သို့ရာတွင်သင့်အားပြစ်မှားသူကိုလက်စားမချေ နှင့်ဟုငါဆို၏။ သင်၏လက်ယာပါးကိုရိုက်သူ အားအခြားပါးတစ်ဖက်လည်းရိုက်စေဦးလော့။-
မဿဲ 5:40 - Common Language Bible သင်၏အတွင်းအင်္ကျီကိုယူလို၍တရားတွေ့သော သူအားသင်၏ဝတ်လုံကိုလည်းယူခွင့်ပြုလော့။- Garrad Bible တ ရား တွေ့၍ သင်၏ အ တွင်း အင်္ကျီ ကို ယူ လို သူ အား အ ပြင် အင်္ကျီ ကို လည်း ပေး ခဲ့ လော့။ Judson Bible သင့်အင်္ကျီကို ယူလို၍ တရားတွေ့သောသူအား သင့်ဝတ်လုံကိုလည်း ယူစေခြင်းငှာ အခွင့်ပေးဦးလော့။- မြန်မာ့စံမီသမ္မာကျမ်း သင့်ကိုတရားစွဲ၍ သင်၏အင်္ကျီကို ယူလိုသောသူအား ဝတ်ရုံကိုလည်း ယူခွင့်ပေးလော့။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သင့်ကို တရားစွဲ၍ သင်၏အတွင်းအင်္ကျီကို ရယူလိုသောသူအား ဝတ်ရုံကိုပါ ပေးလော့။ မြန်မာ သင့်အင်္ကျီကို ယူလို၍ တရားတွေ့သောသူအား သင့်ဝတ်လုံကိုလည်း ယူစေခြင်းငှာ အခွင့်ပေးဦးလော့။- |
သို့ရာတွင်သင့်အားပြစ်မှားသူကိုလက်စားမချေ နှင့်ဟုငါဆို၏။ သင်၏လက်ယာပါးကိုရိုက်သူ အားအခြားပါးတစ်ဖက်လည်းရိုက်စေဦးလော့။-
သင့်အားအနိုင်အထက်ပြု၍ခရီးတစ်မိုင်သွား စေသူနှင့်ခရီးနှစ်မိုင်သွားလော့။-
သင်၏ပါးတစ်ဖက်ကိုရိုက်သူအားအခြား ပါးတစ်ဖက်ကိုလည်းရိုက်စေဦးလော့။ သင် ၏အပေါ်အင်္ကျီကိုယူသောသူအားရှပ်အင်္ကျီ ကိုလည်းယူခွင့်ပြုလော့။-
ဤသို့အချင်းချင်းတရားစွဲဆိုခြင်းသည် သင် တို့၏အတွက်ဆုံးရှုံးမှုဖြစ်စေ၏။ တရားစွဲဆို မည့်အစား မတရားပြုခြင်းကိုခံသည်ကပို ၍မကောင်းပါလော။ လုယက်ခြင်းခံရသည် ကပို၍မကောင်းပါလော။-
စေ့စပ်ကြောင်းလမ်းပြီးနောက်ထိမ်းမြားမင်္ဂလာ မပြုရန် သဘောတူစိတ်ပိုင်းဖြတ်ထားသူနှစ်ဦး နှင့်ပတ်သက်၍ပြောရသော် အမျိုးသားသည် အမျိုးသမီးအပေါ်တွင် မိမိပြုမူပုံမလျောက် ပတ်သည်ကိုသိသောအခါ၌သော်လည်းကောင်း၊ မိမိစိတ်ကိုမထိန်းချုပ်နိုင်သောအခါ၌သော် လည်းကောင်းထိမ်းမြားမင်္ဂလာပြုရာ၏။ ဤသို့ ပြုခြင်း၌အဘယ်အပြစ်မျှမရှိ။-