ထာဝရဘုရားက ``ငါသည်တရားမျှတမှုကိုနှစ်သက်မြတ်နိုး၍ လုယက်မှုနှင့်နှိပ်စက်ညှဉ်းဆဲမှုကိုမုန်း၏။ ငါ၏လူမျိုးတော်အားသစ္စာရှိစွာ ဆုလာဘ်များကိုပေးအပ်မည်။ သူတို့နှင့်လည်းထာဝရပဋိညာဉ်ကိုငါပြုမည်။
မဿဲ 27:6 - Common Language Bible ယဇ်ပုရောဟိတ်ကြီးများသည်ထိုငွေကိုကောက်ယူ ၍ ``ဤငွေကားသွေးဖိုးငွေဖြစ်၏။ သို့ဖြစ်၍ဤငွေ ကိုဘဏ္ဍာတော်တိုက်ထဲသို့မသွင်းအပ်'' ဟုဆိုကြ၏။- Garrad Bible ပ ရော ဟိတ် ကြီး တို့ သည် ထို ငွေ ကို ယူ၍ သွေး ဖိုး ငွေ ဖြစ် သော ကြောင့် အ လှူ တိုက် တွင် မ သွင်း အပ် ဟု ဆို လျက် တိုင် ပင် ပြီး လျှင် Judson Bible ယဇ်ပုရောဟိတ်အကြီးတို့သည် ထိုငွေကိုယူ၍ အသွေး၏အဖိုးဖြစ်၏။ ဘဏ္ဍာတော်၌ မသွင်းအပ်ဟု ပြောဆို၊- မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်အကြီးအကဲတို့သည် ထိုငွေများကိုယူ၍ “သွေးဖိုးငွေဖြစ်သောကြောင့် ဘဏ္ဍာတိုက်ထဲသို့မသွင်းအပ်”ဟု ဆိုလျက် ခေတ်သစ်မြန်မာ သမ္မာကျမ်း ယဇ်ပုရောဟိတ်ခေါင်းဆောင်များကလည်း ထိုငွေများကို ယူ၍ “ဤငွေသည် လူသတ်ရန် ပေးထားသော ငွေဖြစ်သောကြောင့် ဗိမာန်တော် အလှူသေတ္တာထဲသို့ မသွင်းသင့်” ဟု ဆိုကြ၏။ မြန်မာ ယဇ်ပုရောဟိတ်အကြီးတို့သည် ထိုငွေကိုယူ၍ အသွေး၏အဖိုးဖြစ်၏။ ဘဏ္ဍာတော်၌ မသွင်းအပ်ဟု ပြောဆို၊- |
ထာဝရဘုရားက ``ငါသည်တရားမျှတမှုကိုနှစ်သက်မြတ်နိုး၍ လုယက်မှုနှင့်နှိပ်စက်ညှဉ်းဆဲမှုကိုမုန်း၏။ ငါ၏လူမျိုးတော်အားသစ္စာရှိစွာ ဆုလာဘ်များကိုပေးအပ်မည်။ သူတို့နှင့်လည်းထာဝရပဋိညာဉ်ကိုငါပြုမည်။
လမ်းပြသည့်မျက်မမြင်တို့၊ သင်တို့သည်ခြင် ကောင်မမျိုမိစေရန်သောက်ရေကိုစစ်၍သောက် ကြ၏။ သို့ရာတွင်ကုလားအုတ်ကိုကားမျိုချ ကြပါသည်တကား။''
ထိုအခါယုဒသည်ငွေဒင်္ဂါးသုံးဆယ်ကိုဗိမာန် တော်တွင်ပစ်ချကာထွက်သွား၏။ ထိုနောက်အခြား သို့သွားပြီးလျှင်ကြိုးဆွဲချ၍သေလေ၏။
သူတို့သည်ဆွေးနွေးတိုင်ပင်ကြပြီးလျှင်ထိုငွေ ဖြင့် အိုးထိန်းသည်၏လယ်မြေကိုလူမျိုးခြားသား သင်္ချိုင်းအဖြစ်အသုံးပြုရန်ဝယ်ယူကြ၏။-
သို့သော်သင်တို့က `လူတစ်ဦးတစ်ယောက်သည် အဖသို့မဟုတ်အမိအားအကျိုးပြုစေမည့် ပစ္စည်းတစ်စုံတစ်ရာရှိသော်လည်း ယင်းပစ္စည်းကို `ကော်ဘန်' (ဘုရားသခင်အဖို့လှူပြီးပစ္စည်း ဖြစ်သည်) ဟုဆိုလျှင်၊-
လူတို့သည်သခင်ယေရှုအားကယာဖထံမှ ဘုရင်ခံမင်း၏အိမ်တော်သို့ခေါ်ဆောင်သွားကြ ၏။ အချိန်ကားနံနက်စောစောဖြစ်၏။ ယုဒ အမျိုးသားတို့သည်ပသခါညစာစားနိုင်ရန် မိမိတို့ကိုယ်ကိုဘာသာရေးကျင့်ထုံးအရ သန့်စင်စေလိုသဖြင့်အိမ်တော်ထဲသို့မဝင် ကြ။-
ပြည့်တန်ဆာအလုပ်ဖြင့်ရသောငွေကို ကတိ သစ္စာပြုချက်အရ သင်၏ဘုရားသခင်ထာဝရ ဘုရား၏သန့်ရှင်းရာဌာနတော်သို့မလှူဒါန်း ရ။ ထာဝရဘုရားသည်ထိုအလုပ်ကိုစက် ဆုပ်ရွံရှာတော်မူ၏။