လူတို့အားလည်း ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် ပညာဖြစ်ကြောင်းနှင့်၊ ဒုစရိုက်ကို ရှောင်ခြင်း သည် ဥာဏ်ဖြစ်ကြောင်းကို မိန့်တော်မူပြီဟုမြွက်ဆို၏။
မဿဲ 7:24 - Common Language Bible `ငါဟောပြောသောဤတရားစကားကိုကြား၍ လိုက်လျှောက်သူသည်ကျောက်ပေါ်တွင်အိမ်ဆောက် သည့်ပညာရှိနှင့်တူ၏။- Garrad Bible ထို့ ကြောင့် မည် သူ မ ဆို ငါ ယ ခု ဟော ပြော ချက် ကို ကြား၍ လိုက် နာ လျှင် ကျောက် ပေါ် တွင် အိမ် ဆောက် သော ပ ညာ ရှိ နှင့် ငါ ပုံ နှိုင်း မည်။ Judson Bible အကြင်သူသည် ငါဟောပြောသော ဤစကားကို ကြား၍နားထောင်၏။ ထိုသူသည် ကျောက်ပေါ်မှာ အိမ်ဆောက်သော ပညာရှိနှင့် တူကြောင်းကို ငါပုံပြမည်။- မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ ငါဟောပြောသော ဤတရားစကားတို့ကိုကြား၍ ကျင့်သုံးသောသူတိုင်းသည် ကျောက်ပေါ်၌ မိမိအိမ်ကိုဆောက်သည့် ပညာသတိရှိသောသူနှင့်တူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါဟောပြောသော ဤတရားစကားကို ကြား၍ လိုက်နာသောသူသည် ကျောက်ပေါ်တွင် အိမ်ဆောက်သောပညာရှိနှင့် တူ၏။ မြန်မာ အကြင်သူသည် ငါဟောပြောသော ဤစကားကို ကြား၍နားထောင်၏။ ထိုသူသည် ကျောက်ပေါ်မှာ အိမ်ဆောက်သော ပညာရှိနှင့် တူကြောင်းကို ငါပုံပြမည်။- |
လူတို့အားလည်း ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် ပညာဖြစ်ကြောင်းနှင့်၊ ဒုစရိုက်ကို ရှောင်ခြင်း သည် ဥာဏ်ဖြစ်ကြောင်းကို မိန့်တော်မူပြီဟုမြွက်ဆို၏။
ထာဝရဘုရားကိုကြောက်ရွံ့ရိုသေတတ်သော သဘောသည်ပညာ၏အချုပ်အခြာဖြစ်၏။ ပညတ်တော်ကိုစောင့်ထိန်းသူအပေါင်းတို့အား မှန်ကန်စွာဆုံးဖြတ်နိုင်ခွင့်ကိုကိုယ်တော်ပေး တော်မူ၏။ ကိုယ်တော်အားထာဝစဉ်ထောမနာပြုကြ ပါစေသတည်း။
ကိုယ်တော်ရှင်၏နှုတ်ကပတ်တော်ကို ရှင်းလင်းဖော်ပြမှုသည်အလင်းကိုပေး၍ ပညာမဲ့သူတို့ကိုပညာရရှိစေပါ၏။
ကွန်တော်မျိုးသည်ကိုယ်တော်ရှင်ပေးတော် မူသော ဆုံးမသွန်သင်ခက်မားကိုအောက်မေ့ ဆင်ခြင်သည်ဖြစ်၍ ကွန်တော်မျိုး၏ဆရာအပေါင်းတို့ထက်ပိုမို သိရှိနားလည်ပါ၏။
မတရားသောသူသည် လွန်သွားသော လေဘွေ ကဲ့သို့ ပျောက်တတ်၏။ ဖြောင့်မတ်သောသူမူကား၊ မြဲမြံ သော တိုက်မြစ်ဖြစ်၏။
မတရားသော သူ၏အိမ်သည် ပြိုလဲပျောက် ပျက်ခြင်း၊ ဖြောင့်မတ်သောသူ၏ အိမ်မူကား၊ အမြဲတည် ခြင်းရှိတတ်၏။
ပညာသတိရှိသော သူ၏ပညာကား၊ ကိုယ်သွား ရသော လမ်းကို သိခြင်းတည်း။ မိုက်သောသူ၏ မိုက်ခြင်း မူကား၊ ပရိယာယ်တည်း။
ကောင်းကင်ဘုံရှင်ငါ့ခမည်းတော်၏အလိုတော် အတိုင်းဆောင်ရွက်သူမှန်သမျှသည်ငါ့ညီ၊ ငါ့ အစ်ကို၊ ငါ့အစ်မ၊ ငါ့နှမ၊ ငါ့အမိတို့ပေ တည်း'' ဟုမိန့်တော်မူ၏။
ထို့ကြောင့်သင်၏နာမည်သည်ကျောက်ဟုအနက် ရှိသောပေတရုဖြစ်၍ထိုကျောက်တည်းဟူသော အုတ်မြစ်ပေါ်မှာငါ၏အသင်းတော်ကိုတည်ဆောက် မည်။ သေခြင်းတရားပင်လျှင်ထိုအသင်းတော်ကို မနိုင်ရ။-
``သစ္စာရှိကျွန်လိမ္မာကားအဘယ်သူနည်း။ ထိုသူ ကားအခြားကျေးကျွန်များကိုအုပ်ချုပ်ရန်နှင့် အချိန်တန်လျှင်ရိက္ခာများထုတ်ပေးရန်သခင် ကခန့်ထားသူဖြစ်၏။-
ပညာသတိရှိသူများမူကားမိမိတို့၏ မီးခွက်များသာမကဆီပိုကိုလည်းဘူး တွင်ထည့်၍ယူခဲ့ကြ၏။-
ပညာသတိရှိသူများက `သင်တို့အဖို့နှင့်ငါတို့ အဖို့ပါဆိုလျှင်ဆီလောက်မည်မဟုတ်သဖြင့် ဆီရောင်းသူထံသို့သွား၍သင်တို့အတွက် ဝယ်ယူကြပါ' ဟုပြန်ပြောကြ၏။-
မိုးသည်းထန်စွာရွာ၍မြစ်ရေလျှံကာမုန်တိုင်းထန် လျက် ထိုအိမ်ကိုတိုက်ခတ်သော်လည်းထိုအိမ်သည် ကျောက်ပေါ်မှာတည်သောကြောင့်မပြိုမလဲချေ။-
ငါဟောပြောသောဤတရားစကားကိုကြား ပြီးနောက် မလိုက်မလျှောက်သူသည်သဲပေါ်မှာ အိမ်ဆောက်သောလူမိုက်နှင့်တူ၏။-
သို့ရာတွင်ကိုယ်တော်က ``ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုကြား၍လိုက်နာသူသည် မင်္ဂလာရှိ၏ဟုဆိုလျှင်ပို၍သင့်မြတ်လိမ့်မည်'' ဟူ၍မိန့်တော်မူ၏။
ဤသစ္စာစကားကိုသင်တို့ယခု သိကြလေ ပြီ။ ယင်းသို့သိသည့်အတိုင်းကျင့်သုံးကြပါ လျှင်မင်္ဂလာရှိကြ၏။
ငါသည်ခမည်းတော်၏ပညတ်တို့ကိုစောင့် ထိန်း၍ခမည်းတော်၏မေတ္တာ၌တည်နေသကဲ့ သို့ သင်တို့သည်ငါ့ပညတ်တို့ကိုစောင့်ထိန်း လျှင်ငါ့မေတ္တာ၌တည်နေကြလိမ့်မည်။''
လူသည်ပညတ်တရားကိုကြားနာရုံဖြင့် ဘုရားသခင်နှင့်မှန်ကန်စွာဆက်သွယ်သူ မဖြစ်နိုင်။ ပညတ်တရားပြဋ္ဌာန်းသည့်အတိုင်း ပြုကျင့်မှသာလျှင် ဘုရားသခင်နှင့်မှန်ကန် စွာဆက်သွယ်သူဖြစ်နိုင်၏။-
ဘုရားသခင်၏ပညတ်တော်တို့ကိုစောင့်ထိန်း မှသာလျှင်ငါတို့သည်ကိုယ်တော်ကိုသိကျွမ်း သူများဖြစ်ကြောင်းအသေအချာသိရှိ နိုင်မည်။-