်ရကြ၏။ သူတို့သည် မိမိတို့အားနေရာချထားပုံကိုမြင်ကြ သဖြင့် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ကြည့်၍အံ့အားသင့်လျက်ရှိကြ၏။-
မဿဲ 8:10 - Common Language Bible ဤစကားကိုသခင်ယေရှုကြားတော်မူလျှင် အံ့သြတော်မူ၏။ သို့ဖြစ်၍နောက်တော်သို့လိုက် လာကြသောပရိသတ်တို့အား Garrad Bible ထို စ ကား ကို ယေ ရှု ကြား သော် အံ့ သြ တော် မူ၍ ဤ မျှ လောက် ယုံ ကြည် ခြင်း ကို ဣ သ ရေ လ လူ မျိုး တွင် မ တွေ့ စ ဘူး ငါ အ မှန် ဆို ၏၊ Judson Bible ထိုစကားကို ယေရှုသည်ကြားလျှင် အံ့ဩခြင်းရှိ၍၊ ငါအမှန်ဆိုသည်ကား၊ ဤမျှလောက်သော ယုံကြည်ခြင်းကို ဣသရေလအမျိုး၌ပင် ငါမတွေ့ဖူးသေး။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုသည် ထိုစကားကိုကြားလျှင် အံ့ဩ၍ နောက်တော်သို့လိုက်သောသူတို့အား“သင်တို့ကို ငါအမှန်ဆိုမည်။ ဤမျှလောက်ကြီးမားသောယုံကြည်ခြင်းရှိသောသူတစ်စုံတစ်ဦးကိုမျှ အစ္စရေးလူမျိုးထဲ၌ ငါမတွေ့ဖူးချေ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် ထိုတပ်မှူး၏ စကားကို ကြားသော် အံ့သြတော်မူလျက် နောက်တော်သို့ လိုက်သောသူများဘက်သို့ လှည့်၍ “သင်တို့အား ငါအမှန်ဆို၏။ ထိုကဲ့သို့ ယုံကြည်ခြင်းရှိသောသူတစ်ဦးကိုမျှ အစ္စရေးလူမျိုးထဲ၌ ငါမတွေ့ဖူးသေး။ မြန်မာ ထိုစကားကို ယေရှုသည်ကြားလျှင် အံ့ဩခြင်းရှိ၍၊ ငါအမှန်ဆိုသည်ကား၊ ဤမျှလောက်သော ယုံကြည်ခြင်းကို ဣသရေလအမျိုး၌ပင် ငါမတွေ့ဖူးသေး။- |
ညီအစ်ကိုတို့သည်အသက်ကြီးစဉ်ငယ်လိုက် ယောသပ်၏ရှေ့တွင်ထိုင်ရကြ၏။ သူတို့သည် မိမိတို့အားနေရာချထားပုံကိုမြင်ကြ သဖြင့် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ကြည့်၍အံ့အားသင့်လျက်ရှိကြ၏။-
ထိုအခါသခင်ယေရှုက ``အချင်းအမျိုးသမီး၊ သင်၏ယုံကြည်ခြင်းသည်အားကြီးစွတကား။ သင် ဆန္ဒရှိသည်အတိုင်းဖြစ်စေ'' ဟုမိန့်တော်မူ၏။ ထို အချိန်မှစ၍ထိုအမျိုးသမီး၏သမီးသည် ရောဂါပျောက်လေ၏။
``အမှန်အကန်သင်တို့အားငါဆိုသည်ကား ဤ ကဲ့သို့သောယုံကြည်ခြင်းကိုဣသရေအမျိုးသား တို့တွင်ငါမတွေ့မကြုံဘူးသေး။ လူအမြောက် အမြားပင်အရှေ့အရပ်နှင့်အနောက်အရပ်မှ လာ၍ကောင်းကင်နိုင်ငံတော်တွင်အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့နှင့်အတူစားသောက်ကြလိမ့်မည်။-
အကျွန်ုပ်သည်အထက်အာဏာကိုနာခံရသူ ဖြစ်ပါ၏။ အကျွန်ုပ်၏လက်အောက်တွင်လည်းစစ် သားများရှိပါ၏။ စစ်သားတစ်ယောက်ကိုသွား ချေဟုအကျွန်ုပ်ဆိုလျှင်သူသည်သွားပါ၏။ အခြားတစ်ယောက်ကိုလာခဲ့ဟုဆိုလျှင်လာ ပါ၏။ ထို့အပြင်အကျွန်ုပ်၏ကျွန်အားဤအမှု ကိုပြုလော့ဟုဆိုလျှင်သူသည်ပြုပါ၏'' ဟု လျှောက်၏။
ကိုယ်တော်သည်ထိုသူတို့ယုံကြည်ခြင်းကင်းမဲ့ ကြသည်ကိုအံ့သြတော်မူ၏။ ထို့နောက်သခင်ယေရှုသည်အနီးအနားရှိ ကျေးရွာများသို့သွား၍ဟောပြောသွန်သင် တော်မူ၏။
ကိုယ်တော်သည်ထိုသူတို့၌ယုံကြည်ခြင်းရှိပုံ ကိုမြင်တော်မူလျှင်လေဖြတ်သူအား ``အချင်း လူ၊ သင်၏အပြစ်ကိုဖြေလွှတ်ပြီ'' ဟုမိန့်တော် မူ၏။
သို့ရာတွင်ကိုယ်တော်ကထိုအမျိုးသမီး အား ``သင်၏ယုံကြည်ခြင်းသည်သင့်ကိုကယ် တင်ပြီ။ စိတ်ချမ်းသာစွာသွားလော့'' ဟုမိန့် တော်မူ၏။
ကိုယ်တော်သည်နောက်တော်ကလိုက်လာကြ သော လူပရိသတ်တို့ကိုလှည့်ကြည့်တော်မူ လျက် ``ငါဆိုသည်ကားဤကဲ့သို့သောယုံကြည် ခြင်းကို ဣသရေလအမျိုးသားတို့အထဲမှာ ပင် ငါမတွေ့မကြုံဖူးသေး'' ဟုမိန့်တော်မူ၏။
အံ့သြမိန်းမောတွေဝေကာ``ဤသို့ဟောပြော နေကြသူတို့ကားဂါလိလဲပြည်သားများ မဟုတ်ပါလော။-