သင်၏လက်ယာလက်ပြုသောအမှုကိုသင်၏လက်ဝဲ လက်မသိစေနှင့်။ မထင်မရှားပြုသောအမှုကို မြင်တော်မူသောသင်၏အဖသည်သင့်အားကောင်း ချီးပေးသနားတော်မူလိမ့်မည်။
မဿဲ 6:18 - Common Language Bible သင်တို့မထင်မရှားပြုသောအမှုကိုမြင်တော်မူ သောသင်တို့၏အဖသည် သင်တို့အားကောင်းချီး ပေးသနားတော်မူလိမ့်မည်။ Garrad Bible သို့ မှ သင် အ စာ ရှောင် သည် ကို လူ တို့ မ မြင် ဘဲ မ ထင် မ ရှား စံ နေ လျက် မ ထင် ရှား ရာ ကို ရှု မြင် တော် မူ သော သင့် အ ဘ သည် သိ၍ အ ကျိုး ဆက် ကို သ နား တော် မူ လိမ့် မည်။ Judson Bible သင်သည်အစာရှောင်သောအခါ အစာရှောင်သည်ကို လူများတို့ရှေ့မှာ မထင်ရှားစေဘဲ၊ မထင်ရှားသော အရပ်၌ ရှိတော်မူသော သင်တို့အဘရှေ့တော်၌သာ ထင်ရှားစေခြင်းငှာ၊ ခေါင်းကိုလိမ်းကျံလော့။ မျက်နှာကိုလည်း သစ်လော့။ မထင်ရှားသောအရာကို မြင်တော်မူသော သင်တို့အဘသည် အကျိုးကို ထင်ရှားစွာပေးတော်မူလတ္တံ့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ပြုလျှင် သင်အစာရှောင်နေကြောင်းကို မည်သူမျှ သိမည်မဟုတ်။ သို့သော်လည်း လူ့မျက်စိဖြင့် မတွေ့မြင်နိုင်သော သင်၏အဖသည် သိမြင်တော်မူ၏။ အရာအားလုံးကို သိမြင်တော်မူသော သင်၏အဖသည် ဆုလာဘ်ကို ပေးတော်မူလိမ့်မည်။ မြန်မာ သင်သည်အစာရှောင်သောအခါ အစာရှောင်သည်ကို လူများတို့ရှေ့မှာ မထင်ရှားစေဘဲ၊ မထင်ရှားသော အရပ်၌ ရှိတော်မူသော သင်တို့အဘရှေ့တော်၌သာ ထင်ရှားစေခြင်းငှာ၊ ခေါင်းကိုလိမ်းကျံလော့။ မျက်နှာကိုလည်း သစ်လော့။ မထင်ရှားသောအရာကို မြင်တော်မူသော သင်တို့အဘသည် အကျိုးကို ထင်ရှားစွာပေးတော်မူလတ္တံ့။- |
သင်၏လက်ယာလက်ပြုသောအမှုကိုသင်၏လက်ဝဲ လက်မသိစေနှင့်။ မထင်မရှားပြုသောအမှုကို မြင်တော်မူသောသင်၏အဖသည်သင့်အားကောင်း ချီးပေးသနားတော်မူလိမ့်မည်။
သို့ရာတွင်သင်တို့သည်ဆုတောင်းပတ္ထနာပြုသော အခါအိမ်အတွင်းခန်းသို့ဝင်၍တံခါးကိုပိတ်ပြီး လျှင် မျက်စိနှင့်မတွေ့မမြင်နိုင်သောသင်တို့၏အဖ ထံတော်သို့ဆုတောင်းပတ္ထနာပြုကြလော့။ မထင် မရှားပြုသောအမှုကိုမြင်တော်မူသောသင်တို့ ၏အဖသည်သင်တို့အားကောင်းချီးပေးသနား တော်မူလိမ့်မည်။
ထိုနေ့ရက်၌ကိုယ်တော်သည်လူအသီးသီး တို့အား မိမိတို့၏အကျင့်အလျောက်အကျိုး အပြစ်ကိုဆပ်ပေးတော်မူလတ္တံ့။-
အဘယ်ကြောင့်ဆိုသော်သခင်ဘုရားနှစ်သက် တော်မူသောသူဟူသည်မှာ မိမိကိုယ်ကိုချီး မြှောက်သောသူမဟုတ်။ ကိုယ်တော်ကချီးမြှောက် တော်မူသောသူဖြစ်သောကြောင့်တည်း။
ငါတို့သည်ဤအရပ်၌ရှိသည်ဖြစ်စေ၊ ထို အရပ်၌ရှိသည်ဖြစ်စေငါတို့ကိုစိတ်တော် နှင့်တွေ့ရန်အထူးသဖြင့်လိုလားကြ၏။-
ထိုစုံစမ်းနှောင့်ယှက်ခြင်းများကိုခံရခြင်း မှာဘုရားသခင်အားအကယ်ပင်သင်တို့ ယုံကြည်ကိုးစားမှုရှိမရှိကိုစစ်ဆေးရန် ဖြစ်၏။ ဖောက်ပြန်ပျက်စီးတတ်သောရွှေကို ပင်လျှင် အရည်ကျို၍စစ်တမ်းတင်ရသည် ဖြစ်ရာရွှေထက်များစွာပိုမိုအဖိုးထိုက် သည့် သင်တို့၏ယုံကြည်ခြင်းကိုလည်း တည်တံ့ခိုင်မြဲစေရန်စစ်တမ်းတင်ရမည်။ သို့မှသာလျှင်သင်တို့သည်သခင်ယေရှု ခရစ်ကြွလာတော်မူချိန်၌ဂုဏ်ပြုချီး ကူးခြင်းနှင့်ဘုန်းအသရေကိုခံယူ နိုင်ကြပေလိမ့်မည်။-
သခင်ဘုရား၏မျက်နှာတော်ကိုထောက်၍ လူအာဏာပိုင်ရှိသမျှတို့၏အုပ်စိုးခြင်း ကိုဝန်ခံကြလော့။ ဘုရင်ဧကရာဇ်မင်းအား အချုပ်အခြာအာဏာပိုင်အဖြစ်ဖြင့်လည်း ကောင်း၊-