မဿဲ 26:12 - Common Language Bible ဤအမျိုးသမီးသည်ငါ့အပေါ်သို့ဆီမွှေး သွန်းလောင်းသည်မှာငါ၏ရုပ်အလောင်းကို သင်္ဂြိုဟ်ရန်ပြင်ဆင်ခြင်းပင်ဖြစ်၏။- Garrad Bible ထို မိန်း မ သည် ငါ့ အ ပေါ် သို့ နံ့ သာ ဆီ လောင်း သည် မှာ သေ ခမ်း သေ နား ပြင် ဆင် လေ သ တည်း။ Judson Bible ဤဆီမွှေးကို ငါ့ကိုယ်အပေါ်၌ သွန်းလောင်းသည်မှာ ငါ့အလောင်းကို သင်္ဂြိုဟ်မည်ဟု ပြင်ဆင်ခြင်းငှာ ပြုသတည်း။- မြန်မာ့စံမီသမ္မာကျမ်း ဤအမျိုးသမီးသည် ဆီမွှေးကို ငါ့ကိုယ်ပေါ်၌ သွန်းလောင်းခဲ့ခြင်းမှာ ငါ့ကိုသင်္ဂြိုဟ်ရန် ပြင်ဆင်ခြင်းဖြစ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤအမျိုးသမီးသည် ငါ့ကိုယ်ခန္ဓာပေါ်၌ ဆီမွှေးသွန်းလောင်းသည်မှာ ငါ့ကို သင်္ဂြိုဟ်ရန် ပြင်ဆင်ခြင်းဖြစ်၏။ မြန်မာ ဤဆီမွှေးကို ငါ့ကိုယ်အပေါ်၌ သွန်းလောင်းသည်မှာ ငါ့အလောင်းကို သင်္ဂြိုဟ်မည်ဟု ပြင်ဆင်ခြင်းငှာ ပြုသတည်း။- |
ဒါဝိဒ်မြို့တွင်သူ၏အတွက်ပြုလုပ်ထား သည့်ကျောက်ဂူတွင်သင်္ဂြိုဟ်ကြ၏။ ပြည်သူတို့ သည်သင်္ဂြိုဟ်ရန်အတွက်မင်းကြီး၏အလောင်း ကို နံ့သာမျိုးများ၊ ဆီမွှေးများနှင့်မွမ်းမံ ပြင်ဆင်ကြပြီလျှင်ဝမ်းနည်းကြေကွဲသည့် အထိမ်းအမှတ်ဖြင့်မီးပုံပွဲကြီးကို ကျင်းပကြလေသည်။
ဤအမျိုးသမီးသည်သူတတ်နိုင်သမျှငါ့ အားပြုစုလေပြီ။ ငါ၏ရုပ်အလောင်းကိုသင်္ဂြိုဟ် ရန် ကြိုတင်၍ဆီမွှေးနှင့်လိမ်းကျံလေပြီ။-
ဥပုသ်နေ့ကုန်လွန်သွားသောအခါ မာဂဒလ ရွာသူမာရိ၊ ယာကုပ်၏အမိမာရိနှင့်ရှာလုံတို့ သည် သခင်ယေရှု၏အလောင်းတော်ကိုသုတ်လိမ်း ရန်ဆီမွှေးများကိုဝယ်ယူကြ၏။-
ထိုနောက်သူတို့သည်အိမ်သို့ပြန်၍ဆီမွှေး နှင့်နံ့သာပေါင်းကိုအသင့်ပြင်ဆင်ကြ၏။ သူတို့သည်ပညတ်တော်ရှိသည်အတိုင်း ဥပုသ်နေ့၌အနားယူကြ၏။
သခင်ယေရှုက ``ထိုအမျိုးသမီးကို မနှောင့်ယှက်နှင့်။ သူသည်ငါ့အလောင်းကို သင်္ဂြိုဟ်မည့်အချိန်အတွက်ဤဆီမွှေးကို သိမ်းထားပါလေစေ။-