သို့ဖြစ်၍ကွန်တော်မျိုးသည်ဥပဒေသတော် ရှိသမှတို့ကိုစောင့်ထိန်း၍ လမ်းမှားရှိသမှတို့ကိုမုန်းပါ၏။
မဿဲ 5:19 - Common Language Bible အသေးငယ်ဆုံးသောပညတ်ကိုကူးလွန်၍ သူတစ်ပါးတို့ကူးလွန်ရန်ကိုလည်းဟောပြော သွန်သင်သူသည် ကောင်းကင်နိုင်ငံတော်တွင်အသိမ် ငယ်ဆုံးသောသူဖြစ်လိမ့်မည်။ သို့ရာတွင်ပညတ်တော် များကိုလိုက်နာကျင့်သုံး၍ သူတစ်ပါးတို့လိုက်နာ ကျင့်သုံးရန်ကိုလည်းဟောပြောသွန်သင်သူသည် ကောင်းကင်နိုင်ငံတော်တွင်ကြီးမြတ်သူဖြစ်လိမ့် မည်။- Garrad Bible သို့ ဖြစ်၍ မည် သူ မ ဆို အ ငယ် ဆုံး သော ပ ညတ် တော် တစ် ချက် ကို ပစ် ပယ်၍ သူ တစ် ထူး တို့ အား လည်း ထို သို့ ပြု စေ ရန် သွန် သင် လျှင် ကောင်း ကင် နိုင် ငံ တော် တွင် အ ငယ် ဆုံး သော သူ ဟု အ ခေါ် ခံ ရ လ တ္တံ့၊ လိုက် နာ၍ သွန် သင် လျှင် မူ ကား ကောင်း ကင် နိုင် ငံ တော် တွင် ကြီး မြတ် သော သူ ဟု အ ခေါ် ခံ ရ လ တ္တံ့။ Judson Bible ထိုကြောင့် အကြင်သူသည်၊ အငယ်ဆုံးသော ပညတ်တစ်ခုကို ကိုယ်တိုင်လွန်ကျူး၍ သူတစ်ပါးတို့အားလည်း ထိုအတူသွန်သင်၏။ ထိုသူသည် ကောင်းကင်နိုင်ငံတော်၌ အငယ်ဆုံးသောသူ ဖြစ်လိမ့်မည်။ အကြင်သူသည် ကိုယ်တိုင်ကျင့်၍ သူတစ်ပါးတို့အားလည်း သွန်သင်၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ဤပညတ်ချက်များထဲမှ အသေးငယ်ဆုံးတစ်ခုကိုဖောက်ဖျက်၍ သူတစ်ပါးကိုလည်း ထိုနည်းတူသွန်သင်သောသူသည် ကောင်းကင်နိုင်ငံတော်၌ အငယ်ဆုံးသောသူဟု အခေါ်ခံရလိမ့်မည်။ သို့သော် ၎င်းကိုကျင့်သုံး၍ သွန်သင်သောသူသည် ကောင်းကင်နိုင်ငံတော်၌ ကြီးမြတ်သောသူဟု အခေါ်ခံရလိမ့်မည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အသေးနုပ်ဆုံးသောပညတ်တော်ကို ချိုးဖောက်၍ သူတစ်ပါးကို ထိုနည်းတူ ချိုးဖောက်ရန် သွန်သင်သောသူသည် ကောင်းကင်နိုင်ငံတော်၌ အသေးနုပ်ဆုံးသောသူဖြစ်လိမ့်မည်။ သို့ရာတွင် ဘုရားသခင်၏ ပညတ်တော်တို့ကို လိုက်နာ၍ သူတစ်ပါးကို သွန်သင်သောသူသည် ကောင်းကင်နိုင်ငံတော်၌ ကြီးမြတ်သောသူ ဖြစ်လိမ့်မည်။ မြန်မာ ထိုကြောင့် အကြင်သူသည်၊ အငယ်ဆုံးသော ပညတ်တစ်ခုကို ကိုယ်တိုင်လွန်ကျူး၍ သူတစ်ပါးတို့အားလည်း ထိုအတူသွန်သင်၏။ ထိုသူသည် ကောင်းကင်နိုင်ငံတော်၌ အငယ်ဆုံးသောသူ ဖြစ်လိမ့်မည်။ အကြင်သူသည် ကိုယ်တိုင်ကျင့်၍ သူတစ်ပါးတို့အားလည်း သွန်သင်၏။- |
သို့ဖြစ်၍ကွန်တော်မျိုးသည်ဥပဒေသတော် ရှိသမှတို့ကိုစောင့်ထိန်း၍ လမ်းမှားရှိသမှတို့ကိုမုန်းပါ၏။
ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏အမိန့်တော် ရှိသမှကိုအလေးဂရုပြုပါလှင် အရှက်တကွဲအကျိုးနည်းရလိမ့်မည်မဟုတ်ပါ။
ခေါင်းဆောင်ပညာရှိတို့သည် မိုးကောင်းကင် ၏အလင်းရောင်ကဲ့သို့ကြည်လင်တောက်ပ ကြလိမ့်မည်။ လူအမြောက်အမြားအား အမှန်တရားကိုကျင့်သုံးရန် သွန်သင်ပေး ကြသူတို့သည်လည်းကြယ်တာရာများကဲ့ သို့ ထာဝစဉ်ထွန်းလင်းတောက်ပကြလိမ့် မည်။'' ဟုဆို၏။
လူ့သမိုင်းတွင်ယောဟန်ထက်ကြီးမြတ်သူတစ်ဦး တစ်ယောက်မျှမရှိဟု သင်တို့အားငါဆို၏။ သို့ရာ တွင်ကောင်းကင်နိုင်ငံတော်၌ အသိမ်ငယ်ဆုံးသော သူသည်ယောဟန်ထက်ကြီးမြတ်၏။-
သခင်ယေရှုက ``ငါအမှန်အကန်ဆိုသည် ကားအသစ်ပြုပြင်ရာကာလတွင်လူသားသည် ဘုန်းအသရေနှင့်ပြည့်စုံသည့်ပလ္လင်တော်မှာ ထိုင်တော်မူသောအခါ ငါ၏တပည့်ဖြစ်သူ သင်တို့သည်လည်းပလ္လင်တစ်ဆယ့်နှစ်ခုပေါ်မှာ ထိုင်၍ ဣသရေလအနွယ်တစ်ဆယ့်နှစ်ပါးကို တရားစီရင်ရကြလတ္တံ့။-
သင်တို့အချင်းချင်းတွင်မူကားထိုသို့မဖြစ် သင့်။ သင်တို့အနက်အကြီးအကဲဖြစ်လိုသူ သည်သင်တို့၏အစေခံဖြစ်ရမည်။-
သင်တို့အားငါပေးသမျှသောပညတ်တို့ကို စောင့်ထိန်းကြစေရန်သူတို့အားသွန်သင်ကြလော့။ ငါသည်ကပ်ကမ္ဘာကုန်ဆုံးချိန်တိုင်အောင်သင်တို့ နှင့်အတူအစဉ်မပြတ်ရှိတော်မူမည်'' ဟု မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ပြီး၏။
သူသည်ထာဝရဘုရား၏ရှေ့တော်တွင်ကြီး မြတ်သူဖြစ်လိမ့်မည်။ သူသည်စပျစ်ရည်နှင့် သေရည်သေရက်ကိုသောက်လိမ့်မည်မဟုတ်။ မွေးကတည်းကပင်သန့်ရှင်းသောဝိညာဉ်တော် နှင့်ပြည့်ဝလိမ့်မည်။-
``ဖာရိရှဲတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည်ပင်စိမ်းရွက်၊ လူရွက်နှင့်အခြား ဆေးဖက်ဝင်အရွက်အမျိုးမျိုးကိုဆယ်ဖို့ တစ်ဖို့ပေးလှူကြသော်လည်းတရားမျှတ မှုနှင့်ဘုရားသခင်အားကြည်ညိုမှုတို့ကို လျစ်လူရှုကြသည်။ သင်တို့သည်ဆယ်ဖို့ တစ်ဖို့ပေးလှူခြင်းကိုတရားမျှတမှုနှင့် ဘုရားသခင်အားကြည်ညိုမှုတို့ကိုပါ ကျင့်သုံးသင့်၏။''
ထိုနောက်ကိုယ်တော်က ``ငါ၏နာမကိုထောက် ၍ဤကလေးသူငယ်ကိုလက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသောသူသည် ငါ့ကိုစေလွှတ်တော်မူသောအရှင်ကိုလက်ခံ ၏။ သင်တို့တွင်အသိမ်ငယ်ဆုံးသောသူသည် အကြီးမြတ်ဆုံးဖြစ်၏'' ဟုမိန့်တော်မူ၏။
အို သော်ဖိလု၊ သခင်ယေရှုသည်အမှုတော်ကိုစတင်ဆောင်ရွက် သည့်နေ့မှအစပြု၍ ကောင်းကင်ဘုံသို့ဆောင် ယူခြင်းကိုခံတော်မူသည့်နေ့တိုင်အောင် ပြုမူ သွန်သင်တော်မူသမျှတို့ကိုကျွန်ုပ်၏ပထမ စာစောင်တွင်ရေးသားဖော်ပြခဲ့ပါပြီ။ ကိုယ် တော်သည်ကောင်းကင်ဘုံသို့ဆောင်ယူခြင်း ကိုခံတော်မမူမီ ရွေးကောက်ထားတော် မူသောတမန်တော်တို့အား သန့်ရှင်းသော ဝိညာဉ်တော်၏တန်ခိုးအားဖြင့်ညွှန်ကြား တော်မူ၏။-
``အကောင်းကိုဖြစ်ပွားစေရန်အဆိုးကိုငါ တို့ပြုကြကုန်အံ့'' ဟုဆိုရမည်လော။ ဤကဲ့ သို့ပင်ငါပြောဆိုသည်ဟူ၍လူအချို့က ပြစ်တင်စွပ်စွဲကာငါ့အားစော်ကားကြလေ ပြီ။ ထိုသူတို့သည်အပြစ်ဒဏ်စီရင်ခြင်းကို ခံထိုက်သည်အတိုင်းအမှန်ပင်ခံရကြ လိမ့်မည်။
သို့ဖြစ်လျှင်အဘယ်သို့ဆိုရမည်နည်း။ ဘုရား သခင်၏ကျေးဇူးတော်ကိုပိုမိုခံစားရစေ ရန် အပြစ်ထဲ၌ဆက်လက်၍ကျင်လည်ရမည် လော။-
သို့ဖြစ်၍ငါတို့သည်ပညတ်တရား၏လက် အောက်၌မရှိတော့ဘဲ ကျေးဇူးတရား၏လက် အောက်၌ရှိကြသဖြင့်အပြစ်ကူးကြကုန် အံ့ဟုဆိုကြမည်လော။ ထိုသို့မဆိုရ။-
သင်တို့အားငါမှာကြားသမျှတို့ကိုကျင့် ကြလော့။ ထပ်တိုးခြင်း၊ နုတ်ပယ်ခြင်းမပြု ရ။''
`` `ဘုရားသခင်၏ပညတ်များနှင့်သွန်သင် ချက်ရှိသမျှတို့ကိုမလိုက်နာသောသူသည် ဘုရားသခင်၏ကျိန်ခြင်းကိုခံစေသတည်း' ဟုကျိန်ဆိုသောအခါ၊ ``လူအပေါင်းတို့က`အာမင်' ဟုဝန်ခံရကြမည်။
အို ဘုရားသခင်၏အစေခံ၊ သင်မူကား ထိုမကောင်းမှုအပေါင်းကိုရှောင်ကြဉ်လော့။ ဖြောင့်မတ်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့ သိမ်မွေ့ခြင်းစသည့်ပါရမီများနှင့် ပြည့်ဝစေရန်ကြိုးစားအားထုတ်လော့။-
ဤစကားသည်သစ္စာစကားဖြစ်၏။ ဘုရားသခင်ကိုယုံကြည်သူတို့သည်ကောင်း မြတ်သောအကျင့်၊ လူအပေါင်းတို့အားအကျိုး ပြုသောအကျင့်များ၌မွေ့လျော်ကြစေရန် အထက်တွင်ဖော်ပြခဲ့သည့်အမှုအရာများ ကိုအထူးဂရုပြု၍နှိုးဆော်တိုက်တွန်းလော့။-
သင်တို့သည်သိုးထိန်းချုပ်ကြီးပေါ်ထွန်းတော် မူသောအခါဘုန်းအသရေထွန်းတောက်သော၊ အဘယ်အခါ၌မျှအရောင်အဝါမမှေး မှိန်နိုင်သောသရဖူကိုရရှိကြလိမ့်မည်။
အပြစ်ကူးခြင်းသည်ပညတ်တော်ကိုချိုး ဖောက်ခြင်းဖြစ်သဖြင့် အပြစ်ကူးသူမှန် သမျှသည်ပညတ်တော်ကိုချိုးဖောက်သူဖြစ်၏။-
သို့ရာတွင်သင့်အားအပြစ်ဆိုစရာရှိသည် မှာ ယေဇဗေလဆိုသူအမျိုးသမီးကိုသင် လက်ခံလျက်နေခြင်းပင်ဖြစ်၏။ သူသည်မိမိ ကိုယ်ကိုဘုရားသခင်၏စေတမန်ဟုဆိုကာ ငါ၏တပည့်တို့အား ကာမဂုဏ်လိုက်စားစေ ရန်နှင့်ရုပ်တုတို့အားပူဇော်သည့်အစား အစာများကိုစားစေရန် သွန်သင်ခြင်းအား ဖြင့်မှောက်မှားလမ်းလွဲစေလေသည်။-
ဣသရေလအမျိုးသားတို့၏အရှင်ဖြစ် တော်မူသောငါထာဝရဘုရားသည် သင့် အိမ်ထောင်စုနှင့်သားချင်းစုတို့အားကာလ အစဉ်အဆက်ယဇ်ပုရောဟိတ်ဖြစ်စေမည် ဟု အတိတ်ကာလကကတိပြုခဲ့၏။ သို့ ရာတွင်ယခုထိုကတိကိုတည်စေတော့ မည်မဟုတ်ဟုငါဆို၏။ ငါ့အားဂုဏ်ပြု ချီးမြှင့်သူတို့ကိုငါဂုဏ်ပြုချီးမြှင့်မည်။ ငါ့အားမထီမဲ့မြင်ပြုသူတို့အားရွံရှာ စက်ဆုပ်မည်။-