သူတို့သည်ပုန်းကွယ်ရာအရပ်များတွင် စုရုံးကာ ငါ့ကိုသတ်ဖြတ်နိုင်ရန်ငါပြုသမျှသော အမှုတို့ကိုချောင်းမြောင်း၍ကြည့်ကြ၏။
မဿဲ 26:3 - Common Language Bible ထိုအချိန်၌ပင်ယဇ်ပုရောဟိတ်ကြီးများနှင့် ဘာသာရေးခေါင်းဆောင်များသည်ကယာဖ နာမည်ရှိသောယဇ်ပုရောဟိတ်မင်း၏ကျောင်း တော်ဝင်းအတွင်းတွင်စုရုံးလျက်နေကြ၏။- Garrad Bible ထို အ ခါ ပ ရော ဟိတ် ကြီး တို့ နှင့် လူ မျိုး တော် တွင် လူ ကြီး တို့ သည် ကာ ယ ဖ ဘွဲ့ ခံ ပ ရော ဟိတ် မင်း ၏ ကျောင်း တော် တံ တိုင်း အ တွင်း စု ဝေး ရာ၊ Judson Bible ထိုအခါ ယဇ်ပုရောဟိတ်အကြီး ကျမ်းပြုဆရာတို့နှင့် လူတို့တွင် အကြီးအကဲဖြစ်သောသူတို့သည်၊ ကယာဖအမည်ရှိသော ယဇ်ပုရောဟိတ်မင်း၏ အိမ်ဦး၌ စည်းဝေးကြပြီးလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ထိုအချိန်တွင် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် လူထုထဲမှသက်ကြီးဝါကြီးများသည် ကယာဖဟုခေါ်သော ယဇ်ပုရောဟိတ်မင်း၏ခြံဝင်းထဲ၌ စုဝေးလျက် ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအချိန်၌ပင် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် အကြီးအကဲများသည် ကယာဖဟု အမည်ရှိသော ယဇ်ပရောဟိတ်မင်း၏ အိမ်၌ စုဝေးလျက် မြန်မာ ထိုအခါ ယဇ်ပုရောဟိတ်အကြီး ကျမ်းပြုဆရာတို့နှင့် လူတို့တွင် အကြီးအကဲဖြစ်သောသူတို့သည်၊ ကယာဖအမည်ရှိသော ယဇ်ပုရောဟိတ်မင်း၏ အိမ်ဦး၌ စည်းဝေးကြပြီးလျှင်၊- |
သူတို့သည်ပုန်းကွယ်ရာအရပ်များတွင် စုရုံးကာ ငါ့ကိုသတ်ဖြတ်နိုင်ရန်ငါပြုသမျှသော အမှုတို့ကိုချောင်းမြောင်း၍ကြည့်ကြ၏။
ငါသည်သတ်ရန်ထုတ်ဆောင်သွားသည့် သိုး ငယ်ကဲ့သို့ယုံကြည်စိတ်ချတတ်သူဖြစ်ပေ သည်။ ငါ့ကိုသူတို့မကောင်းကြံလျက်နေ ကြကြောင်းကိုငါမသိ။ သူတို့က``စိမ်းလန်း စိုပြေလျက်နေချိန်၌ သစ်ပင်ကိုခုတ်လှဲ ကြကုန်အံ့။ သူ့အားနောင်အခါအဘယ်သူ မျှသတိမရကြစေရန် သူ့ကိုငါတို့သတ် ဖြတ်ကြကုန်အံ့'' ဟုဆိုကြ၏။
သို့ရာတွင်သူတို့သည်ငါ၏စကားကိုနား မထောင်၊ ဥပုသ်နေ့ကိုနေ့ထူးနေ့မြတ်အ ဖြစ်မစောင့်ထိန်းဘဲထိုနေ့၌ယေရုရှလင် မြို့တံခါးများကိုဖြတ်၍အဘယ်ဝန်ထုပ် ဝန်ပိုးကိုမျှမသယ်ဆောင်ရ။ အကယ်၍ သယ်ဆောင်ကြပါမူ ငါသည်ယေရုရှလင် မြို့တံခါးများကိုမီးရှို့တော်မူမည်။ ထို မီးသည်ယေရုရှလင်မြို့ရှိဘုံဗိမာန်များ ကိုကျွမ်းလောင်သွားစေလိမ့်မည်။ ယင်းကို အဘယ်သူမျှငြိမ်းသတ်နိုင်ကြလိမ့်မည် မဟုတ်'' ဟုမိန့်တော်မူ၏။
ပေတရုသည်အပြင်ဖက်ကျောင်းတော်ဝင်းအတွင်း ၌ထိုင်လျက်နေစဉ်အစေခံမကလေးတစ်ယောက် သည်ရောက်လာ၍ `သင်သည်လည်းဂါလိလဲပြည်သား ယေရှုနှင့်ပေါင်းဖော်သူဖြစ်သည်'' ဟုဆို၏။
ပိလတ်မင်း၏စစ်သားများသည်သခင်ယေရှုကို ဘုရင်ခံမင်းအိမ်တော်သို့ခေါ်ဆောင်သွားကြ၏။ ထိုနောက်ခြေလျင်တပ်ခွဲတစ်တပ်လုံးသည်ကိုယ် တော်ပတ်လည်စုရုံးလာကြ၏။-
ပေတရုသည်ခပ်လှမ်းလှမ်းကနေ၍ ယဇ်ပုရော ဟိတ်မင်း၏ကျောင်းတော်ဝင်းအတွင်းသို့တိုင် အောင် ကိုယ်တော်၏နောက်တော်ကလိုက်လာခဲ့၏။ သူသည်ယဇ်ပုရောဟိတ်မင်း၏ကိုယ်ရံတော် တပ်သားများနှင့်အတူ မီးလှုံလျက်နေ၏။-
ပေတရုသည်ကျောင်းတော်ဝင်းအတွင်း၌ရှိနေ စဉ် ယဇ်ပုရောဟိတ်မင်း၏အစေခံမကလေး တစ်ယောက်သည်ရောက်ရှိလာ၏။-
စစ်သားများသည်ကိုယ်တော်ကိုဘုရင်ခံမင်း ၏အိမ်တော်ဝင်းသို့ခေါ်ဆောင်သွားပြီးလျှင် တပ်ခွဲတစ်ခုလုံးကိုစုရုံးစေ၏။-
လူအချို့တို့သည်အိမ်တော်ဝင်းအလယ်တွင် မီးဖို၍ထိုင်နေကြ၏။ ပေတရုသည် သူတို့ ၏ကြားတွင်ဝင်၍ထိုင်၏။-
အန္နနှင့်ကယာဖတို့သည်ကားယဇ်ပုရောဟိတ် မင်းများဖြစ်ကြ၏။ ထိုအခါတောကန္တာရ၌ရှိ သောဇာခရိ၏သားယောဟန်သည် ဘုရားသခင် ၏ဗျာဒိတ်တော်ကိုခံရ၏။-
ယဇ်ပုရောဟိတ်ကြီးများနှင့်ဖာရိရှဲများ ကမည်သူမဆိုသခင်ယေရှုရှိရာအရပ် ကိုသိလျှင် သူ့ကိုဖမ်းဆီးနိုင်ရန်အကြောင်း ကြားရမည်ဟုအမိန့်ထုတ်ပြန်ထားပြီး ဖြစ်သတည်း။
ထို့နောက်အန္နတ်မင်းသည်ကိုယ်တော်ကိုချည်နှောင် လျက်ယဇ်ပုရောဟိတ်မင်းကယာဖ၏ထံသို့ ပို့စေ၏။
လူတို့သည်သခင်ယေရှုအားကယာဖထံမှ ဘုရင်ခံမင်း၏အိမ်တော်သို့ခေါ်ဆောင်သွားကြ ၏။ အချိန်ကားနံနက်စောစောဖြစ်၏။ ယုဒ အမျိုးသားတို့သည်ပသခါညစာစားနိုင်ရန် မိမိတို့ကိုယ်ကိုဘာသာရေးကျင့်ထုံးအရ သန့်စင်စေလိုသဖြင့်အိမ်တော်ထဲသို့မဝင် ကြ။-