ထိုနောက်သူတို့သည်ကိုယ်တော်၏မျက်နှာတော်ကို တံတွေးနှင့်ထွေးကြ၏။ ကိုယ်တော်ကိုလက်သီးနှင့် ထိုးကြ၏။ အချို့သောသူတို့သည်ပါးတော်ကို လက်ဝါးဖြင့်ရိုက်ပြီးလျှင်၊-
မဿဲ 26:68 - Common Language Bible ``အရှင်မေရှိယ၊ အရှင့်အားမည်သူရိုက်သည်ကို ဟောတော်မူပါ'' ဟုဆိုကြ၏။ Garrad Bible မည် သူ ရိုက် သည် ကို ဟော လော့ ဟု ဆို ကြ၏။ Judson Bible အချို့တို့သည်လည်း ပါးတော်ကို လက်နှင့်ပုတ်၍၊ အချင်းခရစ်တော်၊ ကိုယ်တော်ကို အဘယ်သူပုတ်သည်ကို ပရောဖက်ပြု၍ ဟောတော်မူပါဟု ဆိုကြ၏။ မြန်မာ့စံမီသမ္မာကျမ်း “အချင်းခရစ်တော်၊ သင့်ကိုရိုက်သောသူသည် မည်သူဖြစ်သည်ကို ဟောကြည့်ပါ”ဟု ဆိုကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း “အို ခရစ်တော်… သင့်ကို ရိုက်သောသူသည် မည်သူဖြစ်သည်ကို ဟောတော်မူပါ” ဟု လှောင်ပြောင်ကဲ့ရဲ့ကြ၏။ မြန်မာ အချို့တို့သည်လည်း ပါးတော်ကို လက်နှင့်ပုတ်၍၊ အချင်းခရစ်တော်၊ ကိုယ်တော်ကို အဘယ်သူပုတ်သည်ကို ပရောဖက်ပြု၍ ဟောတော်မူပါဟု ဆိုကြ၏။ |
ထိုနောက်သူတို့သည်ကိုယ်တော်၏မျက်နှာတော်ကို တံတွေးနှင့်ထွေးကြ၏။ ကိုယ်တော်ကိုလက်သီးနှင့် ထိုးကြ၏။ အချို့သောသူတို့သည်ပါးတော်ကို လက်ဝါးဖြင့်ရိုက်ပြီးလျှင်၊-
အချို့သောသူတို့သည်ကိုယ်တော်ကိုတံတွေး နှင့်ထွေးကြ၏။ မျက်နှာတော်ကိုဖုံးပြီးလျှင် ရိုက်ပုတ်ကြ၏။ ``အရှင်အားမည်သူရိုက်ပုတ် သည်ကိုဟောတော်မူပါ'' ဟုဆိုကြ၏။ ယဇ် ပုရောဟိတ်မင်း၏ကိုယ်ရံတော်တပ်သားတို့ သည်ပါးတော်ကိုလက်ဖြင့်ရိုက်ကြ၏။