မဿဲ 25:3 - Common Language Bible ပညာသတိမရှိသူတို့သည်မိမိတို့၏ မီးခွက်များကိုယူခဲ့သော်လည်းဆီပိုကို မူမယူခဲ့ကြ။- Garrad Bible မိုက် သူ တို့ သည် မီး ခွက် ယူ သည့် အ ခါ တွင် ဆီ မ ယူ ခဲ့ ကြ။ Judson Bible မိုက်သောသူတို့သည် မီးခွက်တို့ကိုသာယူ၍ ဆီကို မယူကြ။- မြန်မာ့စံမီသမ္မာကျမ်း မိုက်မဲသောသူတို့သည် မိမိတို့၏မီးခွက်ကို ယူသွားကြသော်လည်း မိမိတို့နှင့်အတူ ဆီကိုမယူသွားကြ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ပညာသတိမဲ့သောအပျိုရံတို့သည် မိမိတို့၏ ဆီမီးခွက်များကို ယူဆောင်ခဲ့သော်လည်း ဆီအပိုကိုမူ မယူခဲ့ကြ။ မြန်မာ မိုက်သောသူတို့သည် မီးခွက်တို့ကိုသာယူ၍ ဆီကို မယူကြ။- |
သူတို့သည်ငါ၏တရားတော်ကိုလိုက်လျှောက် ကျင့်သုံးပါသည်ဟူ၍လည်ကောင်း၊ မှန်ကန်ရာ ကိုပြုကျင့်ပါသည်ဟူ၍လည်းကောင်းပြော ဆိုကာ ငါ့အားနေ့စဉ်ဝတ်ပြုကိုးကွယ်ကြ၏။ ငါ၏သွန်သင်ချက်များကိုသိရှိလိုကြ၏။ သူတို့သည်ငါ့ကိုကိုးကွယ်ဝတ်ပြုလိုကြ လျက် ငါ၏ထံတွင်တရားမျှတသည့်စည်း မျဉ်းဥပဒေသများကိုတောင်းခံကြ၏။
သူသည်ရန်သူချဉ်းကပ်လာသည်ကိုမြင် လျှင် လူအပေါင်းတို့အားတံပိုးခရာမှုတ် ၍အချက်ပေးရ၏။-
``ထိုကာလ၌ကောင်းကင်နိုင်ငံတော်သည်မီးခွက် များကိုယူ၍ မင်္ဂလာဆောင်သတို့သားကိုကြိုဆို ရန်ထွက်သွားသည့်အပျိုရံဆယ်ယောက်တို့တွေ့ ကြုံရသည့်အဖြစ်အပျက်နှင့်တူလိမ့်မည်။-
ပညာသတိရှိသူများမူကားမိမိတို့၏ မီးခွက်များသာမကဆီပိုကိုလည်းဘူး တွင်ထည့်၍ယူခဲ့ကြ၏။-
ဘာသာတရားဆိုင်ရာဋ္ဌလေ့ထုံးစံများကို လိုက်နာကြသော်လည်း ဘာသာတရား၏ပြု ပြင်သောတန်ခိုးကိုမူကားငြင်းပယ်သောသူ များဖြစ်ကြလိမ့်မည်။ သင်သည်ထိုသူတို့ကို ရှောင်ရှားလော့။-
ဘုရားသခင်၏ကျေးဇူးတော်ကိုအဘယ် သူမျှမငြင်းမပယ်စေနှင့်။ မြစ်ခါးပင်သည် မိမိ၏အဆိပ်ဖြင့်လူအများအားဒုက္ခ ပေးတတ်၏။ အဘယ်သူမျှထိုအပင်ကဲ့ သို့မဖြစ်စေနှင့်။-
``သာဒိမြို့အသင်းတော်၏ကောင်းကင်တမန် ထံသို့ဤသို့စာရေး၍သြဝါဒပေးလော့။ ဤသြဝါဒသည်ဘုရားသခင်၏ဝိညာဉ် ခုနစ်ပါးနှင့်ကြယ်ခုနစ်လုံးရှိသောသူထံ မှဖြစ်၏။ သင်ပြုသောအမှုကိုငါသိ၏။ သင်သည်သက်ရှင်လှုပ်ရှားလျက်နေသည် ဟုကျော်ကြားသော်လည်းသေလျက်နေ၏။-