ထိုသူတို့က``သူသည်တိရစ္ဆာန်သားရေဖြင့် ချုပ်လုပ်ထားသည့်ဝတ်လုံကိုဝတ်၍ သားရေ ခါးပတ်ကိုစည်းထားပါသည်'' ဟုလျှောက် ကြ၏။ မင်းကြီးက``ထိုသူသည်ဧလိယဖြစ် ပါသည်တကား'' ဟုမြွက်ဆိုတော်မူ၏။
မဿဲ 3:4 - Common Language Bible ယောဟန်သည်ကုလားအုတ်မွေးအဝတ်ကြမ်းကို ဝတ်၍ သားရေခါးပန်းကြိုးကိုစည်းထား၏။ သူ ၏အစားအစာမှာကျိုင်းကောင်နှင့်ပျားရည်ဖြစ်၏။- Garrad Bible ထို ယော ဟန် သည် ကု လား အုတ် မွေး သင်္ကန်း ကို ဝတ် လျက် သား ရေ ခါး ပန်း ကို စည်း တတ်၏။ ဘော ဇဉ် မှာ ကျိုင်း ကောင် နှင့် တော ပျား ရည် ဖြစ်၏ Judson Bible ယောဟန်သည် ကုလားအုတ်အမွေးနှင့်ရက်သော အဝတ်ကိုဝတ်လျက်၊ ခါး၌သားရေခါးပန်းကို စည်းလျက်၊ ကျိုင်းကောင်နှင့် တော၌ဖြစ်သော ပျားရည်ကို စားလျက်နေ၏။ မြန်မာ့စံမီသမ္မာကျမ်း ယောဟန်သည် ကုလားအုတ်အမွေးဖြင့်လုပ်ထားသောအဝတ်ကိုဝတ်၍ ခါး၌သားရေခါးပန်းကိုစည်းထား၏။ သူ၏အစားအစာမူကား ကျိုင်းကောင်နှင့်တောပျားရည်တို့ဖြစ်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယောဟန်သည် ကုလားအုတ်အမွေးဖြင့် ရက်လုပ်သောအဝတ်ကို ဝတ်၍ ခါး၌ သားရေခါးပတ်ကို စည်း၏။ သူသည် ကျိုင်းကောင်နှင့် တောပျားရည်တို့ကို စားသုံး၏။ မြန်မာ ယောဟန်သည် ကုလားအုတ်အမွေးနှင့်ရက်သော အဝတ်ကိုဝတ်လျက်၊ ခါး၌သားရေခါးပန်းကို စည်းလျက်၊ ကျိုင်းကောင်နှင့် တော၌ဖြစ်သော ပျားရည်ကို စားလျက်နေ၏။ |
ထိုသူတို့က``သူသည်တိရစ္ဆာန်သားရေဖြင့် ချုပ်လုပ်ထားသည့်ဝတ်လုံကိုဝတ်၍ သားရေ ခါးပတ်ကိုစည်းထားပါသည်'' ဟုလျှောက် ကြ၏။ မင်းကြီးက``ထိုသူသည်ဧလိယဖြစ် ပါသည်တကား'' ဟုမြွက်ဆိုတော်မူ၏။
လွန်ခဲ့သောသုံးနှစ်ကထာဝရဘုရားသည် အာမုတ်၏သားဟေရှာယအား မိမိဝတ်ဆင် ထားသည့်လျှော်တေအဝတ်နှင့်ဖိနပ်ကိုချွတ် ပစ်ရန်မိန့်တော်မူခဲ့သည့်အတိုင်း ဟေရှာယ သည်အဝတ်မဝတ်၊ ဖိနပ်မစီးဘဲသွားလာ လျက်နေခဲ့၏။-
ထိုအချိန်ကျရောက်လာသောအခါအဘယ် ပရောဖက်မျှ မိမိတွေ့မြင်ရသည့်ဗျာဒိတ် ရူပါရုံအတွက်ဂုဏ်ယူဝါကြွားလိမ့်မည် မဟုတ်။ အဘယ်သူမျှပရောဖက်၏အပြု အမူမျိုးကိုပြုလိမ့်မည်မဟုတ်။ လှည့်ဖျား ရန်အလိုငှာပရောဖက်၏အဝတ်မျိုးကို လည်းဝတ်လိမ့်မည်မဟုတ်။-
``သို့ရာတွင်ယင်းသို့ကြောက်မက်ဖွယ်ရာ နေ့ကြီး မကျမရောက်မီငါသည်ပရော ဖက်ဧလိယကိုသင်တို့ထံသို့စေလွှတ် မည်။-
ဗတ္တိဇံဆရာယောဟန်သည်အစာရှောင်လျက် မသောက်မစားဘဲ သင်တို့ထံလာသောအခါ သင်တို့က `ဤသူသည်နတ်မိစ္ဆာပူးဝင်သူဖြစ် သည်' ဟုဆိုကြ၏။-
ထိုသို့မဟုတ်ပါမူအဘယ်ကြောင့်နည်း။ ဝတ် ကောင်းစားလှဝတ်ဆင်ထားသူကိုကြည့်ရှုကြ ရန်လော။ ဝတ်ကောင်းစားလှဝတ်ဆင်ထားသူများ ကားမင်းအိမ်စိုးအိမ်များတွင်နေထိုင်ကြ၏။-
ယောဟန်သည်ကုလားအုပ်မွေးအဝတ်ကြမ်းကို ဝတ်ထား၏။ သားရေခါးပန်းကိုစည်းထား၏။ ကျိုင်းကောင်နှင့်ပျားရည်ကိုမှီဝဲ၏။-
ကိုယ်တော်၏ရှေ့တော်ပြေးဖြစ်၍ဧလိယကဲ့ သို့ခွန်အားတန်ခိုးကြီးလိမ့်မည်။ သူသည်အဖ တို့ကိုသားတို့နှင့်ပြန်လည်သင့်မြတ်စေလိမ့် မည်။ မနာခံသောသူတို့အားသူတော်ကောင်း တို့၏အသိပညာကိုပြန်လည်ရရှိစေလိမ့် မည်။ ထာဝရဘုရားအတွက်အဆင်သင့် ဖြစ်စေရန် ကိုယ်တော်၏လူစုတော်ကိုပြင် ဆင်ပေးလိမ့်မည်'' ဟုဇာခရိအားပြော၏။
``ကိုယ်တော်သည်မိမိ၏လူမျိုးတော်အား တောင်ကုန်းဒေသများကိုအုပ်စိုးစေ၍ လယ်မှထွက်သောအသီးအနှံများကို စားသုံးစေတော်မူ၏။ သူတို့သည်ကျောက်ကြားမှပျားရည်ကို လည်းကောင်း၊ ကျောက်ပေါများသောမြေတွင်ပေါက်သော သံလွင်ပင်များမှဆီကိုလည်းကောင်းရရှိ ကြ၏။
ငါ၏သက်သေခံနှစ်ပါးအားငါစေလွှတ် မည်။ သူတို့သည်လျှော်တေအဝတ်ကိုဝတ်၍ ရက်ပေါင်းတစ်ထောင်နှစ်ရာခြောက်ဆယ်တိုင် တိုင် ဗျာဒိတ်တော်ကိုဟောကြားကြလိမ့် မည်'' ဟုဆို၏။