ထိုသို့ ဆင်းရဲသားတို့သည် မြော်လင့်ရာအခွင့် ရှိကြ၏။ အဓမ္မသည်လည်း မိမိနှုတ်ကို ပိတ်ထားရ၏။
မဿဲ 22:12 - Common Language Bible သို့ရာတွင်ထိုသူသည်မဖြေနိုင်ဘဲရှိနေ၏။- Garrad Bible အ ဆွေ မင်္ဂ လာ ဆောင် အ ဝတ် မ ဆင် ဘဲ မည် သို့ ဝင် ဝံ့ သ နည်း ဟု မေး သော် မ ဖြေ နိုင် ဘဲ ရှိ နေ၏။ Judson Bible အဆွေ၊ မင်္ဂလာဆောင်ပွဲ၏ အဝတ်မရှိဘဲ အဘယ်ကြောင့် ဝင်သနည်းဟု မေးတော်မူသည်ကို ထိုသူသည် မပြောနိုင်ဘဲနေ၏။- မြန်မာ့စံမီသမ္မာကျမ်း ‘အဆွေ၊ သင်သည် မင်္ဂလာဆောင်ပွဲထိုင်ဝတ်စုံကိုမဝတ်ဘဲ မည်ကဲ့သို့ ဤနေရာသို့ဝင်လာသနည်း’ဟု ထိုသူအား မေးတော်မူ၏။ သို့သော် သူသည် နှုတ်ဆိတ်လျက်နေလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ဘုရင်က ‘မိတ်ဆွေ… မင်္ဂလာပွဲဝတ်စုံကို မဝတ်ဘဲ မည်သို့ရောက်လာသနည်း’ ဟု မေးတော်မူ၏။ သို့သော် ထိုသူသည် မဖြေနိုင်ဘဲရှိ၏။ မြန်မာ အဆွေ၊ မင်္ဂလာဆောင်ပွဲ၏ အဝတ်မရှိဘဲ အဘယ်ကြောင့် ဝင်သနည်းဟု မေးတော်မူသည်ကို ထိုသူသည် မပြောနိုင်ဘဲနေ၏။- |
ထိုသို့ ဆင်းရဲသားတို့သည် မြော်လင့်ရာအခွင့် ရှိကြ၏။ အဓမ္မသည်လည်း မိမိနှုတ်ကို ပိတ်ထားရ၏။
သူတော်ကောင်းတို့သည်ဤအခြင်းအရာကို မြင်၍ဝမ်းမြောက်ကုန်၏။ သူယုတ်မာအပေါင်းတို့သည်ကားနှုတ်ပိတ်၍ နေရကြ၏။
သင်တို့သည်ဗာလဘုရားကိုအဘယ်အခါကမျှ ဝတ်မပြုရှိမခိုးခဲ့ပါ၊ မိမိတို့ကိုယ်ကိုမညစ်ညမ်းစေခဲ့ပါဟူ၍ အဘယ်သို့လျှင်ဆိုနိုင်မည်နည်း။ ချိုင့်ဝှမ်းထဲတွင်သင်တို့အဘယ်သို့ အပြစ် ကူးလွန်ခဲ့သည်ကိုကြည့်လော့။ သင်ပြုခဲ့သည့်အမှုကိုသိမှတ်လော့။ သင်သည်မုန်ယိုလျက်နေသည့်ကုလားအုတ် ပျိုကဲ့သို့၊ အချုပ်အချယ်မရှိဟိုမှသည်သို့ပြေး လျက်နေ၏။
အဖမ်းခံရချိန်၌ သူခိုးသည်အရှက်ကွဲရ သကဲ့သို့ သင်၏ဘုရင်များ၊ မင်းညီမင်းသား များ၊ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များ၊ သင် တို့ဣသရေလပြည်သားအပေါင်းတို့သည် အရှက်ကွဲရကြလိမ့်မည်။-
ဥယျာဉ်ရှင်ကမိမိပထမဆုံးငှားရမ်းသည့်အလုပ် သမားများအနက်တစ်ယောက်အား `အဆွေ၊ ငါ သည်သင့်ကိုမတရားပြုသည်မဟုတ်။ သင်သည် တစ်နေ့လျှင်ဒေနာရိဒင်္ဂါးတစ်ပြားနှင့်အလုပ် လုပ်ရန်သဘောတူခဲ့သည်မဟုတ်ပါလော။-
သခင်ယေရှုက ``အဆွေ၊ သင်ဆောင်ရွက်ရန်လာ သည့်ကိစ္စကိုအမြန်ဆောင်ရွက်လော့'' ဟုမိန့်တော် မူ၏။ လူတို့သည်လာ၍ကိုယ်တော်ကိုဖမ်းဆီးချုပ်ကိုင် ထားကြ၏။-
ဘုရားသခင်၏အလိုတော်ကိုလိုက်လျှောက်ကျင့် သုံးရာတွင် သင်တို့သည်ဖာရိရှဲနှင့်ကျမ်းတတ် ဆရာတို့ထက်မသာလျှင် ကောင်းကင်နိုင်ငံတော် သို့ဝင်ရလိမ့်မည်မဟုတ်ဟုငါဆို၏။
ပညတ်တရားတွင်ပါရှိသည့်ပြဋ္ဌာန်းချက်မှန် သမျှသည် ပညတ်တရားစိုးမိုးမှုလက်အောက် တွင်ရှိနေသူများအတွက်ဖြစ်ကြောင်းယခု ငါတို့သိကြ၏။ ဤသို့ဖြစ်ရခြင်းအကြောင်း မှာလူတို့၏ဆင်ခြေဆင်လက်မှန်သမျှကို ရပ်စဲစေရန်နှင့် လူသားအပေါင်းတို့သည် ဘုရားသခင်၏တရားစီရင်တော်မူခြင်း ကိုခံစေရန်ဖြစ်ပေသည်။-
သို့ဖြစ်၍နောက်ဆုံးတရားစီရင်တော်မူရန် သခင်ဘုရားကြွလာတော်မူချိန်တိုင်အောင် မည်သူ့ကိုမျှစီရင်မှုမပြုနှင့်။ ကိုယ်တော်သည် လျှို့ဝှက်ချက်မှန်သမျှကိုလည်းကောင်း၊ လူတို့ ၏စိတ်နှလုံးတွင်ကွယ်ဝှက်နေသည့်အကြံအစည် များကိုလည်းကောင်းထုတ်ဖော်တော်မူလိမ့်မည်။ ထိုအခါလူတိုင်းပင်ဘုရားသခင်၏ထံခံ ထိုက်သည့်အချီးအမွမ်းကိုခံကြရလတ္တံ့။
ထိုသို့သောသူသည်ဖောက်ပြန်သောသူဖြစ် ကြောင်းသင်သိ၏။ ထိုသူ့အပြစ်သည်သူအပြစ် ရှိကြောင်းကိုသက်သေထူလျက်ရှိပေသည်။
``ကိုယ်တော်သည်မိမိအားသစ္စာရှိသူတို့ ၏အသက် စည်းစိမ်ကိုကွယ်ကာစောင့်ရှောက်တော်မူ၏။ သို့ရာတွင်သူယုတ်မာတို့မူကားမှောင်မိုက်တွင် ကွယ်ပျောက်ရကြလိမ့်မည်။ လူသည်မိမိကိုယ်ပိုင်စွမ်းရည်အားဖြင့်အောင်မြင် မှုကို မရနိုင်ရာ။