သူသည်မိမိနန်းတော်၏စည်းစိမ်နှင့်ဘုန်း အသရေကို ခြောက်လတိုင်တိုင်ခင်းကျင်း ပြသထားတော်မူ၏။
မဿဲ 4:8 - Common Language Bible ထိုမှတစ်ဖန်မာရ်နတ်သည်ကိုယ်တော်အားမြင့် သောတောင်ပေါ်သို့ခေါ်ဆောင်သွားပြီးလျှင် လောက နိုင်ငံရှိသမျှနှင့်ထိုနိုင်ငံတို့၏ဘုန်းစည်းစိမ် ကိုညွှန်ပြ၏။- Garrad Bible တစ် ဖန် မာရ် နတ် သည် ကိုယ် တော် ကို အ လွန် မြင့် သော တောင် ပေါ် သို့ ခေါ် သွား၍ လော က နိုင် ငံ ရှိ သ မျှ ကို ဘုန်း စည်း စိမ် ပါ ပြ ပြီး သော်၊ Judson Bible တစ်ဖန်မာရ်နတ်သည် ယေရှုကို အလွန်မြင့်လှစွာသော တောင်ပေါ်သို့ ဆောင်သွား၍၊ ဤလောက၌ ရှိသမျှသော တိုင်းနိုင်ငံတို့ကိုလည်းကောင်း၊ ထိုတိုင်းနိုင်ငံတို့၏ ဘုန်းစည်းစိမ်ကိုလည်းကောင်း ပြညွှန်၍၊- မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် မာရ်နတ်သည် ကိုယ်တော်ကို အလွန်မြင့်မားသောတောင်ပေါ်သို့ ခေါ်ဆောင်သွား၍ လောကီနိုင်ငံအားလုံးနှင့် ၎င်းတို့၏ဘုန်းစည်းစိမ်တို့ကိုညွှန်ပြကာ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် မာရ်နတ်သည် ကိုယ်တော်ကို အလွန်မြင့်မားသော တောင်ထိပ်ပေါ်သို့ ခေါ်ဆောင်ပြီးလျှင် ကမ္ဘာလောကရှိ တိုင်းနိုင်ငံအားလုံးနှင့် ၎င်းတို့၏ ဘုန်းစည်းစိမ်အားလုံးကို ညွှန်ပြလေ၏။ မြန်မာ တစ်ဖန်မာရ်နတ်သည် ယေရှုကို အလွန်မြင့်လှစွာသော တောင်ပေါ်သို့ ဆောင်သွား၍၊ ဤလောက၌ ရှိသမျှသော တိုင်းနိုင်ငံတို့ကိုလည်းကောင်း၊ ထိုတိုင်းနိုင်ငံတို့၏ ဘုန်းစည်းစိမ်ကိုလည်းကောင်း ပြညွှန်၍၊- |
သူသည်မိမိနန်းတော်၏စည်းစိမ်နှင့်ဘုန်း အသရေကို ခြောက်လတိုင်တိုင်ခင်းကျင်း ပြသထားတော်မူ၏။
ထိုနောက်ဟာမန်သည်မိမိအဘယ်မျှချမ်း သာကြွယ်ဝကြောင်း မိမိမှာသားယောကျာ်း အဘယ်မျှရှိကြောင်း၊ မိမိအားဘုရင်မင်း မြတ်သည်ကြီးမြင့်သည့်ရာထူးဖြင့်အဘယ် သို့ချီးမြှင့်တော်မူကြောင်း၊ မိမိသည်အခြား မင်းအရာရှိများထက် အဘယ်မျှပို၍အရေး ပါအရာရောက်ကြောင်းများကိုကြွားဝါပြော ဆိုလေသည်။-
``ငါ၏ဘုန်းတန်ခိုးအာနုဘော်ထင်ရှားစေ ရန်နေပြည်တော်အဖြစ်ဖြင့် ငါတည်ထောင်ခဲ့ သောဗာဗုလုန်မြို့သည်လွန်စွာကြီးကျယ် ခမ်းနားလှပါသည်တကား'' ဟုမြွက်ဆို၏။
ထိုနောက်ဗာလမ်ကဗာလက်အား``သင်သည် မီးရှို့ရာယဇ်နားတွင်ရပ်နေလော့။ ထာဝရ ဘုရားသည်ငါနှင့်တွေ့ဆုံရန်ကြွလာမည်၊ မကြွလာမည်ကိုသွား၍ကြည့်မည်။ ထာဝရ ဘုရားကငါ့အား ဗျာဒိတ်ပေးတော်မူသမျှ ကိုသင့်အားငါပြောပြမည်'' ဟုဆိုလေ၏။ ထိုကြောင့်သူသည်တစ်ယောက်တည်းတောင် ကုန်းတစ်ခုပေါ်သို့တက်သွားသောအခါ၊-
လူသည်လောကတစ်ခုလုံးကိုအစိုးရသော်လည်း မိမိ၏အသက်ဆုံးရှုံးလျှင်အဘယ်အကျိုးရှိ မည်နည်း။ မိမိ၏အသက်ကိုအဘယ်အရာနှင့် လဲလှယ်နိုင်မည်နည်း။-
ထိုအခါမာရ်နတ်သည်ကိုယ်တော်ကိုသန့်ရှင်း မြင့်မြတ်သောမြို့တော်ရှိဗိမာန်တော်ထိပ်ဖျား သို့ခေါ်ဆောင်သွားပြီးလျှင်၊
ခမည်းတော်သည်သားတော်ကိုချစ်တော်မူ သဖြင့် မိမိပြုသမျှသောအမှုအရာများ ကိုသားတော်အားပြသတော်မူ၏။ ဤအမှု အရာများထက်ပင်ကြီးစွာသောအမှုအရာ များကိုပြုရန် ခမည်းတော်သည်သားတော်အား ပြသပေးမည်ဖြစ်၍သင်တို့သည်အံ့သြ ကြလိမ့်မည်။-
``လူသားအပေါင်းတို့သည်မြက်ပင်နှင့်လည်း ကောင်း၊ သူတို့၏ဘုန်းအသရေသည်မြက်ပွင့် နှင့်လည်းကောင်းတူကြ၏။ မြက်ပင်သည်ညှိုးနွမ်းခြောက်သွေ့၍သွားတတ်၏။ မြက်ပွင့်များသည်လည်းကြွေ၍ကျတတ်၏။
ထိုနောက်သတ္တမကောင်းကင်တမန်တံပိုးခရာ မှုတ်လိုက်သောအခါ``ကမ္ဘာလောကကိုအုပ်စိုး သောအာဏာသည် ငါတို့အရှင်နှင့်ကိုယ်တော် ၏မေရှိယလက်ထဲသို့ရောက်လာလေပြီ။ ကိုယ်တော်သည်ကမ္ဘာအဆက်ဆက်စိုးစံတော် မူလိမ့်မည်'' ဟုကောင်းကင်မှကျယ်စွာပြော သောအသံများကိုကြားရ၏။-