ယောသပ်၏အစ်ကိုတို့ကသူ့အားမုန်းတီး ကြ၏။ သူ၏ဖခင်ကမူထိုအကြောင်းကို မှတ်ကျုံးထားလေ၏။
မဿဲ 27:18 - Common Language Bible ထိုသူတို့မနာလို၍ယေရှုအားမိမိလက်သို့ အပ်နှံကြကြောင်းကိုပိလတ်မင်းသိသတည်း။ Garrad Bible ပိ လတ် မင်း သည် ငြူ စူ၍ ပို့ အပ် သည် ကို သိ သည့် ပြင် Judson Bible အဘယ်ကြောင့် ဤသို့ မေးသနည်းဟူမူကား၊ ထိုသူတို့သည် မနာလိုသောစိတ်နှင့် ယေရှုကိုအပ်နှံကြောင်းကို ပိလတ်မင်းသိ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုသို့မေးခြင်းမှာ သူတို့သည် မလိုမုန်းထားစိတ်ဖြင့် ယေရှုကိုအပ်နှံကြကြောင်း ပိလတ်မင်းသိသောကြောင့်ဖြစ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့မေးရခြင်းမှာ ဂျူးဘာသာရေးခေါင်းဆောင်များက ယေရှုကို မနာလို၍ ဖမ်းဆီးကြောင်း ပိလတ်မင်း သိသောကြောင့် ဖြစ်၏။ မြန်မာ အဘယ်ကြောင့် ဤသို့ မေးသနည်းဟူမူကား၊ ထိုသူတို့သည် မနာလိုသောစိတ်နှင့် ယေရှုကိုအပ်နှံကြောင်းကို ပိလတ်မင်းသိ၏။- |
ယောသပ်၏အစ်ကိုတို့ကသူ့အားမုန်းတီး ကြ၏။ သူ၏ဖခင်ကမူထိုအကြောင်းကို မှတ်ကျုံးထားလေ၏။
သဲကန္တာရတွင်သူတို့သည်မောရှေအားလည်းကောင်း၊ ဘုရားသခင်၏သန့်ရှင်းမြင့်မြတ်သည့်အစေခံ အာရုန်အားလည်းကောင်းငြူစူကြ၏။
မာနသည်ကြမ်းကြုတ်သော သဘောရှိ၏။ ဒေါသသည် ပြင်းထန်တတ်၏။ ငြူစူသောစိတ်ကိုကား၊ အဘယ်သူဆီး၍ ခံနိုင်သနည်း။
တဖန် ကြိုးစားအားထုတ်ခြင်းအမှုနှင့်၊ ကောင်း မွန်စွာ ပြီးစီးသောအမှု အလုံးစုံတို့ကို၎င်း၊ ထိုသို့သော အမှုတို့ကြောင့် သူတပါး ငြူစူကြောင်းကို၎င်း ငါဆင်ခြင် ၏။ ထိုအမှုအရာသည် အနတ္တအမှု၊ လေကို ကျက်စား သောအမှုဖြစ်၏။
ရန်သူများသည်မိမိတို့အား၊ ကိုယ်တော်ရှင်အပြစ်ဒဏ်ခတ်တော်မူမည် ကိုမသိကြပါ။ အို ထာဝရဘုရားသူတို့အားအရှက်ကွဲ စေတော်မူပါ။ ဒုက္ခရောက်စေတော်မူပါ။ ကိုယ်တော်ရှင်ပြင်ဆင်ထား တော်မူသည့်အပြစ်ဒဏ်ကိုခံစေတော်မူပါ။ ကိုယ်တော်ရှင်သည်မိမိ၏လူမျိုးတော်အား အဘယ်မျှချစ်တော်မူကြောင်း သူတို့အားပြတော်မူပါ၏။
သို့ဖြစ်၍လူတို့စုရုံးလာကြသောအခါပိလတ်မင်း က ``သင်တို့အတွက်မည်သူ့အားလွတ်ငြိမ်းချမ်းသာ ခွင့်ပေးစေလိုသနည်း။ ယေရှုဗာရဗ္ဗလော။ ခရစ်တော် ဆိုသူယေရှုလော'' ဟုမေး၏။-
ပိလတ်မင်းသည်တရားခွင်တွင်ထိုင်လျက်နေစဉ် သူ၏ဇနီးသည်လူတစ်ယောက်ကိုစေလွှတ်၍ ``ထို အပြစ်ကင်းသူနှင့်ပတ်သက်၍မည်သည့်အရာ ကိုမျှမပြုပါနှင့်။ အကျွန်ုပ်သည်ယမန်ညက အိပ်မက်တွင်သူ၏အတွက်စိတ်ဒုက္ခများစွာ ရောက်ရပါ၏'' ဟုပြောစေ၏။
ထိုသို့မေးသည့်အကြောင်းမှာယဇ်ပုရောဟိတ် ကြီးတို့သည် သခင်ယေရှုအားမနာလိုသဖြင့် မိမိထံသို့ပို့အပ်ကြကြောင်းကိုသိသော ကြောင့်ဖြစ်၏။
သို့သော်ယုဒအမျိုးသားတို့သည်လူပရိသတ် ကိုမြင်သောအခါ မနာလိုစိတ်ရှိသဖြင့် ပေါလု ဟောပြောသောစကားများကိုငြင်းခုံကာပုတ် ခတ်ပြောဆိုကြ၏။-
ထိုအခါယဇ်ပုရောဟိတ်မင်းနှင့်သူ၏နောက် လိုက်များဖြစ်သော ဒေသဆိုင်ရာဇဒ္ဒုကဲဂိုဏ်း ဝင်များသည် တမန်တော်တို့ကိုလွန်စွာမနာ လိုဝန်တိုစိတ်ရှိလာကြသဖြင့် သူတို့ကို အရေးယူရန်ဆုံးဖြတ်ကြ၏။-
``လူမျိုး၏အဖတို့သည်မိမိတို့ညီယောသပ် အားမနာလိုသဖြင့် အီဂျစ်ပြည်တွင်ကျွန်ခံ စေရန်ရောင်းလိုက်ကြ၏။ သို့ရာတွင်ဘုရား သခင်သည်သူနှင့်အတူရှိတော်မူသည် ဖြစ်၍၊-
ကျမ်းစာတော်က``ငါတို့အထဲသို့ဘုရားသခင် ပေးသွင်းတော်မူသောဝိညာဉ်သည်ကြောက်မက် ဖွယ်ကောင်းသည့်အလိုဆန္ဒများနှင့်ပြည့်ဝ၏'' ဟုအကြောင်းမဲ့ဖော်ပြသည်ဟုမထင်ကြနှင့်။-